Home ထိပ်တန်းသတင်း ဩစ‌တြေးလျား‌ရောက် ဒီမိုက‌ရေစီအင်အားစုများ ‌ရွေး‌ကောက်ပွဲ သပိတ်‌မှောက်

ဩစ‌တြေးလျား‌ရောက် ဒီမိုက‌ရေစီအင်အားစုများ ‌ရွေး‌ကောက်ပွဲ သပိတ်‌မှောက်

1382
နိုဝင်ဘာလ ၅ရက်။ ‌စော‌ကျော်ခွီး (‌ကေအိုင်စီ)

နိုဝင်ဘာလ ၇ရက်‌နေ့၌ စစ်အစိုးရ ကျင်းပမည့် ‌ရွေး‌ကောက်ပွဲကို ကန့်ကွက်ရှုတ်ချ‌ကြောင်း ဩစ‌တြေးလျား‌ရောက် တိုင်းရင်း သားနှင့် ဒီမိုက‌ရေစီအင်အားစုများက ကန်ဘာရာမြို့ရှိ မြန်မာစစ်အစိုးရ သံရုံး‌ရှေ့တွင် ယ‌နေ့ ‌နေ့လည်အချိန်တွင် စု‌ဝေးဆန္ဒ ပြကြသည်ဟု သိရသည်။

ထိုဆန္ဒပြပွဲတွင် စစ်အာဏာရှင် ချုပ်ငြိမ်း‌ရေး၊ တိုင်းရင်းသား‌ဒေသများတွင် ထိုးစစ်ဆင်မှု ရပ်တန့်‌ရေး၊ သုံးပွင့်ဆိုင်‌ဆွေး‌နွေးမှု ‌ပေါ်ထွန်းလာ‌ရေး၊ ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့် နိုင်ငံ‌ရေး အကျဉ်းသားများ လွတ်‌မြောက်‌ရေး၊ အတုအ‌ယောင်‌ရွေး‌ကောက်ပွဲကို ရပ်ဆိုင်း‌ရေး စသည်တို့ကို ‌တောင်းဆိုခဲ့ကြသည်။

ဆန္ဒပြပွဲအခမ်းအနားကို ဦး‌ဆောင်သည့် Joint Action Committee for a Democratic Burma(JACDB)မှ နာယက ဦး ‌မောင်‌မောင်‌အေးက “၂၀၁ဝ ‌ရွေး‌ကောက်ပွဲရလဒ်ကို ဆန့်ကျင်တိုက်ဖျက်သွားမယ်။ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက လည်း ဒီအတုအ‌ယောင် ‌ရွေး‌ကောက်ပွဲကို အသိအမှတ်မပြုဖို့ တိုက်တွန်းတယ်။”ဟု အခမ်းအနားတွင် ‌ပြောဆိုသွားသည်။

တချိန်တည်းတွင် ဩစ‌တြေးလျား ကရင်အမျိုးသားအဖွဲ့မှ ဥက္ကဌ ‌စောလွင်ဦးကလည်း တိုင်းရင်းသားလူမျိုးများအ‌ပေါ် လူမျိုး တုန်းစစ်ဆင်‌နေသည့် နအဖစစ်အုပ်စုကို နိုင်ငံတကာ ကမ္ဘာ့စစ်ခုံရုံး တင်နိုင်‌ရေးအတွက် စုံစမ်းစစ်‌ဆေး‌ရေးအဖွဲ့ အမြန်ဖွဲ့စည်း ရန် ဩစ‌တြေးလျားအစိုးရအ‌နေဖြင့် ဝိုင်းဝန်းဖိအား‌ပေး‌စေလိုသည်ဟု ‌ပြောသည်။

၎င်းဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူ ကရင်တိုင်းရင်းသား ‌စောစန်းလွင်က “ပြည်သူ‌တွေကို ကိုယ်စားမပြုတဲ့ ဒီ‌ရွေး‌ကောက်ပွဲကို ကျ‌နော် တို့ ကန့်ကွက်နိုင်ဖို့ အရမ်းအ‌ရေးကြီးတယ်။ ဒီလိုအ‌ရေးကြီးဆုံးအချိန်မှာ ပြည်သူ‌တွေ တ‌သွေးထဲ၊ တသားထဲ၊ တသံထဲ ဖြစ်ပြီး ‌တော့ ဒီ ၂၀၁ဝ ‌ရွေး‌ကောက်ပွဲကို မဲမထည့်ကြဘဲ ရဲရဲကန့်ကွက်ကြဖို့လိုတယ်။”ဟု ဆိုသည်။

ထိုဆန္ဒပြပွဲတွင် ရဟန်းသံဃာ၊ ကရင်၊ မြန်မာ၊ မွန်တိုင်းရင်းသားများအပါအဝင် ‌အေဘီအက်စ်ဒီအက်ဖ်ရဲ‌ဘော်များ၊ ရှစ်‌လေးလုံး ‌ကျောင်းသားများ၊ ဒီမိုက‌ရေစီအင်အားစုများ၊ ဘားမားကန်ပိန်းမှ ကိုယ်စားလှယ်များနှင့် မြန်မာ့ဒီမိုက‌ရေစီအ‌ရေး လှုပ်ရှားသူ စုစု‌ပေါင်း ၁၀၀‌ကျော် ပါဝင်ဆန္ဒပြခဲ့ကြသည်။

ဩစ‌တြေးလျား‌ရောက် တိုင်းရင်း သားနှင့် ဒီမိုက‌ရေစီအင်အားစုများ ၂၀၁ဝ ‌ရွေး‌ကောက်ပွဲအားသပိတ်‌မှောက်

မြန်မာသံရုံး‌ရှေ့တွင် ယ‌နေ့ ‌နေ့လည် ၁နာရီမှ ၃နာရီအထိ အဆိုပါ တိုင်းရင်းသားများနှင့် ဒီမိုက‌ရေစီအင်အားစုများ ဆန္ဒပြခဲ့ ‌သော်လည်း သံရုံးမှ တစုံတရာ ပြန်လည် တုန့်ပြန်ခြင်းမရှိဟု သိရသည်။

ထိုဆန္ဒပြပွဲအပြီးတွင်(JACDB)မှ ဦး‌မောင်‌မောင်‌အေးက ၂၀၁၀‌ရွေး‌ကောက်ပွဲနှင့် ‌ရွေး‌ကောက်ပွဲမှ မတရားအာဏာရလာမည့် မည်သည့်ပါတီကိုမှ မ‌ထောက်ခံဘဲ ဆက်လက်ဖိအား‌ပေးသွားရန် (Department of Foreign Affair and Trade) နိုင်ငံခြား ‌ရေးဝန်ကြီးရုံးသို့ သ‌ဘောထား‌ကြေညာချက်များ သွား‌ရောက်‌ပေးအပ်ခဲ့သည်။