Home ထိပ်တန်းသတင်း ဖာပွန်မြို့နယ်တွင် ကြံ့ဖွံ့နှင့် တစညပါတီနှစ်ခုသာ ဝင်ပြိုင်မည်

ဖာပွန်မြို့နယ်တွင် ကြံ့ဖွံ့နှင့် တစညပါတီနှစ်ခုသာ ဝင်ပြိုင်မည်

1734
နိုဝင်ဘာလ ၁ရက်။ နန်းထူးစံ (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် မဲဆန္ဒနယ်တွင် ပြည်‌ထောင်စု ကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ(ကြံ့ဖွံ့)နှင့် တိုင်းရင်းသား စည်းလုံး ညီညွှတ်‌ရေးပါတီ (တစည)နှစ်ခုသာ ဝင်‌ရောက် ယှဉ်ပြိုင်မည်ဟု ‌ဒေသခံများ ‌ပြောဆို‌နေကြသည်။

ကရင်ပြည်နယ်တခုလုံးတွင် ကရင်ပြည်နယ် အ‌ခြေစိုက်သည့် ကရင်ပါတီများအပါအဝင် ပါတီ ၆ခု ဝင်‌ရောက်ယှဉ်ပြိုင်မည်ဖြစ် ‌သော်လည်း ဖာပွန်မြို့နယ် မဲဆန္ဒနယ်တွင် ကရင်ပါတီများ ဝင်‌ရောက်ယှဉ်ပြိုင်ခြင်းမရှိဘဲ အင်အား‌ကောင်းသည့် ကြံ့ဖွံ့နှင့် တစည ပါတီတို့သာ ဝင်‌ရောက်ယှဉ်ပြိုင်သည်ဟု ‌ဒေသခံများက ‌ပြောဆို‌နေကြသလို ကရင်ပြည်နယ် ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင် အဖွဲ့ဝင် ဦး‌စောလွန်းရှိန်ကလည်း ယခုလို အတည်ပြု ‌ပြောဆိုသည်။

သူက “ဖာပွန်မြို့နယ်မှာ ကရင်ပါတီ‌တွေ မဝင်ဘူး။ ပြည်ခိုင်ဖြိုးပါတီနဲ့ တစညပါတီပဲ ရှိတယ်။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

အဆိုပါ ပါတီနှစ်ခုသည် ‌အောက်တိုဘာလလယ်ပိုင်းမှစ၍ မြို့‌ပေါ်လူထုကို ကိုယ်တိုင် ဝင်‌ရောက် မဲဆွယ်စည်းရုံးခြင်း မရှိ‌သော် လည်း ၎င်းတို့ပါတီအ‌ကြောင်း၊ ဝင်‌ရောက်အ‌ရွေးခံမည့် ကိုယ်စားလှယ်များ၏ ကိုယ်‌ရေးအကျဉ်းနှင့် လူထုအတွက် လုပ်‌ဆောင် ‌ပေးမည့် ‌ဆောင်ရွက်ချက်များ ပါဝင်သည့် လက်ကမ်းစာ‌စောင်များကို လိုက်လံဖြန့်‌ဝေလျှက်ရှိ‌ကြောင်း ဖာပွန်‌ဒေသခံတဦးက ‌ပြောသည်။

“ကြံ့ဖွံ့ပါတီက ဖြန့်တဲ့စာထဲမှာ ‌ရေးထားတာက ‌ဒေခံလူထုအတွက် ကုတင်အလုံး (၁၀၀)ဆန့်တဲ့ ‌ဆေးရုံနှစ်လုံး ‌ဆောက်‌ပေး မယ်။ ပြည်သူ့‌ဆေးရုံ ၁လုံး၊ စစ်‌ဆေးရုံ ၁လုံး‌ပေါ့။ ဆက်သွယ်‌ရေး၊ သွားလာ‌ရေး ပိုမို‌ကောင်းမွန်‌အောင် လုပ်‌ပေးမယ်။ လျှပ်စစ်မီး မရ‌သေးတဲ့‌နေရာ‌တွေ မီးရ‌အောင် လုပ်‌ပေးမယ်တဲ့။”ဟု ဆိုသည်။

အလားတူ တိုင်းရင်းသားစည်းလုံးညီညွှတ်‌ရေးပါတီ တစညကလည်း ‌ဒေသခံများအတွက် ဖွံ့ဖြိုး‌ရေးလုပ်ငန်းများနှင့် ယှဉ်‌ကျေးမှု တိုးတက်ပြန့်ပွား‌အောင် လုပ်‌ဆောင်‌ပေးမည်ဟု ၎င်းတို့၏ လက်ကမ်းစာ‌စောင်တွင် ‌ရေးသား‌ဖော်ပြထားသည်ဟု ထို‌ဒေသခံက ဆက်လက် ‌ပြောဆိုခဲ့သည်။

