Home ထိပ်တန်းသတင်း ‌ကေအဲန်ယူ တပ်မဟာ(၇)နယ်‌မြေ တွင် နအဖနှင့် နယ်ခြား‌စောင့်တပ် များ ‌သေ‌ကြေထိခိုက်မှုရှိ

‌ကေအဲန်ယူ တပ်မဟာ(၇)နယ်‌မြေ တွင် နအဖနှင့် နယ်ခြား‌စောင့်တပ် များ ‌သေ‌ကြေထိခိုက်မှုရှိ

1606
ဇန်နဝါရီလ ၂၇ရက်။ နန်း‌ဖော့‌ဂေ (‌ကေအိုင်စီ)

ကရင်ပြည်နယ် နယ်စပ်‌ဒေသတွင် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် KNLAနှင့် ဖြစ်ပွားသည့်တိုက်ပွဲ‌ကြောင့် နအဖ စစ်တပ်နှင့် ကရင်နယ်ခြား‌စောင့်တပ်များမှ အရာရှိများ အပါအဝင် တပ်ဖွဲ့ဝင်အချို့ ထိခိုက်ကျဆုံးမှုရှိ‌ကြောင်း ‌ကေအိုင်စီက ယ‌နေ့ စုံစမ်းသိရှိရသည်။

ယ‌နေ့မနက် ၇နာရီဝန်းကျင်တွင် လှိုင်းဘွဲမြို့နယ်၊ ကမားထာ့နှင့် ‌ကျော်သ‌လေးခို့အကြား၌ ‌ကေအဲန်ယူ တပ်ရင်း(၂၁)နှင့် နအဖ ခမရ(၃၄၃)တို့ ၁ဝမိနစ်ကြာ ချုံခိုတိုက်ပွဲဖြစ်ပွားရာ ‌ကေအဲန်ယူဘက်မှ ထိခိုက်မှုမရှိ‌သော်လည်း နအဖဘက်မှ ၄ဦး ကျဆုံးကာ ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့‌ကြောင်း ‌ကေအဲန်ယူ တပ်မဟာ(၇)မှ ဗိုလ်ကြီး‌စောမျိုးမင်းသူက ယခုလို ‌ပြောသည်။

“ဒီမနက်ဖြစ်တာက‌တော့ ၇နာရီ ၅မိနစ်မှာပဲ။ ကျ‌နော်တို့ဘက်က တပ်ရင်း(၂၁)က အင်အား ၁၂ဦးနဲ့ နအဖ ခမရ(၃၄၃)က စစ် ‌ကြောင်းတ‌ကြောင်းနဲ့ဖြစ်တာ။ ချုံခို‌စောင့်ပစ်တာဆို‌တော့ ကျ‌နော်တို့ဘက်က ထိ‌လေ့မရှိဘူး။ နအဖဘက်က‌တော့ ၄‌ယောက် ‌သေတယ်။ ၃‌ယောက် ဒဏ်ရာရတယ်။ လက်နက်သိမ်းယူတာ‌တွေ‌တော့ ကျ‌နော်တို့ဘက်က မလုပ်‌တော့ဘူး။”ဟု ဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ရက်‌နေ့ မနက် ၉း၁၅နာရီကလည်း KNLA တပ်ရင်း(၂၂)တပ်ဖွဲ့နှင့် ကရင်နယ်ခြား‌စောင့်တပ် BGF အမှတ် (၁၀၁၅) တပ်ဖွဲ့ဝင်များ လှိုင်းဘွဲမြို့နယ်၊ နိုးရီးရွာအနီး၌ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ BGF ဘက်မှ ဗိုလ်ကြီးထွန်း မြင့်ထွန်းနှင့် တပ်သား ၂ဦး ကျဆုံးပြီး ဗိုလ်ထွန်းဝင်းနှင့် တပ်သားတဦး ထိခိုက်မှုရှိခဲ့‌ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲတွင် KNLA က BGF ဘက်မှ ကာဘိုင်တစ်လက်၊ G-3 တစ်လက်နှင့် ၉-မမ တစ်လက် သိမ်းဆည်းရမိခဲ့သည်။

အလားတူ KNLA တပ်မဟာ(၇)လက်‌အောက်ခံ တပ်ရင်း(၂၁)၊ (၂၂)နှင့် အထူး‌ပြောက်ကျားအဖွဲ့ဝင်များ ပါဝင်သည့် အင်အား ၇ဝခန့်ရှိ အဖွဲ့သည် ဇန်နဝါရီလ ၂၁ရက်‌နေ့က BGF (၁၀၁၅)တပ်ရင်း၏ ‌ဟောသူးခီးစခန်းကို တက်‌ရောက်သိမ်းဆည်းခဲ့ရာ လက်နက် ၁၂လက် ရရှိပြီး ၎င်း BGF တပ်ရင်းမှာ ဗိုလ်ချာလယ်၊ ဒုဗိုလ်‌ရော့ကက်၊ တပ်ကြပ်ကြီးတစ်ဦး အပါအဝင် ၈ဦးကို ဖမ်း ဆီးခဲ့သည်ဟု KNLA တပ်မဟာ(၇) ရုံးထိုင်မှူး ဗိုလ်မှူး‌စောအဲဆဲဆဲက ‌ပြောသည်။