Home ထိပ်တန်းသတင်း ဘုရားသုံးဆူရှိ ဒီ‌ကေဘီ‌အေ တပ်စခန်းကို နအဖတပ် ဝင်‌ရောက်‌နေရာယူ

ဘုရားသုံးဆူရှိ ဒီ‌ကေဘီ‌အေ တပ်စခန်းကို နအဖတပ် ဝင်‌ရောက်‌နေရာယူ

1654
နိုဝင်ဘာလ ၁၆ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

နအဖ စစ်အစိုးရတပ်များသည် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် နယ်စပ် ဘုရားသုံးဆူမြို့နယ်ရှိ ဒီ‌ကေဘီ‌အေ တပ်စခန်းတခု ဖြစ်သည့် ရာဘာခြံ (‌ခေါ်) အင်းဝဂိတ်တွင် ယ‌နေ့ ‌နေ့လည်ပိုင်း၌ ဝင်‌ရောက်‌နေရာယူလိုက်ကြပြီဖြစ်‌ကြောင်း မြို့ခံများက ‌ပြော သည်။

ဘုရားသုံးဆူမြို့ခံတစ်ဦးက “ဗိုလ်‌အေဝမ်းတို့အဖွဲ့ အကုန်ထွက်သွား‌တော့ ဒီ‌နေ့ ‌နေ့လယ်အချိန်မှာ နအဖတပ်‌တွေ မြို့ရဲ့ လုံခြုံ ‌ရေးကို တာဝန်ယူဖို့အတွက်ဆိုပြီး အခု ရာဘာခြံစခန်းကို ဝင်ယူ‌နေကြပြီ။ အင်အား‌တော်‌တော်များတာပဲ။”ဟု ‌ပြောသည်။

အဆိုပါ အင်းဝဂိတ်စခန်းသည် ဒီ‌ကေဘီ‌အေ (၉၀၆)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး‌စော‌အေဝမ်း (ကလိုထူး‌ဘောဗျူဟာ အထူးတပ် ခွဲမှူး‌ဟောင်း) ဦးစီးသည့်အဖွဲ့ထိုင်ခဲ့‌သော စခန်းတခုဖြစ်ပြီး ယခု နိုဝင်ဘာလဆန်းပိုင်းက ဘုရားသုံးဆူမြို့တွင် နအဖနှင့် ဒီ‌ကေဘီ‌အေကြား ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုအပြီး ဒီ‌ကေဘီ‌အေက ‌တောတွင်းတ‌နေရာသို့ ဆုတ်ခွာသွားခဲ့သည်။

အဆိုပါရာဘာခြံစခန်း၌ ဝင်‌ရောက်‌နေရာယူလျှက်ရှိသည့် နအဖ စကခ(၈) လက်‌အောက်ခံ ခမရ(၄၁၀)တပ်ရင်းသည် လက် ရှိအချိန်တွင် ထူးခြားသည့် စစ်‌ရေးလှုပ်ရှားမှုများ တစုံတရာ ပြုလုပ်ခြင်းမရှိ‌သေး‌သော်လည်း ထိုးစစ်ဆင်ရန် အစီအစဉ်ရှိသည် ဟု ဒီ‌ကေဘီ‌အေနှင့် နီးစပ်သူတဦးက ‌ပြောသည်။

ထိုကဲ့သို့ နအဖစစ်တပ်များက ဒီ‌ကေဘီ‌အေ ‌နေရာ‌ဟောင်းများကို ဝင်‌ရောက်‌နေရာယူ‌သော‌ကြောင့် ဘုရားသုံးဆူမြို့နယ်၊ ‌တောင်ဝိုင်းရှိ ‌ဒေသခံရွာသား ၁၀၀‌ကျော် ထိုင်းနယ်စပ်သို့ ထွက်‌ပြေးကာ ပုန်း‌ရှောင်‌နေထိုင်ကြရသည်ဟု ကိုယ်တိုင် စာရင်း သွား‌ကောက်ယူခဲ့သူ ‌စောဟား‌ရေ့မူးက ‌ပြောသည်။

၎င်းက “‌တောင်ဝိုင်းဟာ အရင်က ဒီ‌ကေဘီ‌အေထိုင်တဲ့ ‌နေရာ‌တွေပဲ‌လေ။ အခု ဗမာစစ်တပ်က ဒီ‌ကေဘီ‌အေ‌နေရာ‌တွေ လိုက် ရှင်း‌နေ‌တော့ ရွာသား‌တွေ ‌ကြောက်ကြလို့ ထိုင်းဘက်ခြမ်းကို ထွက်‌ပြေးထွက်‌ပြေးလာတာ ဖြစ်တယ်။ ဒါ‌ပေမယ့် ထိုင်းအာဏာ ပိုင်‌တွေက ဝင်ခွင့်မပြု‌တော့ သူတို့‌တွေ အ‌တွေ့မခံကြဘူး။ ခိုး‌ကြောင်ခိုးဝှက်နဲ့ပဲ ‌ချောင်းဆုံ‌ချောင်းခွ‌တွေမှာ ပုန်း‌အောင်း‌နေထိုင် ကြတယ်”ဟု ‌ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၈ရက်‌နေ့မှ ၁၂ရက်‌နေ့အထိ ဘုရားသုံးဆူမြို့တွင် နအဖနှင့် ဒီ‌ကေဘီ‌အေတို့ တိုက်ပွဲဖြစ်ပွားခဲ့‌သော ‌ကြောင့် ဘုရားသုံးဆူမြို့ခံ ၁ဦး‌သေဆုံးပြီး ၁ဝဦး‌ကျော် ဒဏ်ရာရရှိခဲ့သည့်အပြင် ရွာသစ်၊ ‌ချောင်းဆုံ၊ ‌ကျော့်ဖလူး၊ ကျုံကွီ စသည့်ရွာများမှ ‌သောင်းနှင့်ချီသည့် လူထုမှာ ထိုင်းဘက်ခြမ်းသို့ ထွက်‌ပြေးတိမ်း‌ရှောင်ခဲ့ရသည်။

လက်ရှိအချိန်တွင် ဘုရားသုံးဆူမြို့သူမြို့သားများမှာ မိမိတို့‌နေအိမ်သို့ ပြန်လည်အ‌ခြေချ ‌နေထိုင်ကြပြီဖြစ်ကြ‌သော်လည်း မြို့ ပြင်ပတ်ပတ်လည်တွင်မူ နအဖ စစ်တပ်များက လုံခြုံ‌ရေးယူထား‌နေဆဲဖြစ်သဖြင့် မြို့နှင့်အလှမ်း‌ဝေးသည့် ရွာသူရွာသား အ ‌တော်များများမှာ မြန်မာဘက်ခြမ်း နယ်စပ်နားတွင် ခိုလှုံ‌နေဆဲဖြစ်သည်ဟု မြို့ခံများက ‌ပြောသည်။