Home ထိပ်တန်းသတင်း စစ်တပ် လွှတ်‌တော်ကိုယ်စားလှယ် စာရင်းထုတ်ပြန်‌ကြေညာပြီ

စစ်တပ် လွှတ်‌တော်ကိုယ်စားလှယ် စာရင်းထုတ်ပြန်‌ကြေညာပြီ

1747
ဇန်နဝါရီလ ၂၁ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

မြန်မာနိုင်ငံတွင် မကြာခင် ကျင်းပ‌တော့မည့် ပထမဆုံးအကြိမ် လွှတ်‌တော်အစည်းအ‌ဝေးအတွက် လွှတ်‌တော် ၃ရပ် တွင် ပါဝင်ရမည့် တပ်မ‌တော် ကိုယ်စားလှယ်အမည်စာရင်းကို စစ်အစိုးရက ယခုဇန်နဝါရီလ ၂ဝရက်‌နေ့ ရက်စွဲဖြင့် ထုတ်ပြန်‌ကြေညာလိုက်သည်။

လာမည့်ဇန်နဝါရီလ ၃၁ရက်‌နေ့တွင် ပထမဆုံးအကြိမ် လွှတ်‌တော်‌ခေါ်ယူမည်ဖြစ်သည့်အတွက် ယမန်‌နေ့က ထုတ်ပြန် လိုက်သည့် စာရင်းအရ ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ် ၁၁ဝဦး၊ အမျိုးသားလွှတ်‌တော် ကိုယ်စားလှယ် ၅၆ဦးနှင့် ပြည်နယ်(သို့မဟုတ်) တိုင်း‌ဒေသကြီး လွှတ်‌တော်ကိုယ်စားလှယ် ၂၂၂ဦးတို့ ပါရှိသည်။

‌ကြေညာချက်၌ လွှတ်‌တော် ၃ခုအနက် ပြည်နယ်(သို့မဟုတ်) တိုင်း‌ဒေသကြီးအတွင်း ပါရှိသည့် လွှတ်‌တော်ကိုယ်စား လှယ်များသည် ပြည်နယ်နှင့်တိုင်း အကြီးအငယ်အ‌ပေါ် မူတည်၍ လူဦး‌ရေသတ်မှတ်ထားရာ ကရင်ပြည်နယ်၌ ၆ဦး ပါရှိပြီး ၎င်းတို့မှာ ဗိုလ်မှူးချုပ်‌ဇော်မင်း၊ ဗိုလ်မှူးကြီး‌အောင်လွင်၊ ဗိုလ်မှူးထွန်းထွန်းဦး ဗိုလ်ကြီးမြင့်ကို၊ ဗိုလ်ကြီး‌နေလင်း အုပ်နှင့် ဗိုလ်ကြီး‌ဇော်မင်းထွန်းတို့ ဖြစ်သည်။

နအဖ၏ ကရင်ပြည်နယ် စစ်တပ် လွှတ်‌တော်ကိုယ်စားလှယ်နှင့်ပတ်သက်၍ PSDP ဖားအံမြို့နယ် ပြည်သူ့လွှတ်‌တော် ကိုယ်စားလှယ် နန်း‌စေအွာက “အခု ဒီတပ်မ‌တော်သား လွှတ်‌တော်ကိုယ်စားလှယ် ၆ဦးဟာ ကရင်ပြည်နယ်က တိုင်း ရင်းသားပါ‌တွေ အားလုံး ပြည်နယ်လွှတ်‌တော်က ၁၄ဦး၊ လူမျိုးစုလွှတ်‌တော်က ၃ဦးနဲ့ ဒီလ ၃၁‌နေ့မှာ ‌နေပြည်‌တော်မှာ လွှတ်‌တော် အစည်းအ‌ဝေးလို ကရင်ပြည်နယ်မှာလုပ်မဲ့ ပြည်နယ်လွှတ်‌တော် အစည်းအ‌ဝေးမှာ လာတက်ရမှာ‌ပေါ့။ ဖွဲ့ စည်းပုံအရ သူတို့က‌တော့ မဲဝင်ပြိုင်စရာမလိုဘဲ အလိုလို လွှတ်‌တော်ကိုယ်စားလှယ် ဖြစ်တဲ့သူ‌တွေ‌ပေါ့‌နော်။”ဟု ‌ကေ အိုင်စီကို ‌ပြောသည်။

ထို့အပြင် ပြည်နယ်(သို့မဟုတ်) တိုင်း‌ဒေသကြီး စစ်တပ်လွှတ်‌တော်ကိုယ်စားလှယ်များထဲတွင် ပြည်နယ်နှင့် တိုင်း ၇ခုရှိ သည့်အနက် အနည်းဆုံးမှာ ကယားပြည်နယ်(လွှတ်‌တော်ကိုယ်စားလှယ် ၅ ဦး)နှင့် အများဆုံးမှာ ရှမ်းပြည်နယ် (လွှတ် ‌တော်ကိုယ်စားလှယ် ၃၆ဦး)တို့ဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် ‌ရွေး‌ကောက်ပွဲတွင် အနိုင်ရ‌သော ပြည်နယ်(သို့မဟုတ်)တိုင်း‌ဒေသကြီးနှင့် လူမျိုးစု လွှတ်‌တော်ကိုယ်စား လှယ်မှအပ ကျန်သည့် ပြည်သူ့လွှတ်‌တော်နှင့် အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ်များသည် ‌နေပြည်‌တော်၌ ပြုလုပ် မည့် လွှတ်‌တော်အစည်းအ‌ဝေးကို တက်‌ရောက်ရမည်ဟု သိရသည်။