Home ထိပ်တန်းသတင်း ကြိုတင်မဲ‌ပေးရသည့် ဝန်ထမ်းများ ကြံ့ဖွံ့ပါတီကို မဲ‌ပေး‌နေရ

ကြိုတင်မဲ‌ပေးရသည့် ဝန်ထမ်းများ ကြံ့ဖွံ့ပါတီကို မဲ‌ပေး‌နေရ

2039
နိုဝင်ဘာလ ၅ရက်။ နန်းထူးစံ (‌ကေအိုင်စီ)

ကရင်ပြည်နယ် ဖားအံမြို့တွင် ကြိုတင်မဲ‌ပေးရသည့် စစ်အစိုးရဝန်ထမ်းများသည် မိမိကြိုက်နှစ်သက်ရာ ပါတီကို မဲ‌ပေး ခွင့်မရှိဘဲ ပြည်‌ထောင်စု ကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီကိုသာ မဲထည့်ရသည်ဟု ဖားအံမြို့များက ‌ပြောသည်။

အစိုးရဝန်ထမ်း မိသားစုဝင်တစ်ဦးက “ကြိုတင်မဲ‌ကောက်တာက ဒီ‌နေ့ပါဆို ၃ရက်ရှိပြီ။ မဲထည့်ရတဲ့ ဝန်ထမ်း‌တွေ မဲခြစ် တဲ့‌နေရာမှာ ကြံ့ဖွံ့ပါတီဝင်‌တွေက လိုက်ကြည့်တယ်။ မင်းတို့ ဘယ်ပါတီခြစ်လဲ‌ပေါ့။ အဲလိုမျိုး‌တွေ လိုက်လုပ်တယ်။ ကြံ့ဖွံ့ပါတီပဲ ခြစ်လိုက်ရတယ်။”ဟု ‌ပြောသည်။

ထိုသို့ ကြိုတင်မဲ‌ပေးရသည့် ဝန်ထမ်းများမှာ မဲရုံမှူး၊ မဲရုံ‌စောင့်ကြည့်‌ရေးအဖွဲ့များ၊ ‌ရွေး‌ကောက်ပွဲနှင့် ပတ်သက်၍ တာ ဝန်‌ပေးအပ်ခံရသူများ ဖြစ်သည်ဟု သိရသည်။ ၎င်းတို့အထဲတွင် အချို့က ကရင်ပြည်နယ်ကို အ‌ခြေပြု ဖွဲ့စည်းထား သည့် ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီ(PSDP) ကို မဲ‌ပေးချင်‌သော်လည်း မဲ‌ပေးခွင့် မရလိုက်ဘဲ ကြံ့ဖွံ့ပါတီကိုသာ မဲ‌ပေး ဖြစ်ခဲ့သည်ဟု ဆိုသည်။

ကြံ့ဖွံ့ပါဝင်များ ‌စောင့်ကြည့်မှုရှိသည့် ယခုလို ကြိုတင်မဲ ‌ကောက်ယူခြင်းမျိုးတွင် မဲမသမာမှုများရှိ‌နေပြီး မျှတမှု လုံးဝ မရှိ ‌ကြောင်း PSDP ၏ ပါတီဝင် အမျိုးသမီးတစ်ဦးက ‌ပြောသည်။

သူမက “သူတို့ အခုလုပ်တာ ကြံ့ဖွံ့ကိုပဲ မဲ‌ပေးရတယ်။ တချို့ဝန်ထမ်း‌တွေက ကျမတို့ ပါတီဝင်‌တွေ ဖြစ်‌နေတယ်။ ကိုယ် ကြိုက်တဲ့သူကို မဲ‌ပေးခွင့်မရတာ‌တော့ မမျှတဘူး‌ပေါ့။”ဟု ‌ပြောသည်။

တစည၊ ကြံ့ဖွံ့နှင့် ဖလုံ-စ‌ဝေါ်ပါတီတို့ ဝင်‌ရောက်ယှဉ်ပြိုင်ကြမည့် ကရင်ပြည်နယ်၏ မြို့‌တော် ဖားအံမြို့တွင်း၌ ကြံ့ဖွံ့ ပါတီက ရပ်ကွက်လူကြီးများမှတဆင့် လူထုကို အတင်းအကြပ် ကြိုတင်မဲ ထည့်ခိုင်းမှုများရှိ‌သော်လည်း ထိုဖြစ်စဉ်နှင့် ပတ်သက်၍ မြို့နယ်‌ကော်မရှင်များက တစုံတရာ ဝင်‌ရောက်‌ပြောဆိုခြင်းမရှိ‌ပေ။

အလားတူ ယမန်‌နေ့ကလည်း လှိုင်းဘွဲမြို့နယ်တွင် ဝင်‌ရောက်ယှဉ်ပြိုင်မည့် ကရင်ပြည်နယ် ဒီမိုက‌ရေစီနှင့် ဖွံ့ဖြိုးတိုး တက်‌ရေးပါတီက ၎င်း‌ဒေသရှိ ‌ရွေး‌ကောက်ပွဲမကျင်းပသည့် ကန့်သတ်နယ်‌မြေရှိ ‌ကျေးရွာများတွင် အဓမ္မမဲ‌ပေး ခိုင်း‌နေ ‌ကြောင်း သိရသည်။