Home ထိပ်တန်းသတင်း ကရင်တက္ကသိုလ်‌ကျောင်းသူ‌ကျောင်း သားများကြိုဆို နှုတ်ဆက်ပွဲ လူထု ၁,၀၀ဝခန့် လာ‌ရောက်

ကရင်တက္ကသိုလ်‌ကျောင်းသူ‌ကျောင်း သားများကြိုဆို နှုတ်ဆက်ပွဲ လူထု ၁,၀၀ဝခန့် လာ‌ရောက်

2878
‌ဖေ‌ဖော်ဝါရီလ ၂၁ရက်။ နန်း‌ဖော့‌ဂေ (‌ကေအိုင်စီ)

ကရင်တက္ကသိုလ် ‌ကျောင်းသူ‌ကျောင်းသားများ ‌မောင်မယ်သစ်လွင် ကြိုဆိုပွဲနှင့် ဂုဏ်ပြုနှုတ်ဆက်ပွဲ အခမ်းအနားကို ရန်ကုန် တိုင်း၊ သာ‌ကေတမြို့နယ်ရှိ ပြည်‌ထောင်စု တိုင်းရင်းသား‌ကျေးရွာတွင် ယမန်‌နေ့က ပြုလုပ်ပြီးစီးခဲ့ရာ လူထုပရိဿတ်‌ပေါင်း ၁,၀၀ဝခန့် လာ‌ရောက်ခဲ့ကြသည်ဟု သိရသည်။

အဆိုပါ အခမ်းအနားကို တိုင်းရင်းသား‌ကျေးရွာရှိ ပြည်‌ထောင်စုခမ်းမတွင် ကရင်တိုင်းရင်းသား စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ (တက္ကသိုလ်များ/ရန်ကုန်)က အပိုင်းနှစ်ပိုင်းခွဲ၍ ဦးစီးကျင်းပခဲ့ခြင်းဖြစ်ပြီး ပထမပိုင်းတွင် ကရင်အမျိုးသားသီချင်းဖြင့် စတင် ဖွင့် လှစ်ကာ ‌ကော်မတီအဖွဲ့ဝင်များက “‌အောဟူ့‌အော‌ဟောင်”(စည်းလုံးညီညွှတ်စို့) သီချင်းဖြင့် ‌ဖျော်‌ဖြေတင်ဆက်ခြင်း၊ တက် ‌ရောက်လာသည့် ဆရာ၊ဆရာမများ၊ ‌မောင်မယ်သစ်လွင်များအား မိတ်ဆက်ခြင်းနှင့် တက်‌ရောက်လာသူ ဧည့်ပရိဿတ်များကို ‌ကျွေး‌မွေးဧည့်ခံခဲ့ကြသည်။

မွန်းလွဲပိုင်း ဒုတိယပိုင်း ‌ဖျော်‌ဖြေ‌ရေး အစီအစဉ်တွင် “နိုင်ငံသစ်ဆီ တို့လှမ်းချီ”(တိုင်းရင်းသားအက)၊ ပညာ‌ပေးပြဇာတ်တို တင် ဆက်ခြင်း၊ ကရင့်ရိုးရာ ပွဲတက်ဝတ်စုံများ ယှဉ်ပြိုင်ခြင်း၊ ပျားဖွတ်ပြိုင်ပွဲ၊ ‌အောပွဲနှင့် ကရင့်ရိုးရာ ဒုံးအက၊ လက်‌ဝှေ့ပြိုင်ပွဲများ တင်ဆက်ခြင်းများအပြင် အလှမယ်၊ အလှ‌မောင်(King, Queen) ‌ရွေးချယ်ခြင်း၊ ‌ခေတ်‌ပေါ်‌တေးဂီတ အစီအစဉ်၊ ဆု‌ပေးပွဲ၊ ဂိမ်း ကစားခြင်းနှင့် လက်‌ဆောင်ပစ္စည်းများ ဖလှယ်ခြင်းများကို ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

အခမ်းအနားသို့ တက္ကသိုလ်‌ကျောင်းများမှ ကရင်‌ကျောင်းဆရာ၊ ဆရာမများ၊ ကရင်အမျိုးသား နှစ်သစ်ကူးပွဲ‌တော် ကျင်းပ‌ရေး ဗဟို‌ကော်မတီဝင်အချို့နှင့် ကရင်ပြည်သူ့ပါတီမှ ‌ဒေါက်တာ‌စောစိုင်မွန်သာတို့ တက်‌ရောက်ခဲ့ကြ‌သော်လည်း ‌ရွေး‌ကောက်ပွဲအ ပြီး လွှတ်‌တော်အစည်းအ‌ဝေးနှင့် တိုက်ဆိုင်‌နေသဖြင့် စစ်အစိုးရအာဏာပိုင် တစ်ဦးတ‌ယောက်မျှ တက်‌ရောက်ခဲ့ခြင်း မရှိဟု သိ ရသည်။

အခမ်းအနား တက်‌ရောက်လာသည့် သူနာပြုတက္ကသိုလ်မှ ဆရာမကြီး ‌နော်ထီးလာက ‌နောက်ဆုံးနှစ် ဘွဲ့ယူ‌တော့မည့် ကရင် ‌ကျောင်းသူ‌ကျောင်းသားများ မိမိတို့သင်ယူ‌လေ့လာခဲ့သည့် ပညာရပ်ဖြင့် ‌ရောက်ရှိရာ‌ဒေသတွင် အသက်‌မွေးဝမ်း‌ကျောင်းပြုရင်း မိမိတို့၏ ရိုးရာအ‌မွေအနှစ်များကို ‌ဖော်ထုတ် ထိန်းသိမ်း မြှင့်တင်ရန်၊ တက္ကသိုလ်ပညာ တက်‌ရောက်သင်ကြားမည့် ကရင်တိုင်း ရင်းသား‌မောင်မယ်များအ‌နေဖြင့် စာရိတ္တ‌ကောင်းမွန်စွာနှင့် ပညာကို ဆုံးခန်းတိုင် တက်‌ရောက်သင်ယူသွားကြရန် လက်တွဲ ‌ဆောင်ရွက်သွားကြရမည်ဖြစ်‌ကြောင်း နှုတ်ခွန်းဆက်အမှာစကား ‌ပြောကြားသွားခဲ့သည်။

ကရင်အမျိုးသား နှစ်သစ်ကူးပွဲ‌တော် ကျင်းပ‌ရေးဗဟို‌ကော်မတီ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး ‌စောလှထွန်းက “အခုလို ကရင် ‌ကျောင်းသူ‌ကျောင်းသား‌တွေရဲ့ Fresher welcome နဲ့ Farewell ကို တိုင်းရင်းသား စာ‌ပေနဲ့ ယဉ်‌ကျေးမှု ‌ကော်မတီက နှစ်စဉ် နှစ်တိုင်း ကျင်းပနိုင်တာကို ဂုဏ်ယူဝမ်း‌မြောက်မိပါတယ်။ ဒါ‌ပေမဲ့ အရင်ကလို စု‌ပေါင်း‌လေ့လာ‌ရေးထွက်တာ၊ မဂ္ဂဇင်းထုတ်‌ဝေ တာ‌တွေ မပြုလုပ်နိုင်တာကို ‌တွေ့ရ‌တော့ အားနည်းချက်တခုလို့ မြင်မိတယ်။ တဖက်မှာ အား‌ကောင်းတာက အခုလို ‌ကျောင်း ဝင်းကွန်‌ပေါင်းထဲမှာ မဟုတ်ဘဲ တိုင်းရင်းသား‌ကျေးရွာမှာ လုပ်‌တော့ လူမှု‌ရေးအဖွဲ့အစည်း‌တွေရဲ့ ပါဝင်ဆင်နွဲလာမှုက ပိုအား ‌ကောင်းလာတယ်‌လေ။ လူငယ်‌တွေအ‌နေနဲ့ နည်းပညာ‌တွေ တိုးတက်‌နေတဲ့‌ခေတ်မှာ ကိုယ့်ရဲ့စွမ်းရည်ကို မြှင့်တင်ဖို့‌တော့ လို တယ်။”ဟု ‌ပြောသည်။

ဆက်လက်၍ ကရင်တိုင်းရင်းသား စာ‌ပေနှင့် ယဉ်‌ကျေးမှု ‌ကော်မတီ၏ လုပ်ငန်း‌ဆောင်ရွက်မှုများကို ကရင်အမျိုးသား နှစ်သစ် ကူးပွဲ‌တော် ကျင်းပ‌ရေး ဗဟို‌ကော်မတီ တွဲဘက်အတွင်း‌ရေးမှူး မန်း‌ကျော်ညွှန့်ကလည်း‌ကောင်း၊ ‌ကျောင်းသူ‌ကျောင်းသားများ ကိုယ်စား ရန်ကုန် နည်းပညာတက္ကသိုလ်မှ ပထမနှစ်‌ကျောင်းသား ‌စောသိန်း‌အောင်စံနှင့် ရန်ကုန် သူနာပြုတက္ကသိုလ် ‌နောက် ဆုံးနှစ် ‌ကျောင်းသူ နန်းနှင်းနုရည်ထွန်းက ‌ကျေးဇူးတင်စကားများ ‌ပြောကြားခဲ့ကြသည်။

ယခုနှစ် ‌မောင်မယ်သစ်လွင် ကြိုဆိုပွဲနှင့် နှုတ်ဆက်ဂုဏ်ပြု အခမ်းအနားသို့ ရန်ကုန် အ‌ရှေ့ပိုင်းတက္ကသိုလ်၊ စီးပွား‌ရေးတက္က သိုလ်၊ နည်းပညာတက္ကသိုလ်၊ နယ်စပ်‌ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး‌ရေးဒီဂရီ‌ကောလိပ်မှ ‌ကျောင်းသူ‌ကျောင်းသား များအပြင် ဖားအံနှင့် ‌မော်လမြိုင်တက္ကသိုလ်မှ ‌ကျောင်းသူ‌ကျောင်းသားအချို့လည်း ‌လေ့လာသူများအဖြစ် တက်‌ရောက်ခဲ့ကြ သည်။

“ကရင်အချင်းချင်း‌တွေ့ဆုံပြီး ရင်းနှီးမှုရှိကြမှ စည်းလုံးကြမှာ။ ဒါ‌ပေမယ့် အခု ကရင်လူငယ်‌တွေ ကရင်စကား မတတ်ကြဘူး။ မိတ်ဆက်တာ‌တောင် ဗမာလို မိတ်ဆက်ကြတယ်။ အဲဒါ‌တော့ ဝမ်းနည်းစရာပဲ။ တကယ်ဆို ဒီလိုပွဲမှာ ကရင်ရိုးရာ ယဉ်‌ကျေးမှု ကိုပဲ ‌ဖော်ထုတ်‌စေချင်တယ်။ အားလုံးကို ကရင်စကား‌ပြော‌စေချင်တယ်။”ဟု ရန်ကုန်အ‌ရှေ့ပိုင်းတက္ကသိုလ်မှ ရူပ‌ဗေဒဘာသာ ဖြင့် ‌အောင်မြင်ခဲ့သူ ‌စောဟန်ဖြိုးလင်း ၂၂နှစ်က ‌ကေအိုင်စီကို ‌ပြောသည်။

ယခင်က အဆိုပါ အခမ်းအနားမျိုးကို ရန်ကုန်မြို့တွင်းရှိ တက္ကသိုလ်‌ကျောင်းဝင်းများ၌သာ နှစ်စဉ် ကျင်းပပြုလုပ်‌လေ့ရှိ‌သော် လည်း ပြီးခဲ့သည့် ၅နှစ်ခန့်ကတည်းက ပြည်‌ထောင်စု တိုင်းရင်းသား‌ကျေးရွာသို့ ‌ရွှေ့‌ပြောင်းပြုလုပ်လာခဲ့ကြသည်။

၁၉၆၄ခုနှစ်‌နောက်ပိုင်းတွင် ကရင်‌ကျောင်းသား‌ကျောင်းသူများအသင်းကို ကရင်တိုင်းရင်းသား စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ အဖြစ် ‌တော်လှန်‌ရေး‌ကောင်စီအစိုးရက အစားထိုး ‌ပြောင်းလဲဖွဲ့စည်းခဲ့ပြီး‌နောက်ပိုင်း စာ‌စောင်၊ မဂ္ဂဇင်း ‌ရေးသားထုတ်‌ဝေမှုများ ကို လုပ်‌ဆောင်နိုင်ခဲ့‌သေး‌သော်လည်း ယခုအချိန်တွင် တက္ကသိုလ်‌ကျောင်းသားများ ကြိုဆို၊ နှုတ်ဆက်ပွဲတစ်ခုတည်းကိုသာ လုပ်‌ဆောင်နိုင်ခြင်းဖြစ်သည်။