Home ထိပ်တန်းသတင်း ဖာပွန်ဘက်တွင် လုံခြုံ‌ရေးအတွက် တပ်လှန့်ပစ်ခတ်‌နေ

ဖာပွန်ဘက်တွင် လုံခြုံ‌ရေးအတွက် တပ်လှန့်ပစ်ခတ်‌နေ

2653
နိုဝင်ဘာလ ၆ရက်။ နန်း‌ဖော့‌ဂေ (‌ကေအိုင်စီ)

ကရင်ပြည်နယ်‌မြောက်ပိုင်း ဖာပွန်မြို့နယ်တွင် ပြီးခဲ့သည့် ‌လေးရက်ခန့်ကတည်းက လူသွားလမ်းများနှင့် ကား၊ ဆိုင်ကယ်သွား လမ်းများကို ပိတ်ပင်ထားသည့်အတွက် လူထုမှာ ‌ဈေးသွား‌ဈေးဝယ် သွားလာရန် ခက်ခဲလျှက်ရှိသည်။

ယင်းသို့လမ်းများ ပိတ်ထားခြင်း၊ သွားလာသူများကို စစ်တပ်မှ စစ်‌ဆေးခြင်းသည် ‌ရွေး‌ကောက်ပွဲ လုံခြုံ‌ရေးအတွက်ဖြစ်ပြီး ‌ကေ အဲန်ယူအဖွဲ့ဝင်များက ဝင်‌ရောက်‌နှောက်ယှက်မည်ကို စိုးရိမ်သည့်အတွက်ဖြစ်‌ကြောင်း အမည်မ‌ဖော်လိုသူ ‌ဒေသခံတစ်ဦးက ယခုလို ‌ပြောသည်။

သူက “လမ်း‌တွေက ပိတ်ထားတာ ‌လေးရက်‌လောက်ရှိပြီ။ ‌နောက်ပြီး ကျ‌နော်တို့ မဖြစ်မ‌နေ သွားလာရင်လည်း ဘယ်သွားမယ်။ ဘာညာ ‌မေးတယ်။ ပါလာတဲ့ ပစ္စည်း‌တွေကို ‌မွေ‌နှောက်တယ်။ ‌နောက်ပြီး ‌မေး‌သေးတယ်။ ‌ကေအဲန်ယူ‌တွေကို ‌တွေ့လားတဲ့။” ဟု ဆိုသည်။

၎င်းအပြင် ဖာပွန်မြို့‌ပေါ်ရှိ စစ်တပ်မှ နိုဝင်ဘာလဆန်းရက်မှစ၍ ဖာပွန်မြို့ပြင် ပတ်ဝန်းကျင်တဝိုက်ရှိ ‌ကျေးရွာများသို့ လက်နက် ကြီးများနှင့် ညတိုင်း လှမ်းပစ်‌နေ‌ကြောင်း ထို‌ဒေသတွင် ကြံ့ဖွံ့ပါတီမှ ကိုယ်စားလှယ် ‌စောထွန်းလှ‌အောင် (ယခင် ဒုဗိုလ်မှူးကြီး အဆင့်)နှင့် တစညပါတီမှ ဦး‌အေးသိန်းတို့က အမတ်‌လောင်းများအဖြစ် ဝင်‌ရောက်အ‌ရွေးခံကြမည်ဖြစ်သည်။

ကြံ့ဖွံ့ပါတီသည် ဖာပွန်မြို့ခံများကို လမ်းပြင်‌ပေးမည်၊ ကုတင် ၁၀ဝဆံ့ ‌ဆေးရုံနှစ်လုံး ‌ဆောက်‌ပေးမည်၊ လျှပ်စစ်မီး လုံ‌လောက် စွာ သုံးစွဲနိုင်ရန်အတွက် Hydro Power ဖြင့် လုပ်‌ဆောင်‌ပေးသွားမည်ဟုလည်း မက်လုံး‌ပေးစည်းရုံးခဲ့မှုများ ရှိခဲ့သလို တစည ပါတီမှာလည်း အလားတူ စိုက်ပျိုး‌ရေးတွင် ခြံစိုက်သူများကိုယ်တိုင် ‌ရောင်းဝယ်နိုင်‌ရေး စီစဉ်‌ပေးသွားမည်ဟု စည်းရုံးခဲ့သည်။

ထို‌ဒေသတွင် ထူးခြားမှုမှာ ဖာပွန်မြို့‌ပေါ်တွင် မဲရုံမထားရှိဘဲ ကမ‌မောင်း‌ကျေးရွာတွင် မဲရုံထားရှိခြင်းဖြစ်သည်။