Home ထိပ်တန်းသတင်း ပန်းတ‌နော်မဲဆန္ဒရှင်များ ကြံ့ဖွံ့ထက် တစညကို ပိုလိုလား

ပန်းတ‌နော်မဲဆန္ဒရှင်များ ကြံ့ဖွံ့ထက် တစညကို ပိုလိုလား

2260
နိုဝင်ဘာလ ၄ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ဧရာဝတီတိုင်း ပန်းတ‌နော်မြို့နယ်ရှိ မဲဆန္ဒနယ်များအတွင်း လာမည့် ‌ရွေး‌ကောက်ပွဲတွင် ဝင်‌ရောက်ယှဉ်ပြိုင်မည့် တိုင်းရင်း သားစည်းလုံးညီညွှတ်‌ရေးပါတီ(တစည)နှင့် ပြည်‌ထောင်စု ကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ (USDP) နှစ်ပါတီသာ ရှိသည့်အ နက် တစညကို ‌ဒေသခံလူထုများက ပိုလိုလား‌ကြောင်း ‌ကေအိုင်စီက စုံစမ်းသိရှိရသည်။

‌ဒေသခံတစ်ဦးက “တစညပါတီဟာ ကရင်လူမျိုးကို ကိုယ်စားပြုတဲ့ပါတီ မဟုတ်‌ပေမဲ့ ပါတီကိုယ်စားလှယ်‌တွေက ကရင်လူ မျိုး‌တွေဖြစ်ပြီး နာမည်ပျက်လည်း တခါမှ မရှိခဲ့ဘူး‌တော့ ကြံ့ဖွံ့ထက်စာရင် တစညကို ပန်းတ‌နော်လူထုက ပိုလိုလားကြ တယ်‌လေ။ ‌နောက်ပြီး ဒီမြို့နယ်က လူထု‌တွေကလည်း နယ်‌မြေခံ၊ လူမျိုးခံ အစွဲ‌တွေရှိ‌တော့ လူမျိုးလည်းတူ၊ မြို့ခံလည်းဖြစ် တဲ့ တစည ကိုယ်စားလှယ်‌တွေကိုပဲ မဲ‌ပေးဖို့များတယ်။”ဟု ဆိုသည်။

ပန်းတ‌နော်တွင် မဲဆန္ဒနယ်‌မြေ အမှတ်(၁)နှင့် (၂)တွင် ဝင်‌ရောက်အ‌ရွေးခံမည့် တစညပါတီ ကိုယ်စားလှယ်‌လောင်းများမှာ ကြံ့ခိုင်ဖွံ့ဖြိုး‌ရေးပါတီ ကိုယ်စားလှယ်များကဲ့သို့ လူထုကို ‌ငွေ‌ချေးစည်းရုံးမှုမရှိဘဲ သာမန်လုပ်ရိုးလုပ်စဉ်အတိုင်း ရိုးစင်းစွာ မဲဆွယ်စည်းရုံးခြင်းဖြစ်သည်ဟု ‌ဒေသခံလူထုက ‌ပြောဆို‌နေကြသည်။

“တစညရဲ့ စည်းရုံး‌ရေးပုံစံကလည်း ရိုးရိုးစင်းစင်း‌လေးပဲ‌ပေါ့။ လူထု‌တွေကို ‌ပေးကမ်းပြီး မဲဆွယ်တာ‌တွေ မရှိဘူး။ ကြံ့ဖွံ့ပါတီ ဆို ‌ကျေးလက်‌ဒေသက ‌တောင်သူလယ်သမား‌တွေနဲ့ လက်လုပ်လက်စား ‌ဒေသခံ‌တွေကို ‌လျှောက်လွှာဖြည့်ပြီး ကျပ်‌ငွေ ၁ဝ သိန်းက‌နေ ၁၅သိန်းအထိ ထုတ်‌ချေး‌ပေးတာ‌တွေ ရှိတယ်။”ဟု အမည်မ‌ဖော်လိုသူ ပန်းတ‌နော်မြို့ခံတစ်ဦးက ဆိုသည်။

လူထု၏ လိုလားမှုအ‌ပေါ် မည်သို့ စည်းရုံးလုပ်‌ဆောင်‌နေသည်ကို သိရှိရန် အဆိုပါမြို့နယ်၏ အမျိုးသားလွှတ်‌တော်ကိုယ် စားလှယ် မန်းထိန်ဝင်းစိန်ကို ‌ကေအိုင်စီမှ ဆက်သွယ်‌မေးမြန်း‌သော်လည်း ဖုန်းလိုင်းမ‌ကောင်းသည့်အတွက် ဆက်သွယ်၍ မရ‌ပေ။

ထို့အပြင် တစညနှင့် ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်‌လောင်းများသည် ယခုရက်သတ္တပတ်အတွင်း ဘုန်းကြီး‌ကျောင်းနှင့် ခရစ် ယာန်ဘုရား‌ကျောင်းများတွင် မဲဆွယ်စည်းရုံးမှုများ လုပ်‌ဆောင်လျှက်ရှိသည့်အပြင် မိမိပါတီ မဲရရှိ‌ရေးအတွက် တပါတီနှင့် တပါတီ ပုဂ္ဂိုလ်‌ရေးအရ တိုက်ခိုက်‌ပြောဆိုမှုများလည်း ရှိသည်ဟု ပန်းတ‌နော်မြို့ခံများ၏ ‌ပြောပြချက်အရ သိရသည်။

ပန်းတ‌နော်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)တွင် တစညပါတီမှ ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ် ဦးမြင့်‌အောင်၊ အမျိုးသား လွှတ်‌တော်ကိုယ်စားလှယ် မန်းသိန်းလှ၊ အမှတ်(၂)မဲဆန္ဒနယ်တွင် ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ် မန်း‌မောင်‌မောင် ဉာဏ်၊ အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ် မန်းထိန်ဝင်းစိန်နှင့် တိုင်း‌ဒေသကြီး လွှတ်‌တော်ကိုယ်စားလှယ် မန်းသက်တင် တို့ ဝင်‌ရောက်အ‌ရွေးခံကြမည် ဖြစ်သည်။

၎င်းအပြင် ကြံ့ဖွံ့ပါတီမှ ပြည်သူ့လွှတ်‌တော် ကိုယ်စားလှယ် မန်းတင်ဦး၊ အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ် မန်းသန်း‌ရွှေ၊ ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ် ဦးမြင့်သိန်း၊ အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ် ဦးဝင်းသိန်