Home ထိပ်တန်းသတင်း တိုက်ပွဲ‌ကြောင့် မာနယ်ပ‌လော‌ဒေသမှ ရွာသားများ ထိုင်းဘက်ခြမ်းထွက်‌ပြေး ‌ရောက်ရှိ

တိုက်ပွဲ‌ကြောင့် မာနယ်ပ‌လော‌ဒေသမှ ရွာသားများ ထိုင်းဘက်ခြမ်းထွက်‌ပြေး ‌ရောက်ရှိ

2247
ဒီဇင်ဘာလ ၁၆ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ မာနယ်ပ‌လောနယ်‌မြေအနီးတဝိုက်တွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၁ရက်‌နေ့က နအဖ စစ်တပ်နှင့် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်ဖွဲ့(KNLA) ဖြစ်ပွားခဲ့သည့် တိုက်ပွဲ‌ကြောင့် ထိုင်းနိုင်ငံ မဲ‌ဟောင်‌ဆောင်ခရိုင်ရှိ မူယူထာ့(မိုင်းလုံးကြီး‌ချောင်း)‌ချောင်းကမ်းနံ‌ဘေးတွင် ‌ဒေသခံရွာသား ၆၅ဦး ထွက်‌ပြေးလာသည်ဟု ယမန်‌နေ့က သိရသည်။

ယင်းသို့ထွက်‌ပြေးလာသည့် ရွာသားများမှာ လှိုင်းဘွဲမြို့နယ်၊ မာနယ်ပ‌လော‌ဒေသအတွင်းရှိ နို‌ဒေး‌ကျေးရွာမှ လူကြီး ၃၄ဦးနှင့် က‌လေး ၃၁ဦးတို့ ဖြစ်ကြပြီး ၎င်းတို့ရွာအတွင်း နအဖတပ်မှ လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့ခြင်း‌ကြောင့် ထွက်‌ပြေးလာရခြင်း ဖြစ် ‌ကြောင်း အဆိုပါရွာသားများကို ကိုယ်တိုင်သွား‌ရောက်‌တွေ့ဆုံခဲ့သည့် မယ်လအူးဒုက္ခသည်စခန်း ဥက္ကဌ ‌စော‌ကော်ဝါးက ‌ကေ အိုင်စီကို ယခုလို ‌ပြောသည်။

သူက “အခု သူတို့လာတာက အိမ်‌ထောင်စု ၁၃စု၊ လူက‌တော့ ၆၅‌ယောက်‌ပေါ့‌နော်။ အမျိုးသမီးနဲ့ က‌လေးက အများစုပဲ။ တကယ်ဆိုရင် သူတို့ရွာမှာ အိမ်‌ထောင်စု ၃၈စု ရှိတယ်။ ကျ‌နော် သူတို့(ရွာသား‌တွေ)ကို‌မေး‌တော့ သူတို့ရွာအနီးအနားမှာ တိုက်ပွဲက ပြင်းထန်တာ‌ပေါ့‌နော်။ ‌နောက် နအဖ တပ်ဖွဲ့ကလည်း သူတို့ရွာထဲကို လက်နက်ကြီးနဲ့ ပစ်‌တော့ ထွက်‌ပြေးရတာပဲလို့ ‌ပြောတယ်။”ဟု ‌ပြောသည်။

မာနယ်ပ‌လော‌ဒေသရှိ ‌ပြောက်ကျားတိုက်ပွဲများ‌ကြောင့် ထိုင်းဘက်ခြမ်းသို့ ‌ရောက်ရှိလာသည့် စစ်‌ပြေးဒုက္ခသည်များမှာ နယ် ‌မြေကွာခြားမှုနှင့် ရာသီဥတုဒဏ်‌ကြောင့် အချို့မှာ ကျန်းမာ‌ရေး ချို့တဲ့‌နေ‌ကြောင်းလည်း ‌စော‌ကော်ဝါးက ဆက်လက် ‌ပြောဆို သည်။

“အခုဒီမှာ ‌ရောက်‌နေကြတဲ့သူ‌တွေ တချို့ ဖျားတာ၊ ဝမ်းသွားတာ ဆယ်‌ယောက်‌လောက်ရှိတယ်။ ‌နောက် သူတို့ ‌ရောက်လာတဲ့ ရက်ကဆိုရင် ကိုယ်ဝန်‌ဆောင် အမျိုးသမီးတ‌ယောက် မူယူထာ့မှာပဲ က‌လေး‌မွေးဖွားခဲ့တယ်။ အခု သူတို့ မယ်လအူး‌ဆေးရုံမှာ ပို့ထားတယ်။”ဟု ဆိုသည်။

