Home ထိပ်တန်းသတင်း ‌ဝေါ်‌လေတိုက်ပွဲ နအဖ ၇ဦး ကျဆုံး

‌ဝေါ်‌လေတိုက်ပွဲ နအဖ ၇ဦး ကျဆုံး

1693
ဒီဇင်ဘာလ ၉ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ် မြဝတီခရိုင်၊ ‌ဝေါ်‌လေ‌ဒေသတွင် ယမန်‌နေ့ညက နအဖနှင့် ဒီ‌ကေဘီ‌အေတို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖ ဘက်က ၇ဦး ကျဆုံးခဲ့သည်ဟု ဒီ‌ကေဘီ‌အေဘက်က ‌ပြောသည်။

ယမန်‌နေ့ည ၈နာရီအချိန်တွင် ‌ဝေါ်‌လေ‌ကျေးရွာ သုခမြိုင်ဘုန်းကြီး‌ကျောင်းရှိ နအဖ စကခ(၈) လက်‌အောက်ခံ ခမရ(၄၀၁)နှင့် (၄၀၉)တပ်ဖွဲ့ဝင်များအား ဒီ‌ကေဘီ‌အေတပ်ဖွဲ့မှ လက်နက်ကြီး၊ လက်နယ်ငယ်များဖြင့် သွား‌ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒီ‌ကေဘီ‌အေ (၉၀၉)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး‌စောစတီးက ‌ပြောသည်။

သူက “မ‌နေ့ ည ၈နာရီအချိန်မှာ ကျ‌နော်တို့တပ်ဖွဲ့က ‌ဝေါ်‌လေ၊ သုခမြိုင်ဘုန်းကြီး‌ကျောင်းမှာရှိတဲ့ နအဖတပ်ကို သွားပစ်တယ်။ တိုက်ပွဲက မိနစ် ၃ဝကြာတယ်။ နအဖဘက်က ၇‌ယောက်‌သေတယ်။ ကျ‌နော်တို့ဘက်က ထိခိုက်ဒဏ်ရာရတာ မရှိဘူး။”ဟု အတည်ပြု ‌ပြောကြားသည်။

၎င်းနယ်‌မြေတွင် လှုပ်ရှားလျှက်ရှိသည့် ‌ကေအဲန်အယ်လ်‌အေ တပ်ရင်း(၂၀၁)ဒုရင်းမှူး ဗိုလ်မှူး‌စောကြည်‌အောင်က ယမန်‌နေ့ည က ဖြစ်ပွားခဲ့သည့်တိုက်ပွဲမှာ ‌ဝေါ်‌လေရွာရှိ ဗျူဟာကုန်း၊ သုခမြိုင်ဘုန်းကြီး‌ကျောင်းနှင့် ‌ဝေါ်‌လေစာသင်‌ကျောင်းဝင်း ‌နေရာ ၃‌နေ ရာတွင်ဖြစ်‌ကြောင်း ‌ပြောဆိုခဲ့သည်။

‌ဝေါ်‌လေရွာသားတဦးက “ညက ‌ဝေါ်‌လေမှာ အကြီးအကျယ် တိုက်ပွဲဖြစ်‌တော့ ရွာသူရွာသား‌တွေ အကုန်လုံး ထိုင်းဘက်ခြမ်းကို ကူးခဲ့ကြတယ်။ ဒီ‌နေ့မနက် ‌သေနတ်သံ‌တွေ ပြန်တိတ်‌တော့ ရွာသားတချို့ ပြန်ကူးကြတာရှိတယ်။ ရွာသား‌တွေက‌တော့ ‌ပြေး လိုက်ပြန်လိုက်ပဲ။”ဟု ‌ပြောသည်။

အလားတူ ‌ဝေါ်‌လေ‌ဒေသ ဖလူး‌ဒေသဘက်တွင်လည်း နအဖနှင့် ဒီ‌ကေဘီ‌အေတပ်ဖွဲ့ဝင်များအကြား ယမန်‌နေ့ကတည်းက ဖြစ် ပွားခဲ့သည့် တိုက်ပွဲမှာ ယ‌နေ့ မွန်းလွဲ ၂နာရီခွဲအထိ ပစ်လိုက်ရပ်လိုက်ဖြင့် ပစ်ခတ်‌နေဆဲဖြစ်၍ နှစ်ဖက် ထိခိုက်ကျဆုံးမှုကို ယခု အချိန်ထိ မသိရှိရ‌သေး‌ပေ။

ပြီးခဲ့သည့် နိုဝင်ဘာလကတည်းက အဆိုပါ ‌ဝေါ်‌လေ‌ဒေသတွင် နယ်‌မြေခံ ဒီ‌ကေဘီ‌အေတပ်များကို နအဖတပ်များက အင်အား အလုံးအရင်းဖြင့် ဝင်‌ရောက်ပစ်ခတ်မှု‌ကြောင့် ရွာသူရွာသား ၃၀၀‌ကျော်မှာ ထိုင်းဘက်ခြမ်းသို့ ထွက်‌ပြေးလာခဲ့ရာ ယမန်‌နေ့ည တိုက်ပွဲ‌ကြောင့် ယခုဆိုလျှင် ‌ဝေါ်‌လေ‌ကျေးရွာမှ ရွာသူရွာသား ၂,၀၀၀‌ကျော် ထိုင်းဘက်ခြမ်းကို ထွက်‌ပြေး‌ရောက်ရှိ‌နေပြီး ဖြစ် သည်။