Home ထိပ်တန်းသတင်း နအဖ တပ်သားတဦး ဒီ‌ကေဘီ‌အေ ထံ ထပ်မံ လက်နက်ချ

နအဖ တပ်သားတဦး ဒီ‌ကေဘီ‌အေ ထံ ထပ်မံ လက်နက်ချ

1640
ဇန်နဝါရီလ ၄ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ် ‌ဝေါ်‌လေ‌ဒေသတွင် ဝင်‌ရောက်လှုပ်ရှားသည့် နအဖ စစ်ကွပ်ကဲ‌ရေးဌာနချုပ်-စကခ(၁၉) လက်‌အောက်ခံ တပ် ရင်းမှ တပ်သားတဦးသည် ယ‌နေ့မွန်းလွဲ ၂း၃ဝနာရီအချိန်တွင် ဒီ‌ကေဘီ‌အေ တပ်မဟာ(၅)ထံသို့ ထပ်မံ လာ‌ရောက်လက်နက် ချသည်ဟု ဒီ‌ကေဘီ‌အေဘက်က ‌ပြောသည်။

အဆိုပါ လာ‌ရောက်လက်နက်ချသည့် စကခ (၁၉)လက်‌အောက်ခံ ခမရ(၅၈၆) တပ်ခွဲ(၁)မှ တပ်သား ဝင်းရန်နိုင် ၂ဝနှစ် ကိုယ် ပိုင်နံပါတ် တ/၄၃၂၄၇ဝသည် ၎င်းတို့တပ်ရင်းလှုပ်ရှားရာ ‌ဝေါ်‌လေ‌ဒေသ အူက‌လေ့ထာ့‌ကျေးရွာ ‌မောတု‌တောင်ဘက်ခြမ်းရှိ ဗိုလ်ချစ်သဲ ဦးစီးသည့် ဒီ‌ကေဘီ‌အေတပ်ဖွဲ့သို့ လက်နက်အပြည့်အစုံနှင့်အတူ လာ‌ရောက်လက်နက်ချခြင်းဖြစ်သည်ဟု ဒီ‌ကေ ဘီ‌အေ တပ်မဟာ(၅)မှ ဗိုလ်မှူး‌စောဆန်း‌အောင်က ‌ပြောသည်။

၎င်းက“ ဒီ‌နေ့ မွန်းလွဲ ၂း၃ဝအချိန်မှာ ကျ‌နော်တို့ ဒီ‌ကေဘီ‌အေ တပ်မဟာ(၅)မှ ဗိုလ်ချစ်သဲဆီကို လာ‌ရောက်လက်နက်ချတယ်။ လက်နက်အပြည့်အစုံနဲ့ပဲ။ ‌လော‌လောဆယ် ဗိုလ်ချစ်သဲဆီမှာပဲ ရှိ‌သေးတယ်။ ကျ‌နော်တို့ တပ်မဟာဌာနချုပ်ကို မ‌ရောက်‌သေး ဘူး။”ဟု ‌ပြောသည်။

စစ်သက်တမ်း ၂နှစ်ရှိ ၎င်းတပ်သား ဝင်းရန်နိုင်သည် ၎င်းတို့တပ်ရင်း၌ ရိက္ခာပြတ်လပ်မှုနှင့် စစ်တိုက်လိုစိတ်မရှိ‌သော‌ကြောင့် MA-1 ၁လက်၊ ကျည် ၂၅၀‌တောင့်နှင့် မက္ကဇင်း ၆ချပ်နှင့်အတူ ယခုလို ဒီ‌ကေဘီ‌အေထံသို့ လာ‌ရောက်လက်နက်ချခြင်းဖြစ်ပြီး ဒီ‌ကေဘီ‌အေတပ်ဖွဲ့အ‌နေဖြင့် ၎င်းဖြစ်ချင်သည့်ဆန္ဒအတိုင်း အတတ်နိုင်ဆုံး ကူညီ‌ဆောင်ရွက်သွားမည်ဟု ဗိုလ်မှူး‌စောဆန်း ‌အောင်က ‌ပြောသည်။

အလားတူ လွန်ခဲ့သည့် ၂၀၁ဝခုနှစ် ဒီဇင်ဘာလ ၂၉ရက်‌နေ့တွင်လည်း ‌ဝေါ်‌လေ‌ဒေသတွင် လှုပ်ရှား‌နေသည့် ခလရ(၂၉၉) တပ်ရင်းမှ တပ်သားတဦး ဒီ‌ကေဘီ‌အေ တပ်မဟာ(၅)ထံသို့ လက်နက်ခဲယမ်းများနှင့်အတူ လာ‌ရောက်လက်နက်ချခဲ့သည်။