Home ထိပ်တန်းသတင်း ‌ရွေး‌ကောက်ပွဲ လုံခြုံ‌ရေးအတွက် သွားလာ‌နေ‌သောလူထုများကို စာရင်းယူ

‌ရွေး‌ကောက်ပွဲ လုံခြုံ‌ရေးအတွက် သွားလာ‌နေ‌သောလူထုများကို စာရင်းယူ

1660
နိုဝင်ဘာလ ၃ရက်။ နန်းထူးစံ (‌ကေအိုင်စီ)

‌ရွေး‌ကောက်ပွဲရက်နီးလာသည့် ယခုအချိန်၌ ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်တွင် မြို့တွင်းသို့ ဝင်ထွက်သွားလာ‌နေသည့် ရွာသူရွာသားများကို စစ်အစိုးရတပ်မှ စစ်‌ဆေး‌မေးမြန်းသည့်အပြင် နာမည်စာရင်းများ မှတ်ယူလျှက်ရှိသည်ဟု သိရသည်။

‌အောက်တိုဘာလကုန်ပိုင်းမှစ၍ ‌ကော့ကရိတ်မြို့‌တောင်ပိုင်းမှ ‌ဒေသတွင် နအဖ တပ်ဖွဲ့တဖွဲ့ ဝင်‌ရောက်လာပြီး ‌ကျေးရွာအတွင်း လှည့်လည်ပြီး လက်ရှိတွင် ‌ကော့နွဲ‌ကျေးရွာတွင် စခန်းထိုင်ပြီး မြို့တွင်းသို့ ‌ဈေးဝယ်ထွက်သည့် ရွာသူရွာသားများကို စစ်‌ဆေး ကာ စာရင်းယူခြင်းဖြစ်သည်ဟု ‌ဒေသခံတဦးက ‌ပြောသည်။

သူက “အဲဒီမှာရှိတဲ့ ရွာက မြို့နဲ့ သိပ်မ‌ဝေးဘူး။ ရွာသူရွာသား‌တွေက မြို့မှာပဲ ‌ဈေးသွားဝယ်ကြတယ်။ အခု စစ်တပ်က ‌ကော့နွဲ မှာထိုင်ပြီး လာသမျှ ဆိုင်ကယ်၊ ‌ထော်လာဂျီကား‌တွေကို ‌ခေါ်ရပ်ပြီး လူ‌တွေ အကုန်ဆင်းရတယ်။ ဘယ်သွားမလဲ‌ပေါ့။ ဘာသွား လုပ်မှာလဲလို့ ‌မေးမြန်းတယ်။ နာမည်၊ အသက်၊ ရွာနာမည်‌တွေ အကုန် စာရင်းယူတယ်။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

၎င်းစစ်တပ်သည် ယင်းသို့ စစ်‌ဆေး‌မေးမြန်းရာတွင် မည်သည့်အ‌ကြောင်းပြချက်မှ ရှင်းပြ‌ပြောဆိုခြင်း မရှိ‌သော်လည်း ‌ရွေး ‌ကောက်ပွဲကျင်းပရန် လုံခြုံ‌ရေးအတွက် လုပ်‌ဆောင်ခြင်းဖြစ်နိုင်သည်ဟု ထို‌ဒေသခံက ‌ပြောသည်။