Home ထိပ်တန်းသတင်း ‌ကေအဲန်ယူ၏ ‌စောင့်ကြိုတိုက်ခိုက် မှု‌ကြောင့် ရက်ပိုင်းအတွင်း နအဖ နှင့် BGF ကျဆုံးထိခိုက်မှုရှိ

‌ကေအဲန်ယူ၏ ‌စောင့်ကြိုတိုက်ခိုက် မှု‌ကြောင့် ရက်ပိုင်းအတွင်း နအဖ နှင့် BGF ကျဆုံးထိခိုက်မှုရှိ

1955
ဒီဇင်ဘာလ ၂၅ရက်။ နန်း‌ဖော့‌ဂေ (‌ကေအိုင်စီ)

လှိုင်းဘွဲမြို့နယ်ရှိ မာနယ်ပ‌လော‌ဒေသတွင် ယခု ရက်ပိုင်းအတွင်း ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်ဖွဲ့ KNLA ၏ ‌စောင့် ကြိုတိုက်ခိုက်မှု‌ကြောင့် နအဖ ခလရ(၁၀၆)တပ်ဖွဲ့မှ ကျဆုံးပြီး နယ်ခြား‌စောင့်တပ် BGF မှ ထိခိုက်ဒဏ်ရာရရှိမှုများရှိ‌ကြောင်း ‌ကေအဲန်ယူ တပ်မဟာ(၇)က ‌ပြောသည်။

နအဖ ခလရ(၁၀၆)တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာလ ၂၃ရက်‌နေ့မနက်ပိုင်းမှစ၍ ၎င်းတို့လက်နက်ကြီးတပ်ဆင်ထားရာ က‌ဆော ဝါး‌လေး၊ ကြယ်‌ပြောင်ကုန်း‌နေရာများမှ မာနယ်ပ‌လောရှိ ‌ကေအဲန်ယူတပ်များ ရှိနိုင်မည့်‌နေရာများသို့ လက်နက်ကြီးများဖြင့် ပစ် ခတ်ခဲ့ပြီး‌နောက် စစ်‌ကြောင်းတက်လာရာ မွန်းလွဲပိုင်း၌ ‌မောကွီး‌နေရာအ‌ရောက်တွင် ‌ကေအဲန်ယူ တပ်မဟာ(၇) လုံခြုံ‌ရေးတပ်ခွဲ ၏ ‌စောင့်ကြိုတိုက်ခိုက်ခြင်းခံရပြီး ခလရ(၁၀၆) တပ်ဖွဲ့ဝင် ၅ဦး ကျဆုံးခဲ့သည်ဟု ‌ကေအဲန်ယူ တပ်မဟာ(၇)မှူးက ‌ကေအိုင်စီ ကို ‌ပြောသည်။

‌ကေအဲန်ယူ တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ်‌စော‌ဂျော်နီက “အဲဒီ‌နေ့ မနက်ပိုင်းကတည်းက နအဖ ခလရ(၁၀၆)က မာနယ်ပ‌လော ဂွင်မှာ လက်နက်ကြီး‌တွေ အလုံး ၅၀‌ကျော် ပစ်ချတယ်‌လေ။ သ‌ဘောက သူတို့တက်လာဖို့အတွက် အဲဒီမှာလှုပ်ရှား‌နေတဲ့ ကျ‌နော်တို့တပ်‌တွေ ရှိနိုင်တဲ့‌နေရာကို လှမ်းပစ်တာ။ မွန်းလွဲ ၂း၅၅နာရီမှာ သူတို့တက်လာ‌တော့ ကျ‌နော်တို့တပ်‌တွေက ‌စောင့် ပြီးပစ်တယ်။ အဲဒီမှာ တခါတည်းပဲ နအဖ ၅‌ယောက် ကျသွားတယ်။”ဟု ဆိုသည်။

အဆိုပါမွန်းလွဲပိုင်း တိုက်ပွဲမှာ ၈မိနစ်သာ ကြာမြင့်‌သော်လည်း နအဖတပ်များက ၁၂၀-မမ စိန်‌ပြောင်း၊ ၆၀-မမ၊ ၈၁-မမနှင့် RPG-7 စသည့် လက်နက်ကြီး အမျိုးအစားများကိုသုံးပြီး မာနယ်ပ‌လောဂွင်တစ်ဝိုက်တွင် နယ်‌မြေရှင်းလင်းသည့်အ‌နေဖြင့် ပစ် ခတ်‌နေခြင်း ဖြစ်သည်။

ထို‌နေ့မနက် ၇နာရီ‌ကျော်၊ ည‌နေ ၅နာရီနှင့် ည ၁၁နာရီအချိန်တို့တွင် နယ်ခြား‌စောင့်တပ်(၁၀၁၂)တပ်ဖွဲ့နှင့် ‌ကေအဲန်ယူ တပ်ဖွဲ့ ဝင်များ ပလီတ‌ခေါ်ကျိုး‌နေရာ၌ ပစ်ခတ်မှုဖြစ်ပွားရာ နယ်ခြား‌စောင့်တပ်ဖွဲ့ဝင် ၄ဦး ဒဏ်ရာရရှိခဲ့သည်။

အလားတူ ထို‌နေ့ည‌နေ၌လည်း ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံရွာအထက်ဘက် ‌တောင်‌ခြေတ‌နေရာတွင် နအဖ ခမရ (၅၈၈)တပ်နှင့် ကရင်တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားရာ နအဖဘက်မှ ၄ဦး ကျဆုံး၊ ၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့‌ကြောင်း သိရသည်။

ဒီဇင်ဘာလ ၂၂ရက်‌နေ့ကလည်း အင်အား ၆၀‌ကျော်ရှိ အဆိုပါ ခလရ(၁၀၆)မှ စစ်‌ကြောင်းတ‌ကြောင်းကို ‌ကေအဲန်ယူ တပ်ဖွဲ့ ဝင်များက ကြယ်‌ပြောင်ကုန်းတဝိုက်တွင် ‌စောင့်ပစ်ရာ တပ်သားတဦး၊ ဒုတပ်ကြပ်၊ တပ်ကြပ်ကြီးနှင့် ဗိုလ်တစ်ဦး စုစု‌ပေါင်း ၄ဦး ကျဆုံးသွားခဲ့သည်။

၎င်းအပြင် ကလူး‌ထောအ‌ခြေစိုက် ဗိုလ်မှူး‌စောပိ ဦးစီးသည့် နယ်ခြား‌စောင့်တပ်(၁၀၁၂)တပ်ဖွဲ့ဝင်များနှင် ‌ကေအဲန်ယူ တပ်ရင်း (၂၀၂)တပ်ဖွဲ့များ ပစ်ခတ်မှုဖြစ်ပွားရာ မနက် ၆နာရီဝန်းကျင်တွင် ‌ဟောထီးပယ်‌နေရာ၌ ၂ဦး ထိခိုက်မှုရှိပြီး မွန်းလွဲ ၂နာရီခွဲတွင် ‌သေ့ဝါ့‌လော်ကျိုး‌နေရာ၌ ၁ဦး ထိခိုက်မှုရှိ‌ကြောင်း ‌ကေအဲန်ယူ တပ်မဟာ(၇) ဒုရုံးထိုင်မှူး ဗိုလ်ကြီး‌စောမျိုးမင်းသူက ‌ပြောသည်။

ယင်းတိုက်ပွဲများတွင် ‌ကေအဲန်ယူဘက်မှ ထိခိုက်ကျဆုံးမှုမရှိသည့်အတွက် ထိုကိစ္စနှင့်ပတ်သက်၍ ဗိုလ်မှူးချုပ်‌စော‌ဂျော်နီကို ‌ကေအိုင်စီက ‌မေးမြန်းရာ “ကျ‌နော်တို့က ကိုယ့်လူကို အထိခိုက်၊ အကျဆုံးမခံနိုင်‌အောင် ‌ပြောက်ကျားနည်းနဲ့ပဲ တိုက်ခိုက်‌စေ တယ်။ ဒီနည်းက ကိုယ့်တပ်ဖွဲ့ဝင်‌တွေကို ဆုံးရှုံးမှုနည်း‌စေတယ်‌လေ။”ဟု ရှင်းလင်း‌ပြောဆိုသည်။

နအဖ တပ်ဖွဲ့ဝင်များနှင့် နယ်ခြား‌စောင့်တပ်များသည် လှိုင်းဘွဲ၊ ‌ကော့ကရိတ်၊ မြဝတီနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် ‌ကေအဲန်ယူ၊ ဒီ‌ကေဘီ‌အေတပ်များနှင့် တိုက်ပွဲများ ‌နေ့စဉ်လို ဖြစ်ပွား‌နေ‌သော်လည်း ၎င်းတို့ဘက်မှ ထိခိုက်ကျဆုံးမှုကို ထုတ် ‌ဖော်‌ပြောဆိုခြင်း မရှိ‌ပေ။