Home ထိပ်တန်းသတင်း ‌ရှေ့ထွက်မိုင်း‌ပေါက်ကွဲမှု‌ကြောင့် ၉ဦး ထိခိုက်ဒဏ်ရာရရှိ

‌ရှေ့ထွက်မိုင်း‌ပေါက်ကွဲမှု‌ကြောင့် ၉ဦး ထိခိုက်ဒဏ်ရာရရှိ

1603
ဇန်နဝါရီလ ၁၄ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ် ‌ကော့ကရိတ်-မြဝတီကားလမ်း တံတားကျိုး‌နေရာတွင် ယ‌နေ့မနက်၌ ‌ရှေ့ထွက်မိုင်း ၁လုံး‌ပေါက်ကွဲခဲ့ရာ နယ်ခြား ‌စောင့်တပ်(BGF) တပ်ဖွဲ့ဝင် ၆ဦး၊ အရပ်သား ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ယ‌နေ့နံနက် ၁ဝနာရီ‌ကျော်တွင် တံတားကျိုးအလွန်၊ နအဖ ခမရ (၃၅၆)စခန်းအနီးရှိ BGF တပ်ဖွဲ့ဝင်များ၏ကားကို ဒီ‌ကေဘီ‌အေ တပ်မဟာ (၅)တပ်ဖွဲ့ဝင်များက ‌ရှေ့ထွက်မိုင်းများအပြင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှု‌ကြောင့် BGF တပ်ဖွဲ့ဝင် ၆ဦးနှင့် အရပ်သား ၃ဦး ဒဏ်ရာ အပြင်းအထန် ရရှိခဲ့သည်ဟု ကိုယ်တိုင်မြင်‌တွေ့ခဲ့သူတဦးက ‌ပြောသည်။

၎င်းက “အာရှလမ်းမထိပ် ‌တောင်‌ခြေ၊ ‌ခြေမြန်တပ်ရင်း (၃၅၆) စခန်း‌ဘေးမှာ ဖြစ်ပွားတာ ဖြစ်တယ်။ BGF ကားကို ချိန်ပြီး‌တော့ ဆွဲ တာ၊ အဲဒီမှာ BGF ၆‌ယောက်။ ခရီးသည် ၃‌ယောက် ထိတယ်။ ‌သေတာ မရှိဘူး။ ဒဏ်ရာရတဲ့လူ‌တွေကို အခု မြဝတီ‌ဆေးရုံကို ပို့ လိုက်ပြီ။”ဟု ‌ပြောသည်။

အဆိုပါမိုင်းတိုက်ခိုက်မှုကို ဒီ‌ကေဘီ‌အေ တပ်မဟာ(၅)မှ ဗိုလ်မှူး‌ကျော်ပလို့ ဦး‌ဆောင်သည့်အဖွဲ့မှ ‌ရှေ့ထွက်မိုင်း ၂လုံးဖြင့် သွား ‌ရောက်ပစ်ခတ်ခြင်းဖြစ်ပြီး နအဖ ခမရ(၃၅၆)တပ်ဖွဲ့ကလည်း လက်နက်ကြီးငယ်များဖြင့် အချိန်အ‌တော်ကြာ ပြန်လည် ပစ်ခတ်ခဲ့ ‌ကြောင်း ဒီ‌ကေဘီ‌အေ တပ်မဟာ(၅)မှ စစ်ဆင်‌ရေးမှူး ဗိုလ်မှူး‌စောဆန်း‌အောင်က အတည်ပြု ‌ပြောကြားသည်။

၎င်းအခင်းဖြစ်ပွားသည့်‌နေရာတွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၇ရက်‌နေ့ မွန်းလွဲပိုင်းတွင် ဆွဲမိုင်း ၁လုံး ‌ပေါက်ကွဲခဲ့မှု‌ကြောင့် အရပ်သား ၈ဦး ဒဏ်ရာရရှိခဲ့သည်။