Home ထိပ်တန်းသတင်း ‌ရွေး‌ကောက်ပွဲနီးလာသဖြင့် စစ်‌ဆေးမှုများကာ လုံခြုံ‌ရေး ပိုမိုတင်းကြပ်လာ

‌ရွေး‌ကောက်ပွဲနီးလာသဖြင့် စစ်‌ဆေးမှုများကာ လုံခြုံ‌ရေး ပိုမိုတင်းကြပ်လာ

2253
နိုဝင်ဘာ ၅ရက်။ နန်းထူးစံ (‌ကေအိုင်စီ)

‌ရွေး‌ကောက်ပွဲအတွက် ကြာအင်းဆိပ်ကြီးမြို့တွင်းနှင့် မြို့ပြင်လမ်းများတွင် လုံခြုံ‌ရေးအတွက် စစ်တပ်အင်အား ပိုမိုချထားလာ ကာ ယခု ရက်ပိုင်းအတွင်း သွားလာ‌နေသည့် ရွာသူရွာသားများကို စစ်‌ဆေး‌မေးမြန်းမှုများ လုပ်‌ဆောင်လာ‌ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ‌ရွေး‌ကောက်ပွဲရက်နီးလာသည့်အတွက် မြို့တွင်း၌ စစ်တပ်နှင့် ရဲတပ်သားများ လုံခြုံ‌ရေးယူထားသလို မြို့ပြင် မှ လူထုသွားလာသည့်လမ်းများတွင် စစ်တပ်နှင့် နယ်ခြား‌စောင့်တပ်များ ‌နေရာယူကာ မြို့တွင်း‌ဈေးဝယ်ထွက်သည့် လူထုကို စစ်‌ဆေး‌မေးမြန်းသည့်အပြင် ရွာသားများ ဝယ်ခြမ်းလာသည့် စား‌သောက်ကုန်များကိုပါ ရှာ‌ဖွေ‌မွှေ‌နှောက်လျှက်ရှိ‌ကြောင်း ‌ဒေသ ခံတစ်ဦးက ‌ပြောသည်။

တံတားဦးရွာသားတဦးက “အခု အစစ်အ‌ဆေး‌တွေ တအားများလာတယ်။ အရင်ကလို မဟုတ်‌တော့ဘူး။ ကျ‌နော် ကြာအင်း ဆိပ်ကြီးက ပြန်လာတာ မြို့ပြင်ဘက်နားမှာ စစ်တပ်က အဓိကထားပြီး စစ်‌ဆေးတယ်။ အသွား‌ရော၊ အပြန်‌ရော စစ်တာပဲ။ ပါ လာတဲ့ပစ္စည်း‌တွေ လိုက်‌မွှေတယ်။ ပိုက်ဆံအိတ်‌တောင် စစ်တယ်။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ပြီးခဲ့သည့် သုံးရက်ခန့်က ယခုလို လမ်းသွားလမ်းလာ ‌ဒေသခံများကို စစ်တပ်မှ စစ်‌ဆေး‌နေခြင်းဖြစ်‌သော်လည်း ‌ငွေ‌ကြေး ‌တောင်းခံခြင်းမျိုး လုပ်‌ဆောင်ခြင်းမရှိဟု ထို‌ဒေသခံက ‌ပြောသည်။

၎င်း‌ဒေသရှိ သူး‌လေကုန်း၊ ကြာအင်းရွာကြီး၊ တခါ့ခီး၊ တခါ့‌ချောင်း၊ ကြခတ်‌ချောင်း၊ ဝါးဘိုးကုန်း၊ အုန်းတပင်၊ ‌ချောင်းခွ၊ အလယ် ရွာ၊ နတ်‌ချောင်းဖျား၊ သမင်‌လေ့၊ မီး‌လောင်‌ချောင်း၊ တ‌ကေး၊ တံတားဦး၊ ကြိုးဝိုင်း၊ ဘုရား‌လေးဆိပ် စသည့်‌ကျေးရွာများမှ ရွာသူ ရွာသားသည် ၎င်းတို့‌ဒေသမှ ထွက်ရှိသည့် ကုန်ပစ္စည်းများကို မြို့‌ပေါ်သို့ တင်သွင်း‌ရောက်ချကြသလို စားနပ်ရိက္ခာများကို လည်း မြို့တွင်းမှ ပြန်လည် ဝယ်ယူလာ‌လေ့ရှိသည်။

စစ်အစိုးရတပ်မှ တပ်အင်အား ပိုချထားလာပြီး ယခုလို စစ်‌ဆေး‌မေးမြန်းခြင်းသည် လွန်ခဲ့သည့် နှစ်ရက်ခန့်က စတင် လုပ် ‌ဆောင်ခြင်းဖြစ်သည်ဟု ကိုယ်တိုင် စစ်‌ဆေးခံရသူ ရွာသားတဦးက ‌ပြောသည်။

“မြို့မဝင်ခင် စစ်‌ဆေး‌နေရာ(ဂိတ်) သုံးခု‌လောက် ရှိတယ်။ တ‌နေရာမှာ စစ်သားဆယ်‌ကျော်‌လောက် ရှိတယ်။ အဲဒါလွန်ခဲ့တဲ့ နှစ် ရက်‌လောက်က စတင် လုပ်လာတာဖြစ်တယ်။”ဟု ထို‌ဒေသခံက ‌ပြောသည်။

ထို့အပြင် ‌ရွေး‌ကောက်ပွဲ ကျင်းပမည့် ကြာအင်းဆိပ်ကြီးမြို့တွင် လုံခြုံ‌ရေးအတွက် ယခု နိုဝင်ဘာ ၅ရက်‌နေ့မှစ၍ ကားလမ်းအား လုံးကို ပိတ်မည့်အပြင် ဆက်သွယ်‌ရေးဖုန်းလိုင်းကိုလည်း ပိတ်ပစ်မည်ဟု မြို့အာဏာပိုင်က ‌ကျေးရွာသူကြီးများကို ယခုလ ဆန်းပိုင်းက ‌ခေါ်ယူ‌ပြောဆိုသွား‌ကြောင်း သိရသည်။

ဖာပွန်ခရိုင်အတွင်း၌လည်း ဖာပွန်မြို့သို့ သွားလာသည့်လမ်းများကို ပိတ်ပင်ထားသည်မှာ ရက်သတ္တပတ်ခန့်ရှိပြီး ‌ဒေသခံလူထု မှာ ကုန်‌ရောင်းကုန်ဝယ်နှင့် သွားလာ‌ရေးခက်ခဲ‌နေရသည်ဟု နယ်စပ်သတင်းများအရ သိရသည်။