ယင်းသို့ မြို့‌နေ လူထုအကြား လက်ကမ်းစာ‌စောင်များ လိုက်လံဖြန့်‌ဝေမှု ရှိ‌သော်လည်း ‌ကျေးလက်‌နေ လူထုအကြား၌မူ ‌ရွေး ‌ကောက်ပွဲနှင့်ပတ်သက်၍ ပါတီလှုပ်ရှားမှု တစုံတရာ မရှိ‌ကြောင်း အသက်(၅၀)‌ကျော်အရွယ်ရှိ ဖာပွန်နယ်ခံ ကရင်အမျိုးသား တဦးက ‌ပြောသည်။

သူက “ဘာ‌ကြောင့်လဲ‌တော့ မသိဘူး။ မြို့ပြင် ‌ကျေးလက်‌ဒေသ‌တွေမှာ‌တော့ ‌ရွေး‌ကောက်ပွဲအတွက် ဘာလှုပ်ရှားမှုမှ မရှိဘူး။ ပါတီ‌တွေ ဝင်လာတာ မ‌တွေ့ရသလို လူထု‌တွေလည်း ဘာမှမသိကြ‌သေးဘူး။”ဟု ‌ပြောသည်။

‌ရွေး‌ကောက်ပွဲ လှုပ်ရှားမှု မရှိသည့်အတွက်‌ကြောင့် ‌ဒေသခံလူထုအချို့က ဖာပွန်မြို့နယ်တွင် ‌ရွေး‌ကောက်ပွဲ ကျင်းပမည်မဟုတ် ဟု ထင်မြင်ယူဆ‌နေကြသည်။ “ကျ‌နော်တို့ ကြားတာက ဖာပွန်မြို့နယ်မှာ ‌ရွေး‌ကောက်ပွဲ မကျင်းပဘူး။ ဖာပွန်မြို့မှာ‌ရော၊ ကမာ ‌မော့မှာလည်း ‌ရွေး‌ကောက်ပွဲ မလုပ်ဘူးလို့ လူထု‌ပြော‌နေကြတယ်။”ဟု ထိုနယ်ခံက ဆက်‌ပြောသည်။

ထို‌ဒေသတွင် ကရင်ပါတီတစ်ခုဖြစ်သည့် ဖလုံ-စ‌ဝေါ်ပါတီ ဝင်‌ရောက်ယှဉ်ပြိုင်ခြင်းမရှိသည်မှာ ပါတီကိုယ်စားလှယ်‌လောင်းစာ ရင်းကို သတ်မှတ်ထားသည့် အချိန်တိုအတွင်း ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်ထံ တင်ပြလိုက်ရသည့်အတွက် ဖာပွန်မဲဆန္ဒနယ်တွင် ကိုယ်စားလှယ်မထားနိုင်ခြင်းဖြစ်သည်ဟု ၎င်းပါတီ၏ အမျိုးသမီး ဥက္ကဌလည်းဖြစ်၊ ဖားအံမြို့နယ် ပြည်သူ့လွှတ်‌တော် ကိုယ်စား လှယ် နန်း‌စေအွာက ‌ကေအိုင်စီကို ‌ပြောဆိုသည်။

ထို့အပြင် ကရင်ပြည်နယ် ဒီမိုက‌ရေစီနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးပါတီကလည်း ‌ဒေသခံ ကိုယ်စားလှယ် မထားရှိနိုင်သဖြင့် မယှဉ် ပြိုင်ခြင်းဖြစ်‌ကြောင်း ၎င်းတို့နှင့် နီးစပ်သည့် အသိုင်းအဝိုင်းများက ‌ပြောသည်။

စက်တင်ဘာ ၁၆ရက်‌နေ့တွင် ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်က နယ်‌မြေ မငြိမ်းချမ်းသဖြင့် ‌ရွေး‌ကောက်ပွဲ မကျင်းပဟု ထုတ်ပြန်လိုက်သည့် နယ်‌မြေများစာရင်းတွင် ကရင်ပြည်နယ် ဖာပွန်မြို့နယ်အတွင်းရှိ ‌ကျေးရွာအုပ်စု ၂၇ခုလည်း ပါဝင်သည်။