Home ထိပ်တန်းသတင်း ကမ္ဘာ့ HIV/AIDS တိုက်ဖျက်‌ရေး‌နေ့ ထိုင်းနိုင်ငံ၊ မဲ‌ဆောက်တွင် ကျင်းပ

ကမ္ဘာ့ HIV/AIDS တိုက်ဖျက်‌ရေး‌နေ့ ထိုင်းနိုင်ငံ၊ မဲ‌ဆောက်တွင် ကျင်းပ

1672
ဒီဇင်ဘာလ ၁ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ယ‌နေ့ ကျ‌ရောက်‌သော ကမ္ဘာ့ HIV/AIDS တိုက်ဖျက်‌ရေး‌နေ့တွင် မြန်မာနိုင်ငံသားနှင့် ထိုင်း‌ကျောင်းသားအချို့ အပါအဝင် လူဦး‌ရေ ၃၀၀‌ကျော် လမ်း‌လျှောက်ချီတက်ပွဲ အစီအစဉ်နှင့် အခမ်းအနားတစ်ခုကို ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့၌ မနက် ၉နာရီတွင် ပြုလုပ်ကျင်းပခဲ့သည်။

မဲ‌ဆောက်မြို့၊ ‌ဆေးရုံကြီးမှတဆင့် မယ်‌တော်‌ဆေးခန်းသို့ ဦးတည်သည့် အဆိုပါ လမ်း‌လျှောက်ချီတက်ပွဲတွင် မဲ‌ဆောက်အ ‌ခြေစိုက် ‌ရောင်ခြည်ဦး ‌ရွှေ့‌ပြောင်းအလုပ်သမားအဖွဲ့၊ ‌ရွှေ့‌ပြောင်း မြန်မာစာသင်‌ကျောင်း ၁၅‌ကျောင်းမှ ‌ကျောင်းသား‌ကျောင်း သူများ၊ ထိုင်းစာသင်‌ကျောင်းတ‌ကျောင်းမှ ‌ကျောင်းသူ‌ကျောင်းသားတစ်ဖွဲ့နှင့် လူမှု‌ရေးအဖွဲ့အစည်းများ ပါဝင်ခဲ့ကြသည်။

ကမ္ဘာ့ခုခံအားကျဆင်းမှု တိုက်ဖျက်‌ရေး‌နေ့ (HIV/AIDS Day) အခမ်းအနားဖြစ်‌မြောက်‌ရေး ဦး‌ဆောင်သူတဦးဖြစ်သည့် မယ် ‌တော်‌ဆေးခန်းမှ ဆရာ‌စော‌နေဦးက အခမ်းအနား ရည်ရွယ်ချက်ကို ယခုလို ‌ပြောသည်။

“ကျ‌နော်တို့ ကျင်းပရတဲ့ရည်ရွယ်ချက်က တကမ္ဘာလုံးမှာ ရှိတဲ့လူသား‌တွေ HIV/AIDS ‌ရောဂါမရ‌အောင်၊ ‌ရောဂါ‌တွေကို ဘယ် လိုမျိုးပုံစံနဲ့ ကာကွယ်ရမလဲဆိုတာကို နည်းလမ်း‌တွေ သူတို့ သိလာ‌အောင်၊ လူသားချင်း စာနာတဲ့အ‌နေနဲ့ ဒီ‌ရောဂါဖြစ်တဲ့သူ ‌တွေကို ခွဲခြား ပြီး မဆက်ဆံကြဖို့နဲ့ ‌ဖေးမကူညီ‌ပေးဖို့။ ‌နောက် ဒါကို လူတဦးချင်းအပြင် တကမ္ဘာလုံးက လူ‌တွေသိ‌အောင် လုပ် ရတာ ဖြစ်ပါတယ်။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ထိုအခမ်းအနားတွင် ‌ကျောင်းသူ‌ကျောင်းသားများနှင့် လူမှုအဖွဲ့အစည်းများအပြင် HIV/AIDS ‌ဝေဒနာရှင်များလည်း တက် ‌ရောက်ခဲ့ကြသည်။

‌ဝေဒနာရှင် မခင်‌လေးသွယ်က “ဒီလို‌ရောဂါတိုက်ဖျက်‌ရေး‌နေ့ကို ‌ရောဂါရှိတဲ့သူလည်း အားမငယ်ဘဲ ပါဝင်ကြဖို့‌ပေါ့‌နော်။ တကမ္ဘာလုံးနဲ့ဆိုင်လို့ပါ။ တချို့ ဒီ‌ရောဂါပိုးရှိတယ်လို့ သိတာနဲ့ အခုပဲ ‌သေ‌တော့မလား ဖြစ်‌နေတယ်။ ကျမဆို ဒီ‌ရောဂါရတာ ၇နှစ်ကြာပါပြီ။ ဒါ‌ကြောင့် HIV ‌ဝေဒနာရှင် ‌တွေ စိတ်ဓါတ်ခိုင်ကြဖို့ တိုက်တွန်းချင်တယ်။”ဟု ‌ပြောသည်။

အခမ်းအနားတွင် HIV/AIDS ပညာ‌ပေးလက်ကမ်းစာ‌စောင်၊ ပြက္ခဒိန်၊ ကွန်ဒုံးများ ဖြန့်‌ဝေ‌ပေးခြင်း၊ အချိုရည်၊ ‌သောက်‌ရေ သန့်များ လှူဒါန်းခြင်းနှင့် အတီးအကများဖြင့် ဧည့်ခံ‌ဖြေ‌ဖျော်‌ရေး အစီအစဉ်ကို လုပ်‌ဆောင်ခဲ့ကြသည်။

ကမ္ဘာ့ HIV/AIDS တိုက်ဖျက်‌ရေး‌နေ့ အခမ်းအနားကို တက်‌ရောက်ခဲ့သူ ‌နော်ခင်သူက လူငယ်တ‌ယောက်အ‌နေဖြင့် တက်ခွင့်ရ သည့်အ‌ပေါ် ဝမ်းသာမိ‌ကြောင်း၊ HIV/AIDS ‌ရောဂါသည် တမ္ဘာ့လုံးတွင် ပျံ့နှံ့‌နေသည့်အတွက် လူတဦးချင်းလိုက်‌သော်လည်း ‌ကောင်း၊ ‌ဒေသအလိုက်၊ နိုင်ငံအလိုက်နှင့် တကမ္ဘာလုံးအတွက် အ‌ရေးကြီးသည့် ‌နေ့တ‌နေ့ဖြစ်‌ကြောင်းနှင့် လူတန်းစားမ‌ရွေး အားလုံး ဆက်လက်၍ ဝိုင်းဝန်းတိုက်‌စေလို‌ကြောင်း ရင်ဖွင့်‌ပြောဆိုသည်။

နိုင်ငံတကာမှ ကမ္ဘာ့ HIV/AIDS တိုက်ဖျက်‌ရေး‌နေ့ကို ၁၉၉၅ခုနှစ်၌ စတင် အသိအမှတ်ပြုခဲ့ပြီး မြန်မာနိုင်ငံတွင် HIV/AIDS ‌ရောဂါကူးစက်ခံရသူ‌ပေါင်း ၂သိန်း ၄‌သောင်း ရှိသည်ဟု နအဖ စစ်အစိုးရ ကျန်းမာ‌ရေးဝန်ကြီးဌာနနှင့် WHO ကမ္ဘာ့ကျန်းမာ ‌ရေးအဖွဲ့ကြီးတို့၏ ၂၀၀၉ခုနှစ်၊ တရားဝင် သတင်းထုတ်ပြန်ချက်အရ သိရသည်။