၎င်းစစ်‌ပြေးဒုက္ခသည် ရွာသားများအတွက် လိုအပ်သည့် အစားအစာ၊ ‌ဆေးဝါးနှင့် အဝတ်အထည်များကို ဒုက္ခသည်ရိက္ခာများ ကူညီ‌ပေး‌နေသည့် (Thai Burma Border Consortium-TBBC)၊ ကုလသမဂ္ဂဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)၊ ‌ဆေးဝါးနှင့် ‌ဆေးကုသ‌ရေး ‌ဆောင်ရွက်သည့်အဖွဲ့(MI) စသည့် အစိုးရမဟုတ်‌သောအဖွဲ့အစည်းများ(NGOs)က ကူညီ‌ထောက်ပံ့‌ပေး‌နေ ‌ကြောင်း ကရင်ဒုက္ခသည်‌ကော်မတီ(KRC)က ‌ပြောသည်။

လက်ရှိအချိန်တွင် ထိုင်းအာဏာပိုင်များက ထွက်‌ပြေးလာသည့် ရွာသူရွာသားများကို ထိုင်းနိုင်ငံ၊ မဲ‌ဟောင်‌ဆောင်ခရိုင်၊ မယ်လ အူးဒုက္ခစခန်းမှ မိနစ် ၃ဝခန့်အကြာ စက်‌လှေစီးသွားရသည့် မူယူထာ့‌နေရာ၌ပင် ခိုလှုံ‌နေထိုင်ခွင့်‌ပေးထားသည်ဟု သိရသည်။

နအဖနှင့် ‌ကေအဲန်ယူတပ်များ ဖြစ်ပွားခဲ့‌သော တိုက်ပွဲ‌ကြောင့် ထိုင်းဘက်ခြမ်းသို့ ထွက်‌ပြေးလာသူများရှိသလို ဒီဇင်ဘာလ ၁၃ရက်‌နေ့အထိလည်း အဆိုပါ‌ဒေသမှ ရွာသားများမှာ ၎င်းတို့ရွာနှင့် မနီးမ‌ဝေး ‌တော‌တောင်ထဲတွင် ထွက်‌ပြေးပုန်း‌ရှောင်လျှက် ရှိ‌သော်လည်း လူဦး‌ရေ အတိအကျကို မသိရှိ‌သေးရ‌သေး‌ပေ။

ဒီဇင်ဘာလ ၁၁ရက်‌နေ့ နို‌ဒေး‌ကျေးရွာပတ်ဝန်းကျင် အနီးတဝိုက်တွင် နအဖ အ‌ရှေ့‌တောင်တိုင်းစစ်ဌာနချုပ်-ရတခ လက် ‌အောက်ခံ ခမရ(၃၃၈)၊ ခမရ(၅၈၇)၊ ခလရ(၂၈)နှင့် ဗိုလ်မှူး‌စောတာမလာ ဦးစီးသည့် KNLA တပ်ရင်း(၂၀၂)တို့ ၃ကြိမ်ဆက် တိုက် ‌ပြောက်ကျားတိုက်ပွဲဖြစ်ပွားခဲ့ပြီး နအဖဘက်မှ ထိခိုက်ဒဏ်ရာရမှုများ ရှိခဲ့သည်။

၁၉၉၄ခုနှစ်ကုန်ပိုင်းတွင် ကရင်အမျိုးသားအစည်းအရုံး(KNU)၏ မာနယ်ပ‌လော ဗဟိုဌာနချုပ် ကျခဲ့သည့်‌နောက်ပိုင်း တိုက်ပွဲ များ ပြန်လည်ဖြစ်ပွားခဲ့ပြီး ၎င်းနယ်‌မြေအတွင်းရှိ နို‌ဒေးရွာသူရွာသားများမှာ စစ်‌ပြေးဒုက္ခသည်အဖြစ် ယခုလို ပထမဦးဆုံးအ ကြိမ် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်‌ပြေးလာခြင်း ဖြစ်သည်။