Home ထိပ်တန်းသတင်း တက်လာသည့် နအဖတပ် ချုံခို တိုက်ခိုက်ခံရ

တက်လာသည့် နအဖတပ် ချုံခို တိုက်ခိုက်ခံရ

1997
ဒီဇင်ဘာ ၁ဝရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် မုလအိ‌တောင်နှင့်ကပ်လျှက် ချူကလီး‌ဒေသသို့ တက်လာသည့် နအဖစစ်‌ကြောင်း အား တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မ‌တော် (ဒီ‌ကေဘီ‌အေ)မှ ချုံခိုတိုက်ခိုက်ခဲ့ရာ နအဖဘက်က ၃ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု သိရသည်။

တပ်အင်အား ၂၀၀‌ကျော်ရှိ အဆိုပါ နအဖ စစ်‌ကြောင်းမှာ ‌ကော့ကရိတ်မြို့နယ်၊ ကျုံဒိုး‌ကျေးရွာ အ‌ခြေစိုက် နအဖ စကခ(၁၉) လက်‌အောက်ခံ ခလရ(၂၉၉)နှင့် ခမရ(၅၆၈) တပ်ရင်းအား ဒီ‌ကေဘီ‌အေ တပ်ရင်း(၉၀၉)၊ တပ်ခွဲ(၄)မှ ဆွဲမိုင်းများဖြင့် ချုံခို တိုက်ခိုက်ခြင်းဖြစ်‌ကြောင်း ထို‌ဒေသတွင် လှုပ်ရှား‌နေ‌သော ဒီ‌ကေဘီ‌အေ ကလို့ထူး‌ဘောဗျူဟာ လက်နက်ကြီးတပ်ဖွဲ့မှ ဒုဗိုလ် ‌စောစမင်းက ‌ပြောသည်။

၎င်းက “ဒီ‌နေ့ မနက် ၁ဝနာရီ ၅၅မိနစ်မှာ ချုကလီး‌ကျေးရွာမ‌ရောက်ခင် မယ်ကလားဖိုးခီး‌နေရာမှာ တက်လာတဲ့ နအဖစစ်တပ် ကို ကျ‌နော်တို့လူ‌တွေ ဆွဲမိုင်း(၂)လုံးနဲ့ တခါတည်း သွားဆွဲ‌တော့ နအဖဘက်က ၃ဦး ဒဏ်ရာ အပြင်းအထန်ရသွားတယ်။ ‌သေတာမရှိဘူး။ ပစ်ခတ်မှုက‌တော့ ၁ဝမိနစ်နီးပါး‌လောက် ကြာတယ်။ ‌ပြောက်ကျားစစ်ဖြစ်တဲ့အတွက် ကျ‌နော်တို့ဘက်က တ‌ယောက်မှ မထိဘူး။”ဟု ‌ပြောသည်။

ယင်းသို့ ချုံခိုတိုက်ခိုက်ခံရ‌သော နအဖစစ်တပ်သည် မြဝတီခရိုင် ဖလူး‌ကျေးနယ်ဘက်တွင် ဒီ‌ကေဘီ‌အေ တပ်ဖွဲ့ဝင်များ၏ ‌စောင့်ကြိုတိုက်ခိုက်မှု‌ကြောင့် ထိုး‌ဖောက်လှုပ်ရှား၍ မရသည့်အတွက် ချူကလီးဘက်သို့ လမ်း‌ကြောင်း‌ပြောင်းကာ တက်လာ သည့်တပ်ရင်းများဖြစ်သည်။

နအဖနှင့် ဒီ‌ကေဘီ‌အေ တပ်ဖွဲ့အကြား ဖြစ်ပွား‌နေသည့် အပြန်အလှန် ပစ်ခတ်မှုသည် အချိန်တစ်လ‌ကျော်ကြာရှိပြီ ဖြစ်‌သော် လည်း ချူကလီး‌ဒေသဘက်တွင် ယခု စတင်ဖြစ်ပွားသည့် ပစ်ခတ်မှုမှ ဒဏ်ရာရ နအဖစစ်သည်များကို ချူကလီး‌ဆေးရုံသို့ ပို့ ‌ဆောင်ခဲ့သည် သိရသည်။

မြဝတီခရိုင် ဖလူး‌ကျေးနယ်နှင့် ‌ဝေါ်‌လေ‌ဒေသဘက်တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက နအဖနှင့် ဒီ‌ကေဘီ‌အေတို့ကြား တိုက်ပွဲ အကြီးအကျယ် ဖြစ်ပွားခဲ့‌သော်လည်း ယ‌နေ့တွင်မူ ည‌နေ ၆နာရီအချိန်ထိ တိုက်ပွဲတစုံတရာ ဖြစ်ပွားခြင်းမရှိ‌ကြောင်း ကလို့ ထူး‌ဘော ဗျူဟာ(၁) စစ်ဆင်‌ရေးမှူး G-2 ဗိုလ်မှူး‌စောဆန်း‌အောင်က ‌ပြောသည်။