Home ထိပ်တန်းသတင်း စစ်‌ရေး၊ နိုင်ငံ‌ရေး၊ လူမှု‌ရေးဆိုင်ရာ ‌ရှေ့လုပ်ငန်းစဉ်များ KNU ချမှတ်

စစ်‌ရေး၊ နိုင်ငံ‌ရေး၊ လူမှု‌ရေးဆိုင်ရာ ‌ရှေ့လုပ်ငန်းစဉ်များ KNU ချမှတ်

1843
ဒီဇင်ဘာလ ၂၂ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးသည် ၎င်းတို့၏ နှစ်ပတ်လည် အစည်းအ‌ဝေးတွင် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲအပြီးကာလ ဖြစ်‌ပေါ်လာနိုင်မည့် စစ်‌ရေး၊ နိုင်ငံ‌ရေးနှင့် လူမှု‌ရေးဆိုင်ရာ အခက်အခဲများကို ပြန်လည်သုံးသပ်ကာ ‌ရှေ့လုပ်ငန်းစဉ်အဖြစ် ချမှတ်လုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်း ယမန်‌နေ့က ‌ကြေညာချက်ထုတ်ကာ ‌ပြောဆိုသည်။

ဒီဇင်ဘာလ ၁၄ရက်မှ ၁၈ရက်‌နေ့အထိ ကရင်ပြည်နယ် လွတ်‌မြောက်နယ်‌မြေတ‌နေရာ၌ ကျင်းပခဲ့သည့် ‌ကေအဲန်ယူ၏ ၁၄ကြိမ် ‌မြောက် ကွန်ဂရက်အပြီး တတိယအကြိမ်‌မြောက် ဗဟိုအမြဲတမ်း‌ကော်မတီ နှစ်ပတ်လည် အစည်းအ‌ဝေးတွင် ထိုအ‌ခြေအ‌နေများ ကို ‌ဆွေး‌နွေးသုံးသပ်ကာ ကြိုတင်ပြင်ဆင်သည့်အ‌နေဖြင့် ဆုံးဖြတ်ခဲ့ခြင်းဖြစ်‌ကြောင်း ‌ကေအဲန်ယူ ဒုဥက္ကဌ ပဒို‌စော‌ဒေးဗစ်သက ‌ဘောက ‌ပြောသည်။

ပဒို‌စော‌ဒေးဗစ်သက‌ဘောက “ကျ‌နော်တို့ရဲ့ ဒီအစည်းအ‌ဝေးမှာ ‌ရွေး‌ကောက်ပွဲအပြီး မြန်မာ့နိုင်ငံ‌ရေးနဲ့ နိုင်ငံတကာ အ‌ခြေအ‌နေ ‌တွေကို သုံးသပ်‌ဆွေး‌နွေးခဲ့တယ်။ အထူးသဖြင့် နအဖရဲ့ လမ်းပြ‌မြေပုံ (၇)ချက်ဟာ ငြိမ်းချမ်း‌ရေးနဲ့ ညီညွှတ်‌ရေးကို ဖြစ်‌ပေါ်‌စေ မှာ မဟုတ်ဘူး။ ဒါ‌တွေရဖို့က အမျိုးသားပြန်လည်သင့်မြတ်‌ရေးပဲ လုပ်ရမယ်။ ဒါ‌ကြောင့် သံတမန်‌ရေး၊ နိုင်ငံ‌ရေး၊ စစ်‌ရေး၊ စီးပွား ‌ရေး၊ လူမှု‌ရေး စတာ‌တွေနဲ့ နအဖကို ဆက်လက် ဖိအား‌ပေးသွားမယ်။ ဒီလုပ်ငန်းစဉ်‌တွေကို ကျ‌နော်တို့ ကြိုတင်ပြင်ဆင်ပြီး ဆုံး ဖြတ်ချက်ချခဲ့ကြတယ်။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

‌ကေအဲန်ယူ၏ ‌ကြေညာချက်တွင် နအဖ၏ လမ်းပြ‌မြေပုံ(၇)ချက်အရ ဖြစ်‌ပေါ်လာသည့် ပါလီမန်နှင့် အစိုးရတို့သည် ၂၀၀၈ ဖွဲ့ စည်းပုံအ‌ခြေခံဥပ‌ဒေကို အ‌ကောင်အထည်‌ဖော်ခြင်းဖြစ်၍ မြန်မာပြည်တွင် ရင်ဆိုင်‌နေရသည့် အ‌ထွေ‌ထွေ အကြပ်အတည်းများ ကို ‌ဖြေရှင်းနိုင်မည် မဟုတ်ဘဲ ရှုတ်‌ထွေးမှုများ ပိုမို‌ပေါ်‌ပေါက်လာနိုင်သလို အမျိုးသားပြန်လည်သင့်မြတ်‌ရေးကို ‌ရှေးရှု၍ စစ်မှန် ‌သော သုံးပွင့်ဆိုင် ‌တွေ့ဆုံ‌ဆွေး‌နွေးမှု ‌ပေါ်‌ပေါက်လာနိုင်ရန် ကြိုးပမ်း‌ဆောင်ရွက်သွားမည်ဟု ပါရှိသည်။

ထို့အပြင် ‌ဒေါ်‌အောင်ဆန်းစုကြည် ‌နေအိမ်အကျယ်ချုပ်မှ လွတ်‌မြောက်လာခဲ့‌သော်လည်း ‌ထောင်နှင့်ချီ‌သော နိုင်ငံ‌ရေးအကျဉ်း သားများ ချွင်းချက်မရှိ ပြန်လည်လွတ်‌မြောက်‌ရေးအတွက် စစ်အစိုးရအား ဆက်လက် ဖိအား‌ပေး‌ဆောင်ရွက်သွားမည်ဖြစ်ပြီး တပ်မ‌တော်‌အောက်‌ခြေထု အပါအဝင် ‌ကျောင်းသား၊ ရဟန်းရှင်လူ ပြည်သူများ အကြပ်အတည်း‌ပေါင်းစုံမှ လွတ်‌မြောက်ရန် ကြိုး ပမ်း‌နေသည့် တိုက်ပွဲဝင်လှုပ်ရှားမှုများ၊ နယ်ခြား‌စောင့်တပ်ဖွဲ့စည်း‌ရေး လက်မခံသည့် အပစ်ရပ်အဖွဲ့များ၏ ရပ်တည်ချက်နှင့် လှုပ်ရှားမှုကို အသိအမှတ်ပြု‌ကြောင်းလည်း ‌ကေအဲန်ယူက ထည့်သွင်း‌ပြောဆိုထားသည်။

၎င်းအပြင် “အခုလက်ရှိ တိုက်ပွဲ‌တွေ‌ကြောင့် ကရင်ပြည်သူလူထု‌တွေ အခက်အခဲ‌တွေနဲ့ ရင်ဆိုင်ကြုံ‌တွေ့‌နေရတယ်‌လေ။ ဒီလို လူ့အခွင့်အ‌ရေး ချိုး‌ဖောက်ခံ‌နေရတဲ့ အခက်အခဲ၊ အကြပ်အတည်း‌တွေက အ‌ခြေအ‌နေ ပိုဆိုးဝါးလာ‌နေတယ်ဆို‌တော့ ဒါ‌တွေကို အမြန်ဆုံး အဆုံးသတ်ဖို့ ‌ကေအဲန်ယူအ‌နေနဲ့ အားစိုက်လုပ်‌ဆောင်သွားမယ်။”ဟု ‌ကေအဲန်ယူ ဒုဥက္ကဌက ဆိုသည်။

ဆက်လက်၍ KNU အ‌နေဖြင့် ပြည်တွင်းပြည်ပ နိုင်ငံတကာ အင်အားစုများ၊ မဟာမိတ်များနှင့် လက်တွဲ၍ မြန်မာနိုင်ငံအတွင်း စစ်မှန်‌သော ဖက်ဒရယ်ပြည်‌ထောင်စု ‌ပေါ်ထွန်းလာသည်အထိ ရုန်းကန်တိုက်ပွဲဝင်သွားမည်ဟု ‌ကြေညာချက်တွင် ‌ဖော်ပြထား သည်။

၁၄ကြိမ်‌မြောက် ‌ကေအဲန်ယူ ညီလာခံကို ၂၀၀၈ခုနှစ်၊ ‌အောက်တိုဘာလတွင် ကျင်းပပြီးစီးခဲ့ပြီး‌နောက် ဗဟိုအမြဲတမ်း‌ကော်မတီ အစည်းအ‌ဝေးကို နှစ်စဉ် ပြုလုပ်လာခဲ့ရာ ယခုတတိယအကြိမ်တွင် ‌ကေအဲန်ယူ ဗဟိုအမြဲတမ်း‌ကော်မတီ အဖွဲ့ဝင် ၃၄ဦး တက် ‌ရောက်ခဲ့ကြသည်ဟု သိရသည်။

ကရင်အမျိုးသားအစည်းအရုံးသည် ၁၉၄၈ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၅ရက်‌နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ယခုအချိန်ထိ စစ်အုပ်စုကို ‌တော်လှန်တိုက်ခိုက်‌နေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု ဖြစ်သည်။