Home ထိပ်တန်းသတင်း ကရင်နှစ်သစ်ကူးအတွက် ‌ကျေးနယ်တခု ‌ငွေ ၅သိန်းစီ ‌တောင်းခံ

ကရင်နှစ်သစ်ကူးအတွက် ‌ကျေးနယ်တခု ‌ငွေ ၅သိန်းစီ ‌တောင်းခံ

1764
ဒီဇင်ဘာလ ၂၅ရက်။ နန်း‌ဖော့‌ဂေ (‌ကေအိုင်စီ)

နယ်ခြား‌စောင့်တပ်၏ အကြံ‌ပေးပုဂ္ဂိုလ်တစ်ဦးဖြစ်သူ ဗိုလ်ချုပ်ဖားနွီးက ပိုင်ကျုံမြို့နယ်ရှိ ဖားအီး‌ကျေးရွာ၌ ကရင်နှစ်သစ်ကူးပွဲ ကျင်းပရန်အတွက် ‌ကျေးနယ်အချို့ကို ‌ငွေကျပ် ၅သိန်းစီ ‌ကောက်ခံခဲ့သည်ဟု ‌ကေအိုင်စီက စုံစမ်းသိရှိရသည်။

လှိုင်းဘွဲမြို့နယ်နှင့် ပိုင်ကျုံမြို့နယ်အတွင်းမှ ပ‌လောညာသီး၊ ကမို၊ ဖားကပ်၊ တ‌ခေါ်ဘီ(ကွမ်ဘီ)၊ ‌နောတဲ စသည့် ‌ကျေးနယ် တခုချင်းစီမှ ‌ငွေကျပ် ၅သိန်းစီ ‌တောင်းခံခဲ့ရာ ရွာသားများက ဒီဇင်ဘာလ ၁၈ရက်‌နေ့တွင် ‌ပေး‌ဆောင်ခဲ့ပြီးဖြစ်သည်ဟု အမည်မ ‌ဖော်လိုသူ ရွာသားတစ်ဦးက ယခုလို ‌ပြောသည်။

“နှစ်သစ်ကူးအတွက် ‌ငွေ‌ကောက်တာ‌တော့ ကြာပါပြီ။ ရွာ‌တွေက ဒီလ ၁၈ရက်‌နေ့ကတည်းက ‌ပေးလိုက်ပြီးသွားပြီ။ သူက ဘာမှမလုပ်‌တော့‌ပေမဲ့ အရင် အရှိန်အဝါနဲ့ဆို‌တော့ ‌ပေးရတာ‌ပေါ့။”ဟု ဆိုသည်။

‌ကေအဲန်ယူ ဖားအံခရိုင် ဥက္ကဌ ပဒို‌စော‌အောင်‌မော်‌အေးက “ဒီနှစ်သစ်ကူးအတွက်က အရင်နှစ်‌တွေကလည်း ‌ကျေးနယ်‌တွေက နှစ်တိုင်း ‌ကောက်‌နေတာပါပဲ။ ဖားအီးရွာမှာလုပ်မယ်ဆို‌တော့ အဲဒါက ပိုင်ကျုံမြို့နယ်ထဲကပါ။”ဟု ‌ပြောသည်။

ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ‌ကျေးနယ်‌ပေါင်း များစွာရှိသည့်အနက် ယခုနှစ်သစ်ကူးပွဲ ကျင်းပမည့် ရွာအနီးတဝိုက်မှ ‌ကျေး နယ်များကိုသာ ‌ကောက်ခံခြင်းဖြစ်နိုင်‌ကြောင်း သူက ဆက်လက် ‌ပြောဆိုသည်။

လှိုင်းဘွဲမြို့နယ်၊ ကွမ်ဘီရွာဇာတိဖြစ်သူ ဗိုလ်ချုပ်ဖားနွီးသည် ယခင်က ဒီ‌ကေဘီ‌အေ (၉၉၉)တပ်မဟာမှူးဖြစ်ခဲ့ပြီး လက်ရှိအချိန် တွင် နယ်ခြား‌စောင့်တပ်၏ အကြံ‌ပေးပုဂ္ဂိုလ်တစ်ဦးအဖြစ် တာဝန်ယူထားသည်။