Home ထိပ်တန်းသတင်း ၂၀၁၀‌ရွေး‌ကောက်ပွဲအား ဆန့်ကျင် သည့် ဆန္ဒပြပွဲ နှစ်ရက် ဆက်တိုက် ဖြစ်ပွား

၂၀၁၀‌ရွေး‌ကောက်ပွဲအား ဆန့်ကျင် သည့် ဆန္ဒပြပွဲ နှစ်ရက် ဆက်တိုက် ဖြစ်ပွား

1994
နို်ဝင်ဘာ ၁ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် နယ်စပ်‌ဒေသများတွင် နအဖ စစ်အစိုးရ ဦးစီးကျင်းပမည့် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲကို ဆန့်ကျင် သည့် လူထုဆန္ဒပြပွဲ နှစ်ရက် ဆက်တိုက်ဖြစ်ပွားခဲ့သည်ဟု ‌ဒေသခံများ၏ ‌ပြောကြားချက်များအရ သိရသည်။

ယ‌နေ့မနက်တွင် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ‌ကျေးရွာ‌ပေါင်း ၅ရွာမှ ‌ဒေသခံ လူထု ၂၀၀‌ကျော်က မကြာခင် ကျင်းပမည့် ‌ရွေး‌ကောက်ပွဲကို မလိုလားသည့် ဆန္ဒထုတ်‌ဖော်ချက် ဆိုင်းပုဒ်များကို ကိုင်‌ဆောင်ကာ တစ်နာရီခန့် ငြိမ်းချမ်းစွာ စု ‌ပေါင်းဆန္ဒပြခဲ့ကြခြင်းဖြစ်သည်ဟု ကိုယ်တိုင်ဦး‌ဆောင်ခဲ့သူ ‌စောတာပစဲက ယခုလို ‌ပြောသည်။

သူက “ဒီ‌နေ့မနက် ၉နာရီက‌နေ ၁ဝနာရီအထိ ကျ‌နော်တို့ ရွာငါးရွာက ရွာသူကြီး အပါအဝင် ရွာသူရွာသား ၂၀၀‌ကျော် စု‌ပေါင်း ပြီး‌တော့ ဆိုင်းပုဒ်‌တွေ ကိုင်‌ဆောင်ပြီး ငြိမ်းချမ်းစွာနဲ့ပဲ ဆန္ဒပြပွဲတရပ်ပြုလုပ်တယ်။ ဆိုင်းပုဒ်‌တွေမှာ‌တော့ တရားမျှတမှု မရှိတဲ့ ၂၀၁ဝ ‌ရွေး‌ကောက်ပွဲ အလိုမရှိ၊ တိုင်းရင်းသား ပြည်သူလူထု အားလုံးမဲ‌ပေးနိုင်‌ရေး၊ စစ်မှန်‌သောပြည်‌ထောင်စု ဖြစ်‌ပေါ်လာ‌ရေး၊ စစ်မှန်‌သော ‌ရွေး‌ကောက်ပွဲ ဖြစ်‌ပေါ်လာ‌ရေးဆိုပြီး ‌ရေးထားတဲ့ ဆိုင်းပုဒ်‌တွေနဲ့ ဆန္ဒပြကြတာပါ။ ရည်ရွယ်ချက်က‌တော့ ၂၀၁ဝ ‌ရွေး‌ကောက်ပွဲကို လုံးဝ အလိုမရှိတဲ့အ‌ကြောင်း ထုတ်‌ဖော်ဆန္ဒပြတာပါ။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

၎င်းဆန္ဒပြပွဲကို သူး‌လေကုန်းနှင့် တခါ့‌ချောင်း‌ကျေးရွာစပ်ကြား နအဖ ခလရ(၂၈၄)တပ်စခန်းနှင့် (၂)မိုင်အကွာအ‌ဝေးတွင် ပြု လုပ်ခဲ့ခြင်းဖြစ်ပြီး သူး‌လေကုန်း‌ကျေးရွာ အထက်နှင့် ‌အောက်(တခါ့ခီး)၊ တခါ့‌ချောင်း(တခါ့ကလိုး)၊ မီး‌လောင်‌ချောင်း (ပို‌ပေါ်က လိုး)၊ တ‌ကေး(တကုခီး)နှင့် ကြာအင်းရွာကြီးတို့ ပါဝင်သည်ဟု စုံစမ်းသိရှိရသည်။

ယမန်‌နေ့မနက်ကလည်း မွန်ပြည်နယ် သံဖြူဇရပ်နှင့် ‌ရေးမြို့နယ်ကြားတွင် ရွာ‌ပေါင်း ၁ဝရွာမှ ‌ဒေသခံ လူထု ၅၀၀‌ကျော်က ဆိုင်းပုဒ်နှင့် ပိုစတာစာရွက်များ ကိုင်‌ဆောင်ပြီး နံနက် ၇နာရီခွဲမှ ၉နာရီခွဲအထိ အလားတူ စု‌ပေါင်းဆန္ဒပြခဲ့ကြ‌ကြောင်း ဆန္ဒပြပွဲ ဖြစ်‌မြောက်‌ရေးအတွက် ဦး‌ဆောင်ခဲ့သည့် အမည်မ‌ဖော်လိုသူ ‌ဒေသခံတစ်ဦးက ယခုလို ‌ပြောသည်။

“မ‌နေ့က လုပ်တဲ့ ဆန္ဒပြပွဲမှာ လူထု ၅၀၀‌ကျော် ပူး‌ပေါင်းပါဝင်တယ်။ ဆိုင်းပုဒ်မှာ ၂၀၁၀‌ရွေး‌ကောက်ပွဲကို တိုက်ဖျက်‌ရေးဆိုတဲ့ ‌ခေါင်းစဉ်ကြီးကြီးနဲ့ စာတန်း ‌ရေးထားတယ်။ ‌နောက်ပြီး‌တော့ ပိုစတာ‌တွေမှာကျ‌တော့ သုံးပွင့်ဆိုင် ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေး၊ ညီ ညွှတ်‌သော ဒီမိုက‌ရေစီ တည်‌ဆောက်‌ရေး၊ စစ်အာဏာရှင် တိုက်ဖျက်‌ရေးဆိုတဲ့ ပိုစတာ‌တွေ ကိုင်‌ဆောင်ပြီး‌တော့ ငြိမ်းချမ်းစွာ လမ်း‌လျှောက်ဆန္ဒပြခဲ့ကြတယ်။”ဟု ‌ပြောသည်။

နအဖ စစ်အစိုးရ ဦးစီးကျင်းပမည့် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲအား ဆန့်ကျင်ဆန္ဒပြသည့်ရွာသားများ

အဆိုပါ ဆန္ဒပြပွဲနှစ်ခုစလုံးတွင် သက်ဆိုင်ရာ ‌ဒေသအာဏာပိုင်များနှင့် အလှမ်း‌ဝေး‌သော‌ကြောင့် အကြမ်းဖက်နှိမ်နင်းမှုများ မခံ ရ‌သော်လည်း ဆန္ဒပြမှုအပြီးတွင် နအဖ စစ်တပ်များ တက်‌ရောက်လာသည့် သတင်း‌ကြောင့် ဆန္ဒပြသူတချို့ လွတ်‌မြောက်ရာ သို့ ထွက်‌ပြေးတိမ်း‌ရှောင်ခဲ့ရသည်ဟု ဆန္ဒပြသူများက ‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ယခင်လ ၂၂ရက်‌နေ့က ကြာအင်းဆိပ်ကြီးမြို့နှင့် ‌ကျေးရွာအချို့ရှိ အစိုးရဌာနဆိုင်ရာရုံးများ၊ ‌ဆေး ရုံ၊ စာသင်‌ကျောင်းများ‌ရှေ့တွင် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲကို ဆန့်ကျင်သည့် စာရွက်စာတမ်း ဖြန့်‌ဝေသည့် လုပ်‌ဆောင်မှုများ ရှိခဲ့သလို ၂၀၀၈ခုနှစ် ပြည်သူ့ဆန္ဒခံယူပွဲတွင် အလားတူ ဆန္ဒပြပွဲပြုလုပ်ခဲ့ရာ အာဏာပိုင်စစ်တပ်များ၏ ဝင်‌ရောက်ဖြိုခွင်းမည့် သတင်း‌ကြောင့် ဆန္ဒပြပွဲ‌နေချိန်အတွင်းပင် လူစုခွဲခဲ့ရသည်။