Home ထိပ်တန်းသတင်း ‌ဝေါ်‌လေ‌ဒေသ၌ ပြည်သူ ၄၀၀‌ကျော် ထိုင်းဘက်ခြမ်းကူးပြီ

‌ဝေါ်‌လေ‌ဒေသ၌ ပြည်သူ ၄၀၀‌ကျော် ထိုင်းဘက်ခြမ်းကူးပြီ

1523
နိုဝင်ဘာ ၉ရက်။ ‌ကေအိုင်စီ

မြဝတီခရိုင် ‌တောင်ဘက်ခြမ်းရှိ ‌ဝေါ်‌လေ‌ကျေးရွာ အနီးတဝိုက်တွင် နအဖစစ်တပ်မှ 81 လက်နက်ကြီး ၄လုံးနှင့် လှမ်း၍ ပစ်ခတ် မှု‌ကြောင့် ရွာသား ၄၀၀‌ကျော် ထိုင်းဘက်ခြမ်းသို့ ထွက်‌ပြေးတိမ်း‌ရှောင်‌နေပြီဟု ရွာသားများက ‌ပြောသည်။

‌ဝေါ်‌လေရွာသားတဦးက “ဒီမနက် ၁ဝနာရီမှာ ဗမာတပ်ဖက်က ဒီ‌ကေဘီ‌အေ‌တွေ ရှိနိုင်မယ့်‌နေရာ‌တွေကို လက်နက်ကြီးနဲ့ ၄ချက်တိ တိ လှမ်းပစ်တယ်။ ရွာထဲမှာ‌တော့ တလုံးမှ မဝင်‌သေးဘူး။ ‌လော‌လောဆယ် ရွာသား‌တွေ ‌ပြေးလွှား‌နေတုန်းပဲ။ ထိုင်းဘက်ခြမ်းကို ၄၀၀‌ကျော်‌လောက် ကူးပြီ။”ဟု ‌ပြောသည်။

‌ဝေါ်‌လေ‌ဒေသတွင် လှုပ်ရှား‌နေ‌သော နအဖ စစ်တပ် စကခ(၈) နည်းဗျူဟာ(၃)မှ ယင်းသို့ ပစ်ခတ်ခြင်းဖြစ်ပြီး ယ‌နေ့ ‌နေ့လည်အချိန် ထိ ဒီ‌ကေဘီ‌အေတပ်ဖွဲ့နှင့် အဆိုပါ နအဖစစ်တပ်တို့ အပြန်အလှန် ပစ်ခတ်‌နေဆဲဖြစ်‌ကြောင်း ထိုနယ်‌မြေတွင် လှုပ်ရှား‌နေသည့် ‌ကေအဲန်အယ်လ်‌အေ တပ်ရင်း(၂၀၁)မှ ဒုရင်းမှူး ဗိုလ်မှူး‌စောကြည်‌အောင်က ‌ပြောသည်။

‌ဝေါ်‌လေ‌ကျေးရွာအတွင်း ကျန်ရစ်‌နေ‌သေးသည့် ရွာသားများ၏ ‌ပြောပြချက်အရ လက်ရှိအချိန်တွင် နအဖ စစ်တပ်များသည် ရွာဝင်း ‌ဘောလုံးကွင်းသို့ ‌ရောက်ရှိ‌နေပြီဖြစ်ပြီး ရွာသူရွာသားများကို တစုံတရာမှ ပစ်ခတ်ခြင်း မရှိ‌သော်လည်း ဗိုလ်နှုတ်ခမ်း‌မွှေး၏ ‌နေအိမ် အပါအဝင် အခြားဒီ‌ကေဘီ‌အေ မိသားစု‌နေအိမ်များကို မီးရှို့ဖျက်ဆီးရန်ရှိသည်ဟု သိရသည်။

‌ကေအဲန်ယူ တပ်မဟာမှူးတစ်ဦးက ယ‌နေ့မနက်တွင် နအဖဘက်မှ ဗိုလ်နှုတ်ခမ်း‌မွှေး‌နေအိမ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည် ဟု ကြားသိရ‌ကြောင်း ‌ကေအိုင်စီကို ‌ပြောသည်။