Home ထိပ်တန်းသတင်း နအဖ စစ်သည် ၄ဦး KNDO ထံသို့ လာ‌ရောက်ပူး‌ပေါင်း

နအဖ စစ်သည် ၄ဦး KNDO ထံသို့ လာ‌ရောက်ပူး‌ပေါင်း

2008
ဇန်နဝါရီလ ၂၆ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ်‌မြောက်ပိုင်း ဖာပွန်ခရိုင် ဘူးသိုမြို့နယ်တွင် အ‌ခြေချလှုပ်ရှားသည့် နအဖ အ‌ရှေ့‌တောင်တိုင်းစစ်ဌာနချုပ်-ရတခ လက်‌အောက်ခံ တပ်ရင်းနှစ်ရင်းမှ စစ်သည် ၄ဦးသည် ပြီးခဲ့သည့်အပတ်က ကရင်အမျိုးသားကာကွယ်‌ရေးတပ်မ‌တော် (KNDO) ထံသို့ လာ‌ရောက်ပူး‌ပေါင်းခဲ့သည်ဟု သိရသည်။

ဇန်နဝါရီလ ၂၂ရက်‌နေ့က ရတခ လက်‌အောက်ခံ ခမရ(၃၄၀)မှ တပ်ကြပ်ကြီး‌အောင်‌ထွေး ၂၉နှစ်၊ တပ်သား တင်မိုး‌အောင် ၂၄ နှစ်နှင့် ခမရ(၃၄၁)မှ တပ်သား‌မောင်ဇင်မိုး ၂၈နှစ်၊ တပ်သားနိုင်း‌အောင်ကို ၂၁နှစ်တို့သည် လက်နက်ခဲယမ်းအချို့နှင့်အတူ သံလွင်ကမ်းနား၊ အူသူးထာ့‌နေရာရှိ KNDO တပ်ရင်း(၁)ထံသို့ လာ‌ရောက်ပူး‌ပေါင်းခြင်းဖြစ်‌ကြောင်း ၎င်းတပ်ရင်းမှူး ဒုဗိုလ်မှူး ကြီး‌စော‌ကျော်မူးက ‌ပြောသည်။

“ရတခ လက်‌အောက်ခံ ခမရ(၃၄၀)နဲ့ (၃၄၁)က နအဖ တပ်ဖွဲ့ဝင်‌တွေဖြစ်တယ်။ MA-1 ‌သေနတ် ၁လက်၊ ကျည်ဆံ ၈၈ ‌တောင့်၊ M-79 ကျည် ၁ဝလုံးပါတယ်။ အခု ကျ‌နော်တို့ဆီမှာပဲ သူတို့ ရှိ‌နေ‌သေးတယ်။ အထက်က တာဝန်ရှိသူ‌တွေနဲ့ ‌ပေး‌တွေ့ ပြီးရင် သူတို့အတွက် အ‌ကောင်းဆုံးဖြစ်‌အောင် စီစဉ်‌ပေးရမှာပါ။”ဟု ‌ပြောသည်။

အဆိုပါ နအဖတပ်ဖွဲ့ဝင်များသည် ၎င်းတို့တပ်ရင်းအတွင်းမှ အထက်တပ်မှူး စီမံအုပ်ချုပ်မှုများကို မနှစ်သက်မှုနှင့် စစ်တိုက်လို စိတ်မရှိ‌တော့သည့်အတွက် KNDO တပ်ဖွဲ့ဝင်များထံသို့ ယခုလို လာ‌ရောက်ပူး‌ပေါင်းခြင်းဖြစ်သည်ဟု ‌ပြောသည်။

အလားတူ ပြီးခဲ့သည့် ဇန်နဝါရီလ ၉ရက်‌နေ့တွင်လည်း နယ်ခြား‌စောင့်တပ် BGF တပ်ရင်း ၁၀၁၅ မှ တပ်သား ‌စောနိုးနို ၁၈နှစ် သည် AR လက်နက် ၁လက်၊ မက္ကဇင်းကျည်‌ဘောက် ၄ချပ်၊ ကျည်ဆံ ၁၁၀‌တောင့်နှင့်အတူ ‌ကေအဲန်ယူ တပ်မဟာ(၅)ထံသို့ လာ‌ရောက်ပူး‌ပေါင်းခဲ့‌သေးသည်။