Home ထိပ်တန်းသတင်း မိနစ်ပိုင်း ‌ပြောက်ကျားတိုက်ပွဲတွင် နအဖ ၃ဦးကျ

မိနစ်ပိုင်း ‌ပြောက်ကျားတိုက်ပွဲတွင် နအဖ ၃ဦးကျ

1923
ဇန်နဝါရီလ ၇ရက်။ ‌ကေအိုင်စီ

မြဝတီမြို့နယ် ဖလူး‌လေးရွာအနီးတွင် နအဖ စကခ(၁၂) လက်‌အောက်ခံ တပ်ဖွဲ့ဝင်များနှင့် ဒီ‌ကေဘီ‌အေတပ်များ ယမန်‌နေ့က ‌ပြောက်ကျားတိုက်ပွဲ ဖြစ်ပွားခဲ့ရာ နအဖဘက်မှ ၃ဦး ကျဆုံးခဲ့သည်ဟု ဒီ‌ကေဘီ‌အေဘက်က ‌ပြောသည်။

ထို‌နေ့ မွန်းလွဲ ၁နာရီခွဲအချိန်တွင် ဒီ‌ကေဘီ‌အေမှ ဗိုလ်ကြီး‌စောဘလာနာ့၏ တပ်ဖွဲ့နှင့် နအဖ တပ်များ မိနစ်ပိုင်းအတွင်း ‌ပြောက်ကျားပစ်ခတ်မှုဖြစ်ပွားခဲ့ရာမှ နအဖဘက်မှ ယခုလို ပွဲချင်းပြီး ၃ဦးကျဆုံးခဲ့သလို တစ်ဦးမှာ မိုင်းနင်းမိသွားခဲ့‌ကြောင်း ဒီ‌ကေဘီ‌အေ တပ်မဟာ(၅)မှ စစ်ဆင်‌ရေးမှူး ဗိုလ်မှူး‌စောဆန်း‌အောင်က ‌ပြောသည်။

“ဗိုလ်ကြီးဘလာနာ့အဖွဲ့က‌တော့ ဖလူး‌လေးအနားမှာ နအဖကို ‌ပြောက်ကျားသွားတိုက်တာပဲ။ နအဖကို ငါးချက်သွားပစ်တာ ၃ ‌ယောက် ကျသွားတယ်။ ၂ချက်က‌တော့ မထိလို့။ နအဖဘက်က‌တော့ လက်နက်ကြီး‌တွေနဲ့ ပြန်ပစ်တာ‌တော့ ရှိတာ‌ပေါ့။ ‌နောက် သူတို့လူတစ်‌ယောက်လည်း မိုင်းနင်းမိတယ်‌လေ။”ဟု ဆိုသည်။