Home ထိပ်တန်းသတင်း လှိုင်းဘွဲ-‌ကော့ကရိတ် ကားလမ်းသစ် ‌ဖောက်လုပ်‌ရေးစီမံကိန်းတွင် ဥယျာဉ် ခြံနှင့် လူ‌နေအိမ်များ ဖျက်ဆီးခံရ

လှိုင်းဘွဲ-‌ကော့ကရိတ် ကားလမ်းသစ် ‌ဖောက်လုပ်‌ရေးစီမံကိန်းတွင် ဥယျာဉ် ခြံနှင့် လူ‌နေအိမ်များ ဖျက်ဆီးခံရ

1734
ဒီဇင်ဘာလ ၈ရက်။ နန်းထူးစံ (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်မှ ‌ကော့ကရိတ်မြို့နယ်ကို ‌ဖောက်လုပ်လျှက်ရှိသည့် ကားလမ်းအသစ် စီမံကိန်း‌ကြောင့် လမ်းတစ် ‌လျှောက်ရှိ ‌ကျေးရွာများမှ ‌ဒေသခံများ၏ ဥယျာဉ်ခြံများနှင့် လူ‌နေအိမ်များ ဖြိုဖျက်ခံလိုက်ရသည်ဟု ‌ဒေသခံများ၏ ‌ပြောပြချက်များ အရ သိရသည်။

အဆိုပါကားလမ်းကို လှိုင်းဘွဲမြို့နယ် ထီလုံ‌ကျေးရွာအနီးရှိ နအဖ ခမရ(၂၀၃)တပ်ရင်း‌နေရာမှ စတင် ‌ဖောက်လုပ်ခြင်းဖြစ်ပြီး ယခု အချိန်တွင် လမ်း‌ကြောမှာ ထီလုံရွာနှင့် ဒညင်းကုန်း‌ကျေးရွာကို ‌ကျော်လွန်‌နေပြီဖြစ်သည့်အတွက် ၎င်းရွာများမှ လူ‌နေအိမ်များမှာ ဖြို ဖျက်‌ပြောင်း‌ရွှေ့လိုက်ရ‌ကြောင်း ကိုယ်တိုင် မြင်‌တွေ့ခဲ့သူတစ်ဦးက ယခုလို ‌ပြောသည်။

သူက “ဒီလမ်း‌ဖောက်ဖို့အတွက် မိုးကုန်ကတည်းက အိမ်‌တွေဖျက်‌နေရတာ။ ရွာထဲကို လမ်း‌ကြောဖြတ်သန်းခံရတဲ့ ရွာ‌တွေက ‌နေအိမ်‌တွေ အများကြီး ဖြိုဖျက်ခံရတယ်။ ထီလုံကုလားစုမှာ‌တော့ အိမ် ၂၅လုံး ဖျက်ရတယ်။”ဟု ဆိုသည်။

ဖြိုဖျက်ခံရသည့် လူ‌နေအိမ်များထဲတွင် တိုက်အိမ်များ၊ ပျဉ်‌ထောင်အိမ်များကဲ့သို့‌သော အိမ်ကြီးအိမ်‌ကောင်းများ ပါဝင်ပြီး အိမ်ပိုင်ရှင် များမှာ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်‌နေသည့် သားသမီးများမှ ‌ငွေပို့ကာ ‌ဆောက်လုပ်ထားခြင်းဖြစ်သည့်အတွက် ထပ်မံ ‌ဆောက် လုပ်ရန် မတတ်နို်င်‌ကြောင်း အမည်မ‌ဖော်လိုသူ အိမ်ရှင်တစ်ဦးက ယခုလို ‌ပြောသည်။

“အိမ်တချို့ဆိုရင် သားသမီး‌တွေက ထိုင်းနိုင်ငံမှာ ကျွန်အဖြစ် အလုပ်လုပ်ပြီး ရှိစုမဲ့စု ‌ငွေ‌လေးနဲ့ အိမ်‌ဆောက်ကြတာ။ တချို့အိမ်ဆို အိမ်‌ဆောက်တာ အ‌ကြွေး‌တောင် မ‌ကျေ‌သေးဘူး။ ဒီလို အိမ်အဖျက်ခံရ‌တော့ တချို့အိမ်ရှင် အမျိုးသမီး‌တွေဆိုရင် မျက်ရည်မျက် ခွက်ပဲ။ အိမ်ဖျက်ခံရတဲ့ လူ‌တွေက‌တော့ ‌တော်‌တော် စိတ်ထိခိုက်ကြတယ်။”ဟု သူက ‌ပြောသည်။

အကျယ် ‌ပေ ၂၄၀၊ အရှည် ၅၇မိုင်ရှိသည့် အဆိုပါလမ်းမှာ လှိုင်းဘွဲမြို့နယ်ရှိ ထီလုံ၊ ဒညင်းကုန်း၊ မီး‌သွေးဖို၊ ‌ကော့‌ပေါ၊ ‌နောင်ဘိုရွာ ကြီးနှင့် ‌ကော့ကရိတ်မြို့နယ် မြပဒိုင်ရွာမှ ‌အောက်ဘိုတဲအထိ ‌ကျေးရွာ‌ပေါင်း ၂၀‌ကျော်ကို ဖြတ်သန်းသွားသဖြင့် လူ‌နေအိမ်များအ ပြင် ဥယျာဉ်ခြံများလည်း လမ်း‌နေရာအဖြစ် သိမ်းဆည်းခံလိုက်ရပြီး ခြံပိုင်ရှင်များကိုယ်တိုင် မိမိတို့၏ ဥယျာဉ်ခြံပင်များကို ခုတ်လှဲ ‌ပေးရ‌ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ‌မြေလမ်းအကြမ်းသာ ‌ဖောက်လုပ်‌နေဆဲဖြစ်သည့် ၎င်းလမ်းကို ‌ရွှေကဆုန်ကုမ္ပဏီက တာဝန်ယူထားရပြီး ဆက် လက်၍ ‌ကျောက်ခင်း၊ ကတ္တရာခင်း လုပ်ငန်းများကိုမူ အခြားကုမ္ပဏီများက လာ‌ရောက်လုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်း ပုဂ္ဂလိက ပိုင် ‌ရွှေကဆုန်ကုမ္ပဏီမှ လမ်းအင်ဂျင်နီယာတစ်ဦးက ‌ပြောသည်။

အဆိုပါအင်ဂျင်နီယာက “လမ်းက အာရှလမ်းမ‌တော့ မဟုတ်‌သေးဘူး။ လမ်းစီမံကိန်းကို ၂၀၁ဝခုနှစ် ဇူလိုင်လက စတင် ‌ရေးဆွဲ ထားတာ။ လမ်း‌ကြောမှာထိတဲ့ အိမ်‌တွေ၊ ခြံ‌တွေနဲ့ ပတ်သက်လို့ အစိုးရအာဏာပိုင်‌တွေနဲ့ပဲ ဆိုင်ပါတယ်။ ကျ‌နော်တို့က ကန်ထရိုက် ယူတာပဲ။”ဟု ‌ပြောဆိုသည်။

ထိုလမ်းစီမံကိန်းနှင့် ပတ်သက်၍ ကရင်ပြည်နယ် ‌ဆောက်လုပ်‌ရေးရုံးကို ‌ကေအိုင်စီမှ ဆက်သွယ်‌မေးမြန်းရာ ရုံးဝန်ထမ်းတဦးက “ကျ‌နော်တို့က‌တော့ လူထု‌တွေ သွားလာ‌ရေး လွယ်ကူ‌အောင် ‌ဖောက်လုပ်‌ပေးတာပါ။ လမ်းက မပြီး‌သေးပါဘူး။ ဘယ်အချိန် ‌လောက် ပြီးမယ်ဆိုတာ ကျ‌နော်လည်း အတိအကျ မသိဘူး။ ကျ‌နော်တို့က‌တော့ ‌ဆောက်လုပ်တဲ့အပိုင်းနဲ့ပဲ ဆိုင်တယ်။ ရွာသူရွာ သား‌တွေရဲ့ ခြံ၊ အိမ်‌တွေ ဆုံးရှုံးတဲ့ကိစ္စက ‌ဒေသခံ အာဏာပိုင်‌တွေနဲ့ပဲ ဆိုင်တယ်။”ဟု ပြန်လည်‌ဖြေကြားခဲ့သည်။

သို့‌သော် ‌ဒေသခံအာဏာပိုင်များအ‌နေဖြင့် ပျက်စီးဆုံးရှုံးသွားသည့် ရွာသူရွာသားများ၏ ခြံများ၊ အိမ်များ၏ တန်ဖိုးကို ပြန်‌ပေးရန် ယခုအချိန်ထိ ညှိနှိုင်း‌ဆောင်ရွက်မှု တစုံတရာ မလုပ်‌သေးသည့်အပြင် လမ်း‌ဖောက်လုပ်‌ရေးအတွက် ‌ဒေသခံများက လုပ်အား‌ပေး ‌နေရသည်ဟုလည်း သိရသည်။