Home ထိပ်တန်းသတင်း ဆွဲမိုင်း‌ကြောင့် နအဖတပ်များ အထိနာ

ဆွဲမိုင်း‌ကြောင့် နအဖတပ်များ အထိနာ

1239
ဇန်နဝါရီလ ၃၁ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ် မြဝတီမြို့နယ်၊ ‌ကော့ကရိတ်-မြဝတီကားလမ်းတ‌နေရာတွင် ယမန်‌နေ့မနက် ၈နာရီ‌ကျော်အချိန်၌ DKBA တပ်ဖွဲ့၏ ဆွဲမိုင်း‌ကြောင့် နအဖ တပ်ရင်း(၂၇၅)မှ တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုများရှိကာ အထိနာခဲ့သည်ဟု ‌ကေအိုင်စီက စုံစမ်းသိရှိရသည်။

DKBA (၉၀၈)တပ်ရင်းမှ ဗိုလ်မှူး‌စော‌ကျော်တလို့ ဦး‌ဆောင်သည့် တပ်ဖွဲ့သည် ၎င်းနအဖတပ်ဖွဲ့ စီးလာသည့် ကားတစ်စီး ကို ဆွဲမိုင်းဖြင့် စတင်တိုက်ခိုက်ရာ တိုက်ပွဲမှာ ၅မိနစ်‌ကျော် ဖြစ်ပွားခဲ့ပြီး နအဖဘက်မှ ၆ဦး ကျဆုံး၍ ၅ဦး ဒဏ်ရာရရှိသွားခဲ့ သည်။

ထိခိုက်ဒဏ်ရာရရှိသည့် တပ်ဖွဲ့ဝင်များအနက် တပ်ခွဲမှူး(ဗိုလ်ကြီး)တစ်ဦးနှင့် တပ်ကြပ်တစ်ဦးပါဝင်သည်ဟု ဒီ‌ကေဘီ‌အေ တပ်မဟာ(၅)မှ စစ်ဆင်‌ရေးမှူး ဗိုလ်မှူး‌စောဆန်း‌အောင်က ‌ကေအိုင်စီကို ယခုလို ‌ပြောသည်။

သူက “အဲဒီတိုက်ခိုက်မှုမှာ နအဖ ကားတစီး ‌တောင်‌အောက်ရှိ ‌ချောက်ထဲကို ပြုတ်ကျသွားတယ်။ ဒီပွဲမှာ သူတို့(နအဖ) ဘက်က အထိနာ‌ပေမဲ့ ကျ‌နော်တို့ဘက်က ‌ပြောက်ကျားစစ်နဲ့ဆို‌တော့ တ‌ယောက်မှ ထိခိုက်ဒဏ်ရာရတာ မရှိပါဘူး။ ဒီ တိုက်ပွဲမှာ လက်နက်‌တွေဘာ‌တွေ သိမ်းဆည်းရမိတာ မရှိဘူး။ ကျ‌နော်တို့ရဲ့ ရည်ရွယ်ချက်က နအဖဘက်က အထိနာဖို့ အဓိကပဲ။”ဟု ‌ပြောသည်။

အဆိုပါ ဆွဲမိုင်း‌ကြောင့် ထိခိုက်ဒဏ်ရာရှိခဲ့သည်သူများကို ယမန်‌နေ့ည‌နေက မြဝတီ‌ဆေးရုံသို့ ပို့‌ဆောင်လိုက်‌ကြောင်း ကိုယ် တိုင်‌တွေ့မြင်ခဲ့သူ မြဝတီမြို့ခံတဦးက “မ‌နေ့က ည‌နေ ၆နာရီ‌လောက်မှာ စစ်တပ်က လူနာ‌တွေ ‌ဆေးရုံ‌ရောက်လာတယ်။ အဲဒီထဲမှာ ဗိုလ်ကြီးတ‌ယောက်၊ တပ်ကြပ်ကြီးတ‌ယောက်နဲ့ ကျန်တာ‌တွေက‌တော့ တပ်သား‌တွေ‌ပေါ့‌နော်။”ဟု ‌ပြောသည်။

ယခုလ ၇ရက်‌နေ့နှင့် ၁၃ရက်‌နေ့၌လည်း မြဝတီမြို့နယ်အတွင်းရှိ ‌ကော့ကရိတ်-မြဝတီကားလမ်း တံတားကျိုး‌နေရာတွင် အလားတူ ကရင်တပ်ဖွဲ့များ၏ ဆွဲမိုင်း‌ကြောင့် နအဖ တပ်ဖွဲ့ဝင်များနှင့် အရပ်သားအချို့ ဒဏ်ရာရရှိမှုများရှိခဲ့‌သော်လည်း ‌သေဆုံးမှုမရှိခဲ့‌ကြောင်း သိရသည်။