Home ထိပ်တန်းသတင်း တိုက်ပွဲဖြစ်ပွားမှု‌ကြောင့် ရွာသား ၃ဦး ထိခိုက်ဒဏ်ရာရခဲ့

တိုက်ပွဲဖြစ်ပွားမှု‌ကြောင့် ရွာသား ၃ဦး ထိခိုက်ဒဏ်ရာရခဲ့

1603
ဒီဇင်ဘာလ ၂၁ရက်။ နန်းထူးစံ (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ် သုံးဆယ်သုံးဆူ‌ကျေးရွာအနီးတွင် ဒီဇင်ဘာလ ၁၉ရက်‌နေ့က နအဖ ခမရ(၅၄၅)တပ်ဖွဲ့ နှင့် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်ဖွဲ့(KNLA) တပ်ရင်း(၁၈)တပ်ဖွဲ့ဝင်များအကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲ‌ကြောင့် အမျိုး သမီး ၁ဦး အပါအဝင် ရွာသူရွာသား ၃ဦး ဒဏ်ရာရရှိခဲ့‌ကြောင်း သတင်းရရှိသည်။

ထို‌နေ့ည‌နေ ၅နာရီ‌ကျော်အချိန်တွင် မိုးမင်းနိုင် ဦးစီးသည့် နအဖ ခမရ(၅၄၅)တပ်ဖွဲ့နှင့် ‌ကေအဲန်အယ်လ်‌အေ တပ်ရင်း(၁၈)တပ် ဖွဲ့ဝင်များ သုံးဆယ်သုံးဆူရွာအနားတွင် ရင်ဆိုင်တိုး၍ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ရာ နအဖဘက်မှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီး များက အန်‌ကောင်‌ကျေးရွာအတွင်းသို့ ကျ‌ရောက်ခဲ့ခြင်း‌ကြောင့် ရွာသူရွာသားများ ယခုလို ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

‌ကော့ကရိတ်နယ်ခံတစ်ဦးက “အန်‌ကောင်ရွာက သုံးဆယ်သုံးဆူရွာနဲ့ နီးနီး‌လေးဆို‌တော့ နအဖဘက်က ပစ်လိုက်တဲ့ လက်နက် ကြီး‌တွေ ကျတာ‌လေ။ လက်နက်ကြီးအစ‌တွေနဲ့ထိတာ‌ပေါ့။ အဲဒီဒဏ်ရာရတဲ့ အန်‌ကောင်ရွာသား‌တွေက ‌မောင်ကြီး ၇ဝနှစ်၊ ‌မောင်ငြိမ်း ၄ဝနှစ်နဲ့ ‌ဒေါ်စန်းတင် ၅ဝနှစ်တို့ဖြစ်တယ်လို့ သိရတယ်။”ဟု ‌ပြောသည်။

ထို့အပြင် ဒီဇင်ဘာလ ၁၉ရက်‌နေ့ မွန်းလွဲပိုင်း ၁နာရီ‌ကျော်အချိန်၌ ‌ကေအဲန်အယ်လ်‌အေ တပ်ရင်း(၁၈)မှ တပ်ခွဲ(၂)၊ (၃)အဖွဲ့ နှင့် ဒီ‌ကေဘီ‌အေတပ်ဖွဲ့ဝင်များတို့ ပူး‌ပေါင်းပြီး ‌ကော့ကရိတ်မြို့အနီး နအဖ တပ်‌ရေ‌ကျော်ကြီးစခန်းကို သွား‌ရောက်ပစ်ခတ်ခဲ့ရာ နအဖဘက်မှ ၁ဦး‌သေဆုံးပြီး ၂ဦး ဒဏ်ရာရရှိခဲ့‌ကြောင်း ‌ကေအိုင်စီက စုံစမ်းသိရှိရသည်။