Home ထိပ်တန်းသတင်း ‌ထောင်သားများ ပါဝင်သည့် စစ်ကား များ နယ်စပ်ဘက်‌ရောက်လာ

‌ထောင်သားများ ပါဝင်သည့် စစ်ကား များ နယ်စပ်ဘက်‌ရောက်လာ

3195
ဇန်နဝါရီလ ၄ရက်။ နန်း‌ဖော့‌ဂေ (‌ကေအိုင်စီ)

‌ထောင်အကျဉ်းသားများနှင့် နအဖ စစ်သားများ အပြည့်တင်‌ဆောင်လာသည့် စစ်ကားများ မြဝတီမြို့ကို ဖြတ်ဝင်လာပြီး ‌ဝေါ်‌လေ‌ဒေသဘက်သို့ ‌မောင်းနှင်ထွက်သွား‌နေသည်မှာ နှစ်ရက်ရှိပြီဖြစ်‌ကြောင်း မြို့ခံများက ‌ပြောဆို‌နေကြသည်။

မြို့ခံတစ်ဦးက “ဒီ‌နေ့မွန်းလွဲ ၃နာရီ‌ကျော်‌လောက်မှာ စစ်သားနဲ့ ‌ထောင်သား‌တွေပါတဲ့ စစ်ကား ၅စီး ‌ဝေါ်‌လေဘက်ကို ထွက် သွားတာ ‌တွေ့လိုက်ရတယ်။ ‌ထောင်သား‌တွေကလည်း ‌ထောင်ဝတ်စုံအပြာ‌တွေ ဝတ်ထားတယ်‌လေ။ စစ်သား‌တွေက‌တော့ လက်နက်ကိုယ်စီနဲ့‌ပေါ့။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

အလားတူ ယမန်‌နေ့မွန်းလွဲပိုင်းကလည်း စစ်သားနှင့် အကျဉ်း‌ထောင်သားများ တင်‌ဆောင်လာသည့် စစ်ကား ၃စီး မြဝတီမြို့ ‌တောင်ဘက်ခြမ်းရှိ ‌ဝေါ်‌လေဂွင်ဘက်သို့ ‌မောင်းနှင်သွား‌ကြောင်း ကိုယ်တိုင်မြင်‌တွေ့သူများက ‌ပြောသည်။

ယင်းသို့ တက်လာသည့် နအဖ တပ်များမှာ စစ်ကွပ်ကဲ‌ရေးဌာနချုပ်(၁၂) လက်‌အောက်ခံတပ်များဖြစ်ပြီး အင်အား ၅၀ဝခန့်ရှိ ‌ကြောင်းနှင့် ထိုအထဲတွင် နယ်ခြား‌စောင့်တပ်ဖွဲ့ဝင် ၅ဝခန့် ပါဝင်‌ကြောင်းလည်း ‌ဝေါ်‌လေ‌ဒေသတွင် လှုပ်ရှား‌နေသည့် ‌ကေအဲန် ယူ တပ်ရင်း(၂၀၁) ဒုရင်းမှူး ဗိုလ်မှူး‌စောကြည်‌အောင်က ‌ပြောသည်။

“အခုတက်လာတာက စကခ(၁၂) လက်‌အောက်ခံတပ်‌တွေပဲ။ အဲဒီအထဲမှာ BGF အင်အား ၅၀‌လောက်ပါတယ်လို့ ကြားတယ်။ ကြည့်ရတာ ‌ဝေါ်‌လေက‌နေ ‌ဝေါ်‌လေခီးအထိ တက်လာဖို့ရှိတယ်။ ဒါ‌ပေမဲ့ လမ်းမှာ ဗိုလ်‌ကျော်သက်တို့အဖွဲ့က ရှိ‌နေ‌တော့ ချက် ချင်းမ‌ရောက်လာနိုင်‌သေးဘူး။”ဟု ဗိုလ်မှူး‌စောကြည်‌အောင်က ခန့်မှန်း‌ပြောဆိုသည်။

နအဖ စစ်တပ်နှင့်အတူ ပါလာသည့် အကျဉ်းသားများမှာ ဖားအံ(‌တောင်က‌လေး)နှင့် ‌မော်လမြိုင်‌ထောင်များမှ ရာဇဝတ်သား များဖြစ်ပြီး ၎င်းတို့ကို တပ်ရိက္ခာနှင့် လက်နက်ခဲယမ်းများ သယ်‌ဆောင်ရန်အပြင် လိုအပ်ပါက ‌ရှေ့တန်းတွင် မိုင်းရှင်းကိရိယာအ ဖြစ် အသုံးချနိုင်‌ကြောင်း ဒီ‌ကေဘီ‌အေဘက်မှ ‌ပြောသည်။

ဒီ‌ကေဘီ‌အေ တပ်မဟာ(၅)မှ ကလို့ထူး‌ဘော အ‌ခြေစိုက် စစ်ဆင်‌ရေးမှူး G2 ဗိုလ်မှူး‌စောဆန်း‌အောင်က “ကျ‌နော်တို့ သိသ ‌လောက်က အကျဉ်းသား‌တွေဟာ ဖားအံ၊ ‌မော်လမြိုင်‌ထောင်‌တွေက ရာဇဝတ်သား‌တွေပဲ။ အကျဉ်းသားဦး‌ရေက ၁၅၀-၂၀ဝ ‌လောက် ရှိနိုင်တယ်။ သူတို့ကို တပ်ရိက္ခာသယ်ဖို့၊ လက်နက်သယ်ဖို့နဲ့ လိုအပ်ရင် ‌သေနတ်ကိုင်ခိုင်းပြီး မိုင်းရှင်းတဲ့သ‌ဘောနဲ့ စစ် တပ်အ‌ရှေ့က သွားခိုင်းနိုင်တယ်။”ဟု ဆိုသည်။

အကျဉ်းသားများ တင်‌ဆောင်လာသည့် နအဖ တပ်များမှာ စကခ(၁၂) ဗျူဟာနှစ်ခုဖြစ်ပြီး ဗျူဟာတစ်ခုတွင် တပ်ရင်း ၃ရင်း သတ်မှတ်ထား‌သော်လည်း ယခု တက်လာသည့် ဗျူဟာနှစ်ခုတွင် တပ်ရင်း ၅ရင်းသာ ပါ‌ကြောင်းနှင့် ဗျူဟာ(၂)မှူးမှာ ဗိုလ်မှူး ကြီးကြည်လင်ဖြစ်သည်ဟု ဒီ‌ကေဘီ‌အေဘက်က ‌ပြောသည်။

‌ဝေါ်‌လေ‌ဒေသ ကနဲ‌လေးရှိ နယ်‌မြေခံ နအဖတပ်ဖွဲ့ဝင်များသည် ရိက္ခာပြတ်လပ်ကာ တပ်စခန်းအပြင် ထွက်မရဲသလို ပြန်လည် ဆုတ်ခွာရန်လည်း ခက်ခဲ‌နေ‌ကြောင်း သိရသည်။

ထို့အပြင် နအဖ စကခ(၁၉) လက်‌အောက်ခံ တပ်ရင်းများသည် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ချူကလီး‌ဒေသဘက်သို့ နယ်‌မြေ ရှင်းလင်း‌ရေးအတွက် သွား‌ရောက်ရန် ပြင်ဆင်လျှက်ရှိ‌ကြောင်း နယ်‌မြေခံ ‌ကေအဲန်ယူတပ်များက ‌ပြောဆိုသည်။