Home ထိပ်တန်းသတင်း နအဖက ၎င်းတို့ ရိက္ခာသယ်ယူ ‌နေသည့် ကားလမ်း‌ဟောင်းကို စတင်ပြုပြင်

နအဖက ၎င်းတို့ ရိက္ခာသယ်ယူ ‌နေသည့် ကားလမ်း‌ဟောင်းကို စတင်ပြုပြင်

2082
ဒီဇင်ဘာလ ၂ဝရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

နအဖ စစ်တပ်က ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် သံလွင်မြစ်ကမ်းနံ‌ဘေးတ‌လျှောက်ရှိ ၎င်းတို့၏ ‌ရှေ့တန်းတပ်များအတွက် ‌ဆောင်းနှင့် ‌နွေရာသီအတွင်း ရိက္ခာသယ်ရန် နှစ်စဉ် အသုံးပြု‌နေသည့် ဖာပွန်မြို့နှင့် ‌ကျောက်ညှပ်ကားလမ်း‌ဟောင်းကို ပြီးခဲ့ သည့်အပတ်မှစ၍ ဘူဒိုဇာ(‌မြေတူးကား)နှစ်စီးဖြင့် စတင် ပြုပြင်‌နေပြီဟု သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလဆန်းမှစ၍ နအဖတပ်များ ရိက္ခာသယ်ယူ‌နေသည့် ဖာပွန်နှင့် ကမ‌မောင်းရွာအကြား ကားလမ်းတစ် ‌လျှောက်ရှိ သစ်သားတံတားငယ် ၇စင်းကို ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်ဖွဲ့ KNLA က မီးရှို့ဖျက်ဆီးပြီး‌နောက် ယခုလို ကားလမ်း‌ဟောင်းကို နအဖ စစ်တပ်က ပြန်လည် ပြုပြင်‌ဖောက်လုပ်လာခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် အင်အား ၁၀၀‌ကျော်ရှိ နအဖ စကခ-၄ လက်‌အောက်ခံ ခမရ(၇၀၅) တပ်ရင်းက အဆိုပါ ကားလမ်း‌ဟောင်း ကို တာဝန်ယူ ပြုပြင်‌ဖောက်လုပ်‌နေခြင်းဖြစ်ပြီး ပြုပြင်‌ဖောက်လုပ်သည့် လက်ရှိ အ‌ခြေအ‌နေကို ဖာပွန်ခရိုင်၊ KNU တပ်မဟာ (၅)မှ ရုံးထိုင်မှူး ဗိုလ်မှူး‌စောကလယ်ဒို့က ယခုလို သုံးသပ်‌ပြောဆိုသည်။

သူက “ဒီကားလမ်း‌ဟောင်းကို မပြုပြင်ရင် သံလွင်တ‌ကြောမှာရှိတဲ့ သူတို့(နအဖ)တပ်‌တွေ ရိက္ခာပြတ်လပ်မှုပြဿနာနဲ့ ကြုံရမှာ ‌ပေါ့။ ဒါ‌ကြောင့် မဖြစ်မ‌နေ သူတို့လုပ်တာပဲ။ ဘူဒိုဇာကား နှစ်စီးနဲ့ ‌ဖောက်တာ‌ပေါ့‌နော်။ ‌ဒေသခံရွာသူရွာသား‌တွေကို လုပ်အား ‌ပေး‌ခေါ်တာမျိုး‌တော့ မရှိ‌သေးဘူး။ ‌လော‌လောဆယ် ဖာပွန်နဲ့ ‌ဖောပို့(ရွာပျက်)ကြားမှာရှိတဲ့ ‌ချောချင်း‌ဒေးလို့ ‌ခေါ်တဲ့‌နေရာအထိ ‌ရောက်တယ်။ ဖာပွန်နဲ့ သိပ်မ‌ဝေးဘူး။ လမ်း‌လျှောက်ရင် တနာရီ‌လောက်ပဲ ရှိမယ်။”ဟု ‌ပြောသည်။

‌ခြေလျင်ဖြင့် တရက်တာ သွားရသည့် ဖာပွန်နှင့် ‌ကျောက်ညှပ်အကြား ကားလမ်းတ‌လျှောက်တွင် ထို့ဖိုပါဒဲ၊ ‌ဖောပို့(ရွာပျက်)၊ ဟိ ဖိုးဒဲ၊ ‌ချောဘွဲဒဲ၊ ‌ကော်‌ဘောဒဲ၊ ပါဟဲ့၊ ‌ဘောဘိုးကျိုးနှင့် သာ့ကွီးခီး ‌ကျေးရွာများ တည်ရှိသည်။

ထို‌ဒေသမှ ရွာသားတဦးက “ဒီကားလမ်းဟာ ၂၀၀၈ ခုနှစ်မှာ နအဖက ‌ကျောက်ညှပ်အထိ ‌ဖောက်လုပ်တာ‌ပေါ့‌နော်။ ဒါ‌ပေမဲ့ ၂၀၀၉ခုနှစ်မှာ‌တော့ ပါဟဲ့အထိပဲ ‌ရောက်တယ်။ အဲဒီက‌နေတဆင့် ရိက္ခာကို သူတို့ မြင်းနဲ့ သယ်တယ်။ ဒီနှစ်‌တော့ ဘယ်အထိ ပြုပြင်‌ဖောက်လုပ်မလဲ မသိဘူး။ ရိက္ခာပို့ဖို့အတွက် ဒီကားလမ်းကို ဧပြီလအထိ‌လောက် သူတို့ သုံး‌လေ့ရှိတယ်။”ဟု ‌ပြောသည်။

သို့‌သော် ၂၀၀၈ခုနှစ်က အဆိုပါလမ်းကို နအဖတပ်မှ ရိက္ခာပို့ရန် ‌ကျောက်ညှပ်အထိ ‌ဖောက်လုပ်ခဲ့ရာ ‌ဖောပို့နှင့် ‌ကျောက်ညှပ် ကြားရှိ ‌ချောဘွဲဒဲရွာနှင့် ဟိဖိုးဒဲရွာနံ‌ဘေးလယ်ကွင်းများကို ဖြတ်သန်းခဲ့သည့်အတွက် လယ်ဧက ၂ဝခန့် ပျက်စီးသွားခဲ့သည်ဟု သိရသည်။

ဖာပွန်မြို့နယ်အတွင်း ယခု ကားလမ်းပြုပြင် ‌ဖောက်လုပ်‌နေသည့်‌ဒေသတွင် စကခ-၄ လက်‌အောက်ခံ ခမရ(၇၀၅)အပြင် အင် အား တစ်‌ထောင်ဝန်းကျင်ရှိ အ‌ရှေ့‌တောင်တိုင်းစစ်ဌာနချုပ်(ရတခ)မှ စစ်ဗျူဟာ(၁) လက်‌အောက်ခံ ခလရ(၁၉)နှင့် ခမရ (၃၄၀)၊ (၃၄၁)၊ (၄၃၄) တပ်ရင်းတို့ လှုပ်ရှားလျှက်ရှိ‌ကြောင်း နယ်‌မြေခံ ‌ကေအဲန်ယူတပ်များက ‌ပြောသည်။