Home ထိပ်တန်းသတင်း နအဖ စစ်ကားအစီး ၅၀‌ကျော် ကြာအင်းဆိပ်ကြီးနှင့် ‌ကော့ကရိတ်ဘက် ဝင်‌ရောက်လာ

နအဖ စစ်ကားအစီး ၅၀‌ကျော် ကြာအင်းဆိပ်ကြီးနှင့် ‌ကော့ကရိတ်ဘက် ဝင်‌ရောက်လာ

2600
ဇန်နဝါရီလ ၁၄ရက်။ နန်းထူးစံ (‌ကေအိုင်စီ)

နအဖ စစ်ကွပ်ကဲ‌ရေးဌာနချုပ်-စကခ(၅)လက်‌အောက်ခံ တပ်ရင်းများသည် ယခုဇန်နဝါရီလ ၁၂ရက်‌နေ့က စစ်ကားအစီး (၅၀) ‌ကျော်ဖြင့် ကြာအင်းဆိပ်ကြီးနှင့် ‌ကော့ကရိတ်မြို့နယ်အတွင်းသို့ ဝင်‌ရောက်လှုပ်ရှားလာ‌ကြောင်း ထို‌ဒေသမှလာသည့်သတင်းအရ သိရသည်။

နအဖ စကခ (၅)လက်‌အောက်ခံ တပ်ရင်းများသည် စစ်လက်နက်ပစ္စည်းများ၊ ရိက္ခာများနှင့်အတူ ဇန်နဝါရီလ ၁၂ရက်‌နေ့က စစ် ကားအစီး(၄၄)စီးဖြင့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့သို့ ‌ရောက်ရှိလာခဲ့သလို ‌ကော့ကရိတ်မြို့နယ်အတွင်းမှာလည်း စစ် ကား ၁၅စီးဖြင့် ဝင်‌ရောက်လှုပ်ရှားလာသည်ဟု ‌ဒေသခံများက ‌ပြောသည်။

‌ဒေသခံတဦးက “ပြီးခဲ့တဲ့ ၁၂ရက်‌နေ့က စကခ (၅)လက်‌အောက်ခံ တပ်‌တွေ‌ပေါ့။ စစ်ကား (၄၄)စီးနဲ့ ‌ချောင်းနှစ်ခွက‌နေ ကြာအင်း ဆိပ်ကြီးမြို့ကို တက်လာတယ်။ ဒီတပ်‌တွေက အသစ်ဝင်လာတာ ဖြစ်တယ်။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ထို‌နေ့တရက်တည်းတွင် စကခ(၅)လက်‌အောက်ခံ၊ အင်အား ၁၇ဝခန့်ရှိ‌သော ခမရ(၅၆၃)တပ်ရင်းသည် စစ်ကားကြီး ၁၅စီးဖြင့် ‌ကော့ကရိတ်မြို့နယ် နန်း‌ရွှေမှုန်၊ ‌ဒေါက်ပလန်မှာ ‌ရောက်ရှိလာခဲ့ပြီး ‌နောက်တ‌နေ့ ဇန်နဝါရီလ(၁၃)ရက်‌နေ့၌ ‌ဒေါက်ပလန်ရွာအ ပြင်ဘက်တွင် ‌ဒေသခံ KNLA တပ်ရင်း(၁၈)တပ်ဖွဲ့ဝင်များ၏ ‌ပြောက်ကျားတိုက်ခိုက်ခြင်းကို ခံခဲ့ရကာ ၎င်းတို့တပ်ဖွဲ့ဝင် ၂ဦး‌သေဆုံး ကာ ၂ဦးဒဏ်ရာ ရရှိခဲ့‌ကြောင်း ထို‌ဒေသခံက ‌ပြောသည်။

ထို‌ဒေသသို့ ‌ရောက်ရှိလာသည့် အဆိုပါ စကခ(၅)တပ်ဖွဲ့များသည် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံနယ်သို့ ဦးတည်သွားရန်ရှိ ပြီး ‌ကေအဲန်ယူ၊ တပ်မဟာ(၆)နယ်‌မြေမှ ကြာအင်းဆိပ်ကြီးနှင့် ‌ကော့ကရိတ်မြို့နယ်အတွင်းသို့ ဝင်‌ရောက်လှုပ်ရှားလာခြင်းမှာ မည် သည့်အစီအစဉ်‌ကြောင့်ဆိုသည်ကို အတိအကျ မသိရ‌သေး‌သော်လည်း လက်ရှိ ၎င်းတို့နှင့် DKBA တပ်ဖွဲ့၏ တိုက်ပွဲများ‌ကြောင့် ထိုင်း-မြန်မာနယ်စပ်ဘက်သို့ အားဖြည့်ရန် ‌ရောက်ရှိလာခြင်းဖြစ်နိုင်သည်ဟု KNU ဒူးပလာယာခရိုင် အတွင်း‌ရေးမှူး ‌စောလစ္စတန် က ယခုလို ခန့်မှန်း‌ပြောဆိုသည်။

သူက “သူတို့တပ်‌တွေ(နအဖ)က ကြာအင်းက‌နေ ကျိုက်ဒုံကို ဦးတည်သွားဖို့ ရှိတယ်။ ကျိုက်ဒုံမှာ တပ်စခန်းရှိတာကိုး။ သူတို့မှာ ဘာအစီအစဉ်‌တွေနဲ့ လာသလိုဆိုတာကို ကျ‌နော်တို့ စုံစမ်း‌နေပါတယ်။ သူတို့ တပ်အ‌ပြောင်းအလဲ လာလုပ်တာလား။ ဒါမှမဟုတ် ရှင်းလင်းမှု‌တွေ လုပ်မှာလား‌တော့ ကျ‌နော်တို့ အ‌သေအချာမသိရ‌သေးဘူး။ အခု ဖလူးဘက်က ဒီ‌ကေဘီ‌အေနဲ့ တိုက်ပွဲဖြစ်‌နေတာ ကို အဲဒီကျိုက်ဒုံဘက်က လမ်း‌ကြောင်းနဲ့ တချို့ပို့မှာဖြစ်သလို ကျိုက်ဒုံဘက်က‌နေတဆင့် ချူကလိ၊ ကွီးတာဟိုးဘက်ကိုသွားတဲ့ လမ်း‌ကြောင်းလည်း ရှိတယ်‌လေ။ ကျိုက်ဒုံက‌နေတဆင့် အဲဒီဘက်ကို အားဖြည့်သွားဖို့ ဖြစ်‌ကောင်းဖြစ်နိုင်တယ်။”ဟု ‌ပြောသည်။

နအဖ စကခ (၅)တပ်ဖွဲ့သည် ပြီးခဲ့‌သော ၂၀၀၆မှ ၂၀၀၉ခုနှစ်အထိ ကရင်ပြည်နယ်‌မြောက်ပိုင်း ‌တောင်ငူခရိုင်ဘက်တွင် KNU တပ် မဟာ(၂)ကို ‌ချေမှုန်းစစ်ဆင်‌ရေးအဖြစ် ဝင်‌ရောက်လှုပ်ရှားခဲ့စဉ် ‌ဒေသခံလူထုအ‌ပေါ် နှိပ်စက်သတ်ဖြတ်ခြင်း၊ အမျိုးသမီးများကို မုဒိမ်းကျင့်ခြင်း၊ လုပ်အားခိုင်း‌စေခြင်း၊ ‌ပေါ်တာဆွဲခြင်း စသည့် လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှုများ ကျူးလွန်ခဲ့သလို ၎င်းတို့၏ စကခ မှူး‌ဟောင်း ဗိုလ်မှူးချုပ်‌ကောင်းမြတ်မှာ ‌ကေအဲန်ယူ၏ တိုက်ခိုက်မှု‌ကြောင့် ၂၀၀၉ခုနှစ်တွင် ‌တောင်ငူ‌ဒေသ၌ ကျဆုံးသွားခဲ့သည်။