Home ထိပ်တန်းသတင်း အင်အား အလုံးအရင်း တိုးချဲ့လာ သည့် နအဖတပ်များ‌ကြောင့် ‌ဒေသခံရွာသားများ စိုးရိမ်ထိတ်လန့်

အင်အား အလုံးအရင်း တိုးချဲ့လာ သည့် နအဖတပ်များ‌ကြောင့် ‌ဒေသခံရွာသားများ စိုးရိမ်ထိတ်လန့်

2106
နိုဝင်ဘာလ ၁၉ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်ခွဲတွင် ယခုရက်ပိုင်းအတွင်း နအဖ စစ်တပ်များ အင်အား အလုံးအရင်းဖြင့် တိုးချဲ့လာပြီး ‌ကေအဲန်ယူနှင့် တိုက်ပွဲဖြစ်ပွားလာနိုင်သည့်အ‌ရေးကို ရွာသားများ အလွန်စိုးရိမ်ထိတ်လန့်ကြသည်ဟု သိရသည်။

နိုဝင်ဘာလ ၁၄ရက်‌နေ့နှင့် ၁၅ရက်‌နေ့တွင် မြိုင်က‌လေး၊ သက်ကယ်၊ ‌ကျောက်ခွဲ၊ ‌ကျောက်ပူ၊ တာ့‌ဒေး၊ အပလုံ စသည့်‌ကျေးရွာ များမှ ရွာသားတချို့သည် ရွာထဲတွင် တိုက်ပွဲ တစုံတရာဖြစ်ပွားပါက နအဖစစ်တပ်၏ ‌ပေါ်တာ‌ချောဆွဲခံရမည်ကို စိုးရိမ်ကြ သဖြင့် တမိ‌ချောင်းတဘက်ကမ်းသို့ ယ‌နေ့အထိ ကူးလာ‌နေ‌ကြောင်း နယ်‌မြေခံ ကရင်ရဟန်းပျိုသမဂ္ဂအဖွဲ့ဝင်တပါးက မိန့်ကြား သည်။

၎င်းက “အဲဒီရွာ‌တွေဟာ ဗမာစစ်သား‌တွေ တက်လာတဲ့လမ်းအတိုင်း ဖြစ်‌နေတယ်‌လေ။ တိုက်ပွဲဖြစ်ရင် သူတို့‌တွေပဲ အထိနာမှာ ဆို‌တော့ သူတို့အတွက် လုံခြုံတယ်လို့ ထင်တဲ့‌နေရာ‌တွေမှာ တိမ်း‌ရှောင်သွားတာ အ‌ယောက်(၂၀၀)‌လောက် ရှိတယ်လို့ ‌ပြော ကြတယ်။”ဟု မိန့်ကြားသည်။

ပြီးခဲ့သည့် နိုဝင်ဘာလဆန်းပိုင်းက ဒီ‌ကေဘီ‌အေနှင့် နအဖစစ်တပ်တို့ ဘုရားသုံးဆူမြို့အတွင်း ဒီ‌ကေဘီ‌အေနှင့် နအဖစစ်တပ် တို့ တိုက်ပွဲဖြစ်ပွားခဲ့ချိန်မှစ၍ ယခုအချိန်အထိ နအဖ စကခ(၈)နှင့် စကခ(၁၂)လက်‌အောက်ခံ တပ်ရင်း ၅ရင်းမှ စစ်သည်အင် အား ၅၀၀‌ကျော်တိုးလာသည်ဟု ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(‌ကေအဲန်အယ်လ်‌အေ) တပ်ရင်း(၁၆)ကလည်း အတည်ပြု ‌ပြောဆိုသည်။

‌ကေအဲန်အယ်လ်‌အေ တပ်ရင်း(၁၆) တပ်ခွဲ(၂) ဒုခွဲမှူး ‌စောဘူ့‌ဂေက “ဘုရားသုံးဆူ ပစ်ခတ်မှုဖြစ်ပွားတဲ့အချိန်ကစပြီး နအဖက ‌တော့ တဖြည်းဖြည်းချင်း အင်အားတိုးချဲ့လာတာ က‌နေ့အထိပဲ။ အခုဆိုရင် စကခ(၈)က ခမရ(၄၀၁)၊ (၄၀၂)၊ (၄၀၅)၊ (၄၀၆) နဲ့ စကခ(၁၂)က ခလရ(၂၈၃)။ အဲဒီတပ်ရင်း (၅)ရင်းဆိုရင် အင်အား ၅၀ဝရှိပြီ။ ဒီ‌နေ့လည်း စကခ(၈)က နည်းဗျူဟာ(၁)မှူး ဗိုလ်မှူးကြီးသိန်း‌ဇော် ဘုရားသုံးဆူကို ‌ရောက်လာပြီ။”ဟု ‌ပြောသည်။

ယမန်‌နေ့က ဘုရားသုံးဆူဂွင်တ‌နေရာတွင် ‌ကေအဲန်အယ်လ်‌အေ တပ်ရင်း(၁၆) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးမန်းတင်လှိုင်က သက်ဆိုင်ရာ ရွာသူကြီးနှင့် သံဃာ‌တော်များအား ‌တွေ့ဆုံခဲ့ပြီး ထွက်‌ပြေးခဲ့ကြသည့် ရွာသားများအား ရွာအတွင်းသို့ ပြန်လည် ‌နေထိုင်ခိုင်းရာတွင် ရွာသားအချို့မှာ ပြန်လည်‌နေထိုင်ခဲ့‌သော်လည်း အချို့မှာ တိမ်း‌ရှောင်‌နေဆဲဖြစ်သည်ဟု သိရသည်။

ထို့အပြင် နအဖစစ်တပ်များ တပ်အင်အား တိုးချဲ့လာသည့်တချိန်တည်းတွင် စစ်ပစ္စည်းနှင့် တပ်ရိက္ခာများကို သယ်ယူပို့‌ဆောင် ရန်အတွက် ရွာသားများ၏ နွားလှည်းများကို ‌ခေါ်ယူအသုံးပြုသည့်အပြင် ရွာသားကိုယ်တိုင်လည်း ‌ပေါ်တာထမ်း‌ပေးရ‌ကြောင်း ရွာခံတဦးက ‌ပြောသည်။

“ပြီးခဲ့တဲ့ ၁၅ရက်‌နေ့က ဗမာစစ်သား‌တွေ ရွာထဲကိုဝင်လာ‌တော့ ရွာမှာ ‌ယောက်ျား‌တွေ အကုန် ထွက်‌ပြေးခဲ့ကြတယ်။ နအဖက ‌ပြောတယ် ‌ယောက်ျား‌တွေ ပြန်မလာလို့ရှိရင် အိမ်မှာကျန်တဲ့ မိန်းမ‌တွေကိုပဲ ‌ပေါ်တာ‌ခေါ်မယ်လို့ ‌ပြော‌တော့ ‌ယောက်ျား‌တွေ အကုန်ပြန်ပြီး ‌ပေါ်တာထမ်းရတယ်။” ဟု ‌ပြောသည်။

အဆိုပါ နအဖတပ်များသည် လက်ရှိအချိန်တွင် ဘုရာသုံးမြို့ပြင် ပတ်ပတ်လည်နှင့် ယခင် ဒီ‌ကေဘီ‌အေတပ်ဖွဲ့များ၏ စခန်း၊ ဂိတ်များတွင် ဝင်‌ရောက်‌နေရာယူထား‌သော်လည်း ထူးခြားသည့် စစ်‌ရေးလှုပ်ရှားမှု တစုံတရာ လုပ်‌ဆောင်ခြင်းမရှိ‌သေး‌ပေ။