Home ထိပ်တန်းသတင်း ဘုရားသုံးဆူ‌ဒေသ နိုဝင်ဘာလ ၁၁ရက်‌နေ့ မနက်တိုက်ပွဲ

ဘုရားသုံးဆူ‌ဒေသ နိုဝင်ဘာလ ၁၁ရက်‌နေ့ မနက်တိုက်ပွဲ

1483

နိုဝင်ဘာလ ၁၁ရက်။ ‌ကေအိုင်စီ

(နိုဝင်ဘာလ ၁၁ရက်၊ မနက် ၅နာရီစပြီး ဘုရားသုံးဆူမြို့နယ်၊ နယ်စပ် ရွာသစ်ဘက်မှာ နအဖ ခမရ(၄၀၅)နဲ့ ဒီ‌ကေဘီ‌အေတပ်‌တွေ အပြန်အလှန် တိုက်ပွဲဖြစ်ကြတယ်လို့ ထိုင်းစစ်တပ်အသိုင်းအဝိုင်းက ‌ပြောပါတယ်။

မနက် ၆နာရီကစပြီး နအဖဘက်က လက်နက်ကြီးနဲ့ပစ်တာ အခု ၇နာရီခွဲ‌ကျော်အထိ လက်နက်ကြီး အလုံး ၂ဝနီးပါး‌လောက်ရှိပြီလို့လည်း သိရပါတယ်။

မနက် ၇နာရီ‌ကျော်အထိ ဘုရားသုံးဘက်က ဒုက္ခသည်လူထုဟာ ထိုင်းဘက်ခြမ်းကို ထွက်‌ပြေးလာတာ ခန့်မှန်း‌ခြေ ၁‌သောင်း‌ကျော်‌လောက် ရှိပြီလို့ သိရပါတယ်။
အဲဒီဒုက္ခသည်‌တွေဟာ ထိုင်းဘက်ခြမ်းက ဘုန်းကြီး‌ကျောင်း၊ စာသင်‌ကျောင်းနဲ့ အားကစားရုံ‌တွေမှာ ‌ရောက်ရှိ‌နေကြတယ်။ သူတို့ကို ထိုင်းလူမှုကယ်ဆယ်‌ရေး‌တွေကလည်း ကူညီ‌ပေး‌နေတယ်။

ဒီ‌ကေဘီ‌အေဘက်က သုံးတာက ၆၀-မမ။ နအဖဘက်က သုံးတာက ၁၂ဝ စိန်‌ပြောင်း။ အဲဒီ နအဖ ခမရ(၄၀၅)တပ်ရင်းဟာ ပြီးခဲ့တဲ့ နှစ်ရက်‌လောက်ကပဲ ဘုရားသုံးဆူဘက်ကို စစ်ကူထပ်‌ရောက်လာတဲ့ တပ်ရင်းဖြစ်တယ်။
ဒီ‌ကေဘီ‌အေ ဘက်က အ‌ပြောအရ နအဖဘက်က ပစ်ခတ်တာဖြစ်ပြီး ဒီ‌ကေဘီ‌အေဘက်က ခံပစ်ပုံစံမျိုးပဲ။ ဒါ‌ပေမဲ့ နအဖဟာ သူတို့ရဲ့ လက်နက်ကြီး‌တွေကို ဒီ‌ကေဘီ‌အေရှိရာ ပစ်ခတ်ထည့်တာမဟုတ်ဘဲ မဲ့ကသာရွာထဲကို ပစ်ခတ်‌နေတာ ဆို‌တော့ ရွာသား‌တွေက ထွက်‌ပြေးရတယ်လို့ ဆိုပါတယ်။

အခု ၈နာရီနီးပါးအထိ ထိုင်းဘက်ခြမ်းကို လက်နက်ကြီးကျလာတာ‌တော့ မရှိ‌သေးဘူး။ ဖြစ်တာက တ‌နေရာထဲမဟုတ်ဘဲ ဘုရားသုံးဆူ နယ်စပ်တ‌ကြောလုံးဖြစ်ပွား‌နေခြင်း ဖြစ်ပါတယ်။)