Home ထိပ်တန်းသတင်း တိုက်ပွဲဖြစ်ပွားရာ‌ဒေသမှ လူထု ၄၀၀‌ကျော် ထပ်မံထွက်‌ပြေး

တိုက်ပွဲဖြစ်ပွားရာ‌ဒေသမှ လူထု ၄၀၀‌ကျော် ထပ်မံထွက်‌ပြေး

1456
ဇန်နဝါရီလ ၈ရက်။ နန်းထူးစံ (‌ကေအိုင်စီ)

ယမန်‌နေ့က ‌ဝေါ်‌လေ‌ဒေသတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး နအဖတပ်က လက်နက်ကြီးများဖြင့် လိုက်လံပစ်ခတ်‌နေသည့်အတွက် ယ‌နေ့မနက်တွင် ဝါ့‌မေထာ့ရွာသူရွာသား ၄၀၀‌ကျော်သည် ၎င်းတို့‌ကျေးရွာမှ ထိုင်း-မြန်မာနယ်စပ်ရှိ ‌သောင်ရင်းမြစ်ကမ်းနံ‌ဘေးသို့ ‌ပြောင်း‌ရွှေ့သွားကြသည်ဟု ရွာသားတဦးက ‌ပြောသည်။

သူက “ကျ‌နော်တို့ ရွာသား‌တွေ အကုန်လုံး ရွာရဲ့ ‌အောက်နားက ‌သောင်ရင်းမြစ်နံ‌ဘေးမှာ သွား‌နေကြတယ်။ အဲဒီမှာ နည်းနည်းလုံ ခြုံတယ်လို့ ‌ပြောရမယ်။ တခုခုဖြစ်ရင် ထိုင်းဘက်ကို ကူးရလွယ်‌အောင်ပါ။ ‌ဝေါ်‌လေရွာထဲက နအဖတပ်‌တွေပစ်တဲ့ လက်နက်ကြီး ‌တွေက ကျ‌နော်တို့ရွာထဲကို မ‌ရောက်တ‌ရောက်ပဲဟာ။ အန္တရာယ်ကင်း‌အောင် ‌ရွှေ့ကြတာပဲ။ အခု ကျ‌နော်တို့ မြစ်ကမ်းနံ‌ဘေးမှာ တဲ‌လေး‌တွေ ထိုး‌နေကြတယ်။ ဖြစ်သလိုပဲ ချက်စားကြတယ်။ ဒီည‌တော့ နှင်း‌တွေကြားမှာပဲ အိပ်ရမယ်။”ဟု ‌ပြောသည်။

ယင်းသို့ ထွက်‌ပြေးတိမ်း‌ရှောင်‌နေကြရသူ ရွာသူရွာသားများထဲမှ အချို့မှာ ‌သောင်ရင်းမြစ်နံ‌ဘေးတွင် တာလပတ်ထိုးပြီး ‌နေကြသ လို တချို့က ဖြစ်သလို‌နေထိုင်‌နေကြရသည်ဟု ထိုရွာသူရွာသားများကို ကူညီ‌ဆောင်ရွက်‌ပေးသည့် ကရင်လူမှုအဖွဲ့မှ ‌စောမိုးနိုင်က ယခုလို ‌ပြောသည်။

သူက “မ‌နေ့ကနဲ့ ဒီမနက်မှာ အူးက‌လေးထာ့နဲ့ ဝါ့‌မေးထာ့ဘက်မှာ လက်နက်ကြီး‌တွေ ကျလာတဲ့အတွက် ရွာသား‌တွေ ‌သောင်ရင်း မြစ်ကမ်း မြန်မာဘက်ခြမ်းမှာ သွား‌ရှောင်‌နေကြတယ်။ အချို့ကလည်း အခြား‌နေရာ‌တွေမှာ လိုက်‌နေကြတယ်။ ‌လော‌လောဆယ် မြစ်ကမ်းမှာ‌နေတဲ့ ရွာသားတချို့က တာလပတ်နဲ့ တဲထိုး‌နေကြတယ်။ တချို့က ဘာမှမရှိ‌သေးဘူး။ ဖြစ်သလိုပဲ ‌နေကြတယ်။ မနက်ဖြန်မှ လိုအပ်တဲ့ တာလပတ်‌တွေကို ကျ‌နော်တို့ ပို့‌ပေးဖို့ရှိတယ်။”ဟု ‌ပြောသည်။

၎င်းအပြင် နအဖ တပ်စခန်း တည်ရှိရာ ကနဲ‌လေး‌ကျေးရွာ အနီးအနားတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည့်တွက် ရွာသားများက အခြား ‌နေရာများသို့ ထွက်‌ပြေးတိမ်း‌ရှောင်ခဲ့ကြပြီး‌နောက်ပိုင်း နအဖတပ်များသည် ‌ကျေးရွာအတွင်းရှိ အိမ်‌ခြေ(၂၀)‌ကျော်ကို ဇန်နဝါရီလ ၆ရက်‌နေ့က မီးရှို့ဖျက်ဆီးလိုက်‌ကြောင်း ‌ဒေသခံတဦးက ‌ကေအိုင်စီကို ‌ပြောသည်။

ပြီးခဲ့သည့် ၂လခန့်ကတည်းက တိုက်ပွဲ‌ကြောင့် ထိုင်းနိုင်ငံ ဖုတ်ဖရမြို့နယ်၊ အူဖိုးထာ့‌ကျေးရွာအနီးတွင် ဝင်‌ရောက်ခိုလှုံ‌နေကြ‌သော လူဦး‌ရေ ၁၀ဝနီးပါးရှိ အိမ်‌ထောင်စု(၁၈)စုမှ အသက်အရွယ်ကြီးသူများမှာ ဝမ်း‌လျှောခြင်း၊ ‌ချောင်းဆိုးခြင်းနှင့် ‌သွေးတိုးခြင်း‌ဝေဒနာ များ ခံစား‌နေရ‌ကြောင်း ရွာသူတဦးက ‌ပြောသည်။

သူမက “ရာသီဥတု ‌အေးလို့လားမသိဘူး။ ‌နေမ‌ကောင်းဖြစ်ကြတယ်။ အထူးသဖြင့် လူကြီး‌တွေ ဝမ်း‌လျှောကြတယ်။ ‌ချောင်းဆိုးကြ တယ်။ ကျမဆို ‌သွေးတိုးတက်တယ်။ တက်လိုက်ကျလိုက်ပဲ။ ဘယ်မှာ ‌ဆေးခန်းသွားပြရမှာလဲ။ ဒီမှာပဲ ‌ဆေး‌တွေ ဝယ်‌သောက်ကြ ရတာ‌ပေါ့။”ဟု ‌ပြောသည်။

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်၊ ‌ဝေါ်‌လေ‌ဒေသရှိ ‌ဝေါ်‌လေ‌ကျေးရွာ အပါအဝင် ဝါ့‌မေထာ့၊ အူးက‌လေးထာ့၊ ဆုံဆည်းမြိုင်၊ ကနဲ‌လေး စသည့်‌ကျေးရွာများမှ ရွာသူရွာသားများသည် ‌ဒေသတွင်း နအဖတပ်နှင့် ကရင်လက်နက်ကိုင်တပ်ဖွဲ့များအကြား လက်ရှိ ဖြစ်ပွား‌နေသည့် တိုက်ပွဲများ အရှိန်ပိုပြင်းလာမည့် အလားလာ‌ကြောင့် စစ်‌ဘေးမှ လွတ်‌မြောက်ရန် ထွက်‌ပြေးတိမ်း‌ရှောင်ကြခြင်း ဖြစ်သည်ဟု ‌ဒေသခံတဦးက ‌ပြောသည်။

‌ဒေသခံတဦးက “သူတို့‌ပြောတာက ဒီလ၉ရက်‌နေ့မှာ နအဖတပ်ဘက်က ထိုးစစ် စတင်လုပ်‌ဆောင်မယ်တဲ့။ အဲဒါ‌ကြောင့် ရွာက‌နေ ထွက်သွားကြတာ။ တချို့ရွာ‌တွေက ရွာလုံးကျွတ်ပဲ။ တချို့ရွာက‌တော့ ရွာသားတချို့ ကျန်တာရှိပါတယ်။ ထိုင်းဘက်ရှိ ‌ဆွေမျိုး‌တွေ ဆီ သွားကြတာရှိသလို တချို့နယ်စပ်မှာပဲ ပုန်း‌နေကြတယ်။ တချို့က သူတို့ အလုပ်လုပ်တဲ့ သူ‌ဌေး‌တွေပိုင်တဲ့ ‌ပြောင်းခင်း၊ လယ် ခင်းတဲ‌တွေမှာ သွား‌နေကြတာရှိတယ်။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

အလားတူ မြဝတီမြို့၏ ‌တောင်ပိုင်း ဖလူး‌ဒေသတွင်လည်း နအဖတပ်နှင့် ဒီ‌ကေဘီ‌အေတပ်ဖွဲ့များ ယခုချိန်အထိ တိုက်ပွဲများ ဆက် လက် ဖြစ်ပွား‌နေသည့်အတွက် ‌ဒေသခံရွာသူရွာသား နယ်စပ်‌ဒေသနဲ့ ထိုင်းဘက်ခြမ်း‌ဒေသများတွင် ပုန်း‌အောင်းခိုလှုံ‌နေကြရဆဲ ဖြစ်သည်။