Home အယ်ဒီတာ့အာဘော် လွတ်‌မြောက်မှုကို လက်နက်တစ်ခုလို အသုံးပြုကြ‌စေချင်

လွတ်‌မြောက်မှုကို လက်နက်တစ်ခုလို အသုံးပြုကြ‌စေချင်

1626
အယ်ဒီတာ့အာ‌ဘော်

ဗမာပြည်ကို နှစ်‌ပေါင်း ၂၀‌ကျော်ကြာ မတရား အုပ်ချုပ်လာခဲ့‌သော နအဖ စစ်အုပ်စု၏ မတရား ဖွဲ့စည်းပုံဖြင့် အ‌ခြေခံထားသည့် မတရား ‌ရွေး‌ကောက်ပွဲမှာ နိုဝင်ဘာလ ၇ရက်‌နေ့က ပြီးဆုံးခဲ့ပြီး ဖြစ်သည်။ ၎င်း‌ရွေး‌ကောက်ပွဲ မတိုင်ခင် ‌ဘောင်းဘီချွတ် စစ် ဗိုလ်ချုပ်ကြီးများ ပါဝင်ဖွဲ့စည်းထားသည့် ပြည်‌ထောင်စု ကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ(ကြံ့ဖွံ့)က အစိုးရဝန်ထမ်းများနှင့် ‌ကျေး လက်လူထုများကို ကြိုတင် ‌ထောက်ခံမဲ ‌ကောက်ခံထားခြင်း၊ ‌ရွေး‌ကောက်ပွဲရက်တွင်လည်း ‌ချော့မြူခြိမ်း‌ခြောက်မှုများကြားမှ မဲ ဆန္ဒရှင် ပြည်သူများမှာ လွတ်လပ်စွာ မဲ‌ပေးခွင့်မရှိခဲ့ကြသည်ကို ကြားသိ‌နေခဲ့ရသည်။

ထို့အတူ မြန်မာ့ဒီမိုက‌ရေစီ‌ခေါင်း‌ဆောင် ‌ဒေါ်‌အောင်ဆန်းစုကြည်ကိုလည်း လုပ်ကြံဖမ်းဆီးကာ ၎င်းတို့ လွှတ်ရက်သတ်မှတ်ခဲ့ သည့် ‌ရွေး‌ကောက်ပွဲအလွန် နိုဝင်ဘာလ ၁၃ရက်‌နေ့တွင် ပြန်လည် လွှတ်‌ပေးခဲ့သည်မှာလည်း နိုင်ငံ‌ရေးအရ မျက်စိပိတ် နား ပိတ် အသိအမြင်၊ အ‌တွေးအ‌ခေါ် အ‌မှောင်ချခံထားရ‌သော ဗမာပြည်သူလူထုနှင့် နိုင်ငံတကာကို နာမည်‌ကောင်းယူလိုက်သည့် နိုင်ငံ‌ရေးမျက်လှည့် လုပ်‌ဆောင်မှုတစ်ခုသာ ဖြစ်သည်။

စစ်အုပ်စု၏ ဖမ်းဆီးချုပ်‌နှောင်မှုမှ လွတ်‌မြောက်လာသည့် ‌ဒေါ်‌အောင်ဆန်းစုကြည်မှာ ပြန်လွှတ်သည့်‌နေ့မှစ၍ ယ‌နေ့ထိတိုင် မိမိ၏ ပါတီ‌ခေါင်း‌ဆောင်များ၊ ပါတီဝင်လူငယ်များ၊ လူထုနှင့် မီဒီယာများသို့ ရသမျှနည်းလမ်းဖြင့် အခါမလပ် ဆက်သွယ်လုပ် ‌ဆောင်ရင်း လွတ်‌မြောက်မှုကို ရသ‌လောက် အသုံးချသွားခဲ့သည်။ ဗမာပြည်၏ ပြည်တွင်းစစ်မီးမှာ ယခုဆိုလျှင် နှစ်‌ပေါင်း ၆ဝ ‌ကျော်ကြာလာခဲ့ပြီး ဖြစ်သည်။ သို့‌သော် ဗမာပြည်ကြီးမှာ မတရား အုပ်ချုပ်မင်းလုပ်သူများ၏ လက်‌အောက်တွင် လူမှု‌ရေး၊ ဘာသာ‌ရေး၊ နိုင်ငံ‌ရေးနှင့် တိုင်းရင်းသားများ၏ ဘာသာ စာ‌ပေ ‌ဖော်ထုတ်ထိန်းသိမ်း‌ရေး လှုပ်ရှားမှုများကအစ လွတ်လပ်မှု မရှိ ‌သေးဘဲ ချယ်လှယ်ခံ‌နေရဆဲ ဖြစ်သည်။

ဤသို့ နအဖ စစ်အုပ်စုက ၎င်းတို့၏ မတရား လိမ်လည်မှုများ၊ ခြိမ်း‌ခြောက်မှုများ၊ ‌ချော့မြူစည်းရုံးမှုများကို ‌ချော့တစ်ခါ ‌ခြောက် တစ်လှည့်ဖြင့် မည်သို့ပင် ပြုလုပ်‌နေ‌စေကာမူ ဗမာပြည်တွင်းရှိ နိုင်ငံ‌ရေးလှုပ်ရှားသူများ၊ လူ့အခွင့်အ‌ရေး လှုပ်ရှားသူများနှင့် အလွှာအသီးသီးမှ အ‌ခြေခံလူထု လူတန်းစားများကလည်း မိမိတို့နိုင်ငံကို ဒီမိုက‌ရေစီနိုင်ငံအဖြစ်သို့ ‌ရောက်ရှိ‌အောင် အ‌ကောင် အထည်‌ဖော်‌ဆောင်ရာတွင် ရသမျှ အခွင့်အ‌ရေးကို အမိအရ ဆုပ်ကိုင်တတ်ကြဖို့ လိုသည်။

ဗမာပြည်၏ နိုင်ငံ‌ရေးပြဿနာကို စစ်‌ရေးဖြင့် ‌ဖြေရှင်း၍ မရနိုင်သလို အမျိုးသားပြန်လည်ရင်ကြား‌စေ့‌ရေးအတွက် နိုင်ငံ‌ရေး စားပွဲဝိုင်း ‌ဆွေး‌နွေးမှုတစ်ခုတည်းဖြင့်လည်း မရနိုင်သည့်အတွက် တိုင်းပြည်ကို စစ်မှန်‌သော ဒီမိုက‌ရေစီ လမ်း‌ကြောင်း‌ပေါ် ‌ရောက်‌အောင် ‌ဒေါ်‌အောင်ဆန်းစုကြည်ကဲ့သို့‌သော လူထု‌ခေါင်း‌ဆောင်တစ်ဦးတည်းက မစွမ်း‌ဆောင်နိုင်‌ကြောင်းလည်း သူမ ကိုယ်တိုင် ‌ပြောဆိုခဲ့ပြီးဖြစ်သည်။

မိမိကို ဦးချိုဖြင့် ‌ဝှေ့သတ်‌တော့မည့် ကျွဲရိုင်းတစ်‌ကောင်ကို ရ‌သေ့က ‌မေတ္တာပို့ဆု‌တောင်း‌ပေး‌နေသလို မုဆိုးကလည်း နီးရာ လက်နက်ဖြင့် ဝိုင်းဝန်းတိုက်ခိုက်မှသာ ‌အောင်မြင်နိုင်မည်ဖြစ်၍ ဗမာပြည်တွင်းရှိ ‌သွေးချင်း တိုင်းရင်းညီအစ်ကိုများအ‌နေဖြင့် လည်း မိမိတို့၏ ကိုယ်ပိုင်လွတ်‌မြောက်မှုကို အခွင့်‌ကောင်းယူကာ အကြမ်းမဖက်‌ရေး နည်းလမ်းအပြင် ဓားဓားချင်း၊ လှံလှံချင်း ရင်ဆိုင်ရင်း အဓိက ဘုံရန်သူ လက်တစ်ဆုပ်စာ စစ်အုပ်စု အမြစ်ပြုတ်သည်အထိ စွမ်းစွမ်းတမံ ပူး‌ပေါင်းတိုက်ခိုက်သွားသင့်‌ပေ သည်။