Home ထိပ်တန်းသတင်း ပဒိုမန်းရှာလူငယ်‌ခေါင်း‌ဆောင်ဆု ယ‌နေ့ မ‌ကြေညာနိုင်‌သေး

ပဒိုမန်းရှာလူငယ်‌ခေါင်း‌ဆောင်ဆု ယ‌နေ့ မ‌ကြေညာနိုင်‌သေး

1526
ဇန်နဝါရီလ ၃၁ရက်။ နန်း‌ဖော့‌ဂေ (‌ကေအိုင်စီ)

ယ‌နေ့ကျ‌ရောက်သည့် ၆၂နှစ်‌မြောက် ကရင့်အမျိုးသား‌တော်လှန်‌ရေး‌နေ့တွင် တတိယ‌မြောက် ပဒိုမန်းရှာလူငယ်‌ခေါင်း‌ဆောင် ဆုကို မ‌ကြေညာဖြစ်‌သေး‌ကြောင်း ဖန်း‌ဖောင်‌ဒေးရှင်း တည်‌ထောင်သူတစ်ဦးက ‌ကေအိုင်စီကို ‌ပြောသည်။

ဖန်း‌ဖောင်‌ဒေးရှင်းကို တည်‌ထောင်သူတစ်ဦးဖြစ်သည့် ‌စော‌စေး‌စေးဖန်းက “အမှန်တကယ်ဆို ဒီဆုကို ကျ‌နော်တို့ ဖန်း‌ဖောင်‌ဒေး ရှင်းက ‌တော်လှန်‌ရေး‌နေ့မှာ ‌ကြေညာပြီး ဆုရှင်ကို ဂုဏ်ပြုခဲ့တာပါ။ ဒီနှစ်မှာ‌တော့ ဆုရှင်ကို စိစစ်‌ရွေးချယ်ဖို့ မအားလပ်‌သေး တာ‌ကြောင့် အချိန်နည်းနည်း‌ရွှေ့ပြီး လာမဲ့ ကရင့်အမျိုးသားစည်းလုံးညီညွှတ်‌ရေး နှီး‌နှောဖလှယ်ပွဲကျမှသာ ‌ကြေညာသွားမယ် လို့ ဆုံးဖြတ်ထားပါတယ်။”ဟု ဆိုသည်။

အဆိုပါဆုကို ၂၀၀၉ခုနှစ်၊ ဇန်နဝါရီလ ၃၁ရက်‌နေ့တွင် ကျ‌ရောက်ခဲ့သည့် နှစ် ၆၀‌မြောက် ကရင့်အမျိုးသား‌တော်လှန်‌ရေး‌နေ့ တွင် စတင် ‌ပေးအပ်လာခဲ့ပြီး ယခုနှစ်တွင် ‌ပေးအပ်မည့်ဆုမှာ တတိယအကြိမ်‌မြောက်ဖြစ်သည်။

ဖန်း‌ဖောင်‌ဒေးရှင်းကို ကရင်အမျိုးသားအစည်းအရုံး (‌ကေအဲန်ယူ)၏ ယခင် အ‌ထွေ‌ထွေ အတွင်း‌ရေးမှူးချုပ်‌ဟောင်း ပဒိုမန်းရှာ လားဖန်း လုပ်ကြံခံရသည့် ၂၀၀၈ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၁၄ရက်‌နေ့တွင် ကျန်ရစ်သူ သားသမီးများဖြစ်ကြသည့် ‌စော‌စေး‌စေးဖန်း၊ နမ့်ဘွားဘွားဖန်း၊ နမ့်ဇိုယာဖန်းနှင့် စလုံ့ဖန်းတို့က ဖွဲ့စည်းတည်‌ထောင်ခဲ့ကြပြီး ကရင်လူမှုအဖွဲ့အစည်းအတွင်း ကိုယ်ကျိုးစွန့် အနစ်နာခံကာ လူထုအကျိုးပြုလုပ်ငန်း လုပ်ကိုင်‌ဆောင်ရွက်‌နေသူ ကရင်လူငယ်များကို နှစ်စဉ် ‌တော်လှန်‌ရေး‌နေ့တိုင်း ဆုချီး မြှင့်ခဲ့ခြင်း ဖြစ်သည်။

၆၂နှစ်‌မြောက် ကရင့်အမျိုးသား‌တော်လှန်‌ရေး‌နေ့ကို ဖာပွန်ခရိုင်ရှိ ‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေ တပ်မဟာ(၅)တွင် ကျင်းပခဲ့ ကြသလို ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (‌ကေအဲန်အယ်လ်‌အေ) တပ်ရင်းအချို့တွင်လည်း ပြုလုပ်ကျင်းပကြ ‌ကြောင်း သိရသည်။

ဆု‌ငွေအဖြစ် အ‌မေရိကန်‌ဒေါ်လာ ၂၀၀ဝ ချီးမြှင့်သည့် ပထမဦးဆုံး ပဒိုမန်းရှာလူငယ်‌ခေါင်း‌ဆောင်ဆုကို ၂၀၀၉ခုနှစ်တွင် ‌နော် ‌ဖောကဘလာထူးမှလည်း‌ကောင်း၊ ဒုတိယအကြိမ်ဆုကို ၂၀၁ဝခုနှစ်တွင် ‌စောညွှန့်ဝင်းမှလည်း‌ကောင်း လက်ခံရရှိခဲ့ပြီး ယခု တတိယ‌မြောက်ဆုအတွက် အဆိုတင်သွင်းခံရသူ လူငယ် ၄ဦးရှိရာ ဆုရရှိသူကို ယခုနှစ်လယ်ပိုင်းတွင် ကျင်းပမည့် ၈ကြိမ် ‌မြောက် ကရင်အမျိုးသားစည်းလုံးညီညွှတ်‌ရေး နှီး‌နှောဖလှယ်ပွဲ၌ ထုတ်‌ဖော်‌ကြေညာသွားမည်ဟု သိရသည်။