Home ထိပ်တန်းသတင်း ‌တောင်ငူမြို့တွင် လုံခြုံ‌ရေး ပိုတင်းကြပ်လာ

‌တောင်ငူမြို့တွင် လုံခြုံ‌ရေး ပိုတင်းကြပ်လာ

1555
ဇန်နဝါရီလ ၁၉ရက်။ နန်းထူးစံ (‌ကေအိုင်စီ)

ကရင်ပြည်နယ်‌မြောက်ပိုင်း (ပဲခူးတိုင်းအ‌ရှေ့ခြမ်း)ရှိ ‌တောင်ငူမြို့တွင် ယခုအချိန်တွင် သက်ဆိုင်ရာအာဏာပိုင်များက မြို့တွင်းမြို့ပြင် လုံခြုံ‌ရေး ပိုမိုချထားလာသည့်အပြင် ‌တောင်‌ပေါ်‌ဒေသနှင့် ဆက်သွယ်သွားလာ‌သော ကားလမ်းများကိုလည်း ပိတ်ဆို့ထားလိုက်သည့် အတွက်‌ကြောင့် ‌ဒေသခံများ၏ မိသားစုစီးပွား‌ရေးကို ထိခိုက်‌စေသည်ဟု ‌ဒေသခံများက ‌ပြောသည်။

‌တောင်ငူမြို့ခံတဦးက “အခုချိန်မှာ ‌တောင်ငူမှာက စစ်တပ်‌တွေက သံလမ်း၊ ကားလမ်း‌တွေမှာ လုံခြုံ‌ရေးအပြည့် ယူထားတယ်။ မြို့ တွင်းလုံခြုံ‌ရေး အကုန်လုံး‌ပေါ့‌နော်။ ‌တောင်ငူ-ဇရပ်ကြီး၊ ‌ကျောက်ကြီး အဲဒီဘက်ကိုသွားတဲ့ ကားလမ်း၊ ‌တောင်ငူ-သံ‌တောင်ကြီး၊ ‌တောင်ငူ-‌ဘောဂလိသွားတဲ့ ကားလမ်းအကုန်လုံးကို တင်းတင်းကြပ်ကြပ်ပဲ။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

‌တောင်ငူမြို့တွင် အ‌ခြေချလှုပ်ရှားသည့် စစ်ကွပ်ကဲ‌ရေးဌာနချုပ်-စကခ (၁၆)တပ်ဖွဲ့များအပြင် ယခုနှစ်စပိုင်းတွင် စကခ(၁၅)တပ်ဖွဲ့များ ထပ်မံ‌ရောက်ရှိလာပြီး မြို့တွင်းမြို့ပြင် လုံခြုံ‌ရေးအတွက် စစ်‌ဆေး‌မေးမြန်းမှုများ၊ ‌စောင့်ကြည့်မှုများ ပိုမိုလုပ်‌ဆောင်လာသလို ယခု ကားလမ်းများကိုပါ ပိတ်လိုက်သည့်အထိ လုပ်‌ဆောင်လာသဖြင့် ‌ဒေသခံလူထုများ စိတ်အ‌နှောက်အယှက် ဖြစ်ရသည့်အပြင် အလုပ်အ ကိုင် အခက်အခဲဖြစ်ရ‌ကြောင်း ထိုမြို့ခံက ‌ပြောသည်။

“အခုလို လုံခြုံ‌ရေး‌တွေ ပိုချ၊ ကားလမ်း‌တွေပိတ်ဆို့လိုက်‌တော့ ‌တောင်‌ပေါ်က ဆင်းလာတဲ့ ကုန်စည်သီးနှံ‌တွေကို အ‌ခြေခံပြီး ‌ရောင်း ဝယ်‌နေတဲ့ ကျ‌နော်တို့လို လူ‌တွေအတွက် အခက်အခဲဖြစ်တာ‌ပေါ့ဗျာ။ ဘာဖြစ်လို့ဆို‌တော့ ကွမ်း‌တွေလည်း မလာတာကြာပြီ၊ ခြံထွက် သီးနှံ‌တွေ အကုန်‌ပေါ့‌လေ။ အခု ‌တောင်‌ပေါ်‌ဒေသနဲ့ မြို့ကို အဆက်အသွယ်ဖြတ်လိုက်တဲ့သ‌ဘောဆို‌တော့ ကျ‌နော်တို့အတွက် စီးပွား ‌ရေးထိခိုက်တယ်‌ပေါ့ဗျာ။”ဟု ‌တောင်ငူမြို့ခံက ‌ပြောသည်။

‌တောင်ငူမြို့နှင့် ဆက်သွယ်သွားလာသည့် ‌တောင်‌ပေါ်‌ဒေသများမှ ကားလမ်းများကို အသွားအလာမလုပ်ရန် ယခုနှစ်ဆန်းပိုင်းက တည်းက ‌ဒေသတွင်းရှိ နအဖ စစ်တပ်များက တားမြစ်မှုများရှိ‌သော်လည်း ယခုဇန်နဝါရီလ (၁၇)ရက်‌နေ့၌ အ‌ခြေစိုက်လှုပ်ရှားလျှက်ရှိ သည့် စကခ(၇)အရာရှိများနှင့် ‌ဘောဂလိမြို့နယ်မှူးတို့က ‌ဘောဂလိ‌ကျေးရွာ အပါအဝင် ‌တောင်‌ပေါ်‌ဒေသအတွင်းရှိ ‌ကျေးရွာသူကြီး များကို ‌ခေါ်ယူ‌တွေ့ဆုံပြီး ကား၊ ဆိုင်ကယ်များ မြို့တွင်းသို့ အသွားအလာမပြုရန် တရားဝင် ‌ပြောဆိုထားသည်ဟု သိရသည်။

ယခုအ‌ခြေအ‌နေ‌ကြောင့် ‌တောင်ငူမြို့‌နေလူထုအပြင် ‌တောင်‌ပေါ်‌ဒေသတွင် ‌နေထိုင်ကြသည့် လူထုများက ပို၍ ဒုက္ခ‌ရောက်သည်ဟု ‌တောင်ငူမြို့နှင့် မနီးမ‌ဝေး ‌တောင်‌ပေါ်‌ဒေသတွင် ‌နေထိုင်သည့် ရွာသားတဦးက ယခုလို ‌ပြောသည်။

သူက “အခုက ကားလမ်း‌ဘေးမှာ ရှိတဲ့ လူ‌တွေ‌ရော၊ စုစည်း‌ကျေးရွာမှာ ‌နေထိုင်တဲ့ လူ‌တွေ‌ရော၊ ပုန်း‌အောင်း‌နေထိုင်တဲ့လူ‌တွေ‌ရော အကုန်လုံး ဒုက္ခ‌ရောက်တယ်။ ဘာဖြစ်လို့လဲဆို‌တော့ တရွာနဲ့တရွာ ဆက်သွယ်လုပ်‌နေတဲ့ အ‌ရောင်းအဝယ်လည်း မဖြစ်။ လုပ်အား‌ခေါ် ခိုင်းတာလည်း ဆက်တိုက်ရှိ‌နေ‌တော့ ရွာသား‌တွေလည်း ကိုယ့်အလုပ် ကိုယ် မလုပ်အားဘူး။ စိုးရိမ်စိတ်နဲ့ ‌နေ‌နေရတယ်။ အထူးသဖြင့် ကားလမ်း‌ဘေးမှာ ‌နေတဲ့လူထုကျ‌တော့ မိုင်းရှင်းတဲ့‌နေရာမှာ အသုံးပြုခံရသလို တပ်ရိက္ခာလည်း သယ်‌ပေးရတယ်။ ဒီတပ်‌တွေ မရုပ် သိမ်းမချင်း၊ ရိက္ခာပို့‌ဆောင်တာ မပြီးမချင်း‌တော့ ရွာသား‌တွေက‌တော့ ဒုက္ခ‌ရောက်တာ‌ပေါ့။”ဟု ‌ပြောသည်။

ယခုလို ‌တောင်ငူ‌ဒေသတွင် နအဖ တပ်အင်အား ပိုမိုချထားပြီး လုံခြုံ‌ရေး တင်းကြပ်လာခြင်းအ‌ပေါ် ‌တောင်ငူမြို့၏ ‌တောင်‌ပေါ်‌ဒေသ များကို ထိုးစစ်ဆင်ရန်အပြင် သို့မဟုတ် ‌တောင်ငူမြို့သည် ‌နေပြည်‌တော်နှင့် နီးခြင်း‌ကြောင့် လာမည့် ဇန်နဝါရီလ (၃၁)ရက်‌နေ့တွင် စစ် အစိုးရက လွှတ်‌တော်အစည်းအ‌ဝေး ကျင်းပ‌ခေါ်ယူ‌တော့မည်ဖြစ်၍ လုံခြုံ‌ရေးယူထားခြင်းလည်း ဖြစ်နိုင်သည်ဟု ‌တောင်ငူ‌ဒေသခံများ က ‌ဝေဖန်‌ပြောဆို‌နေကြသည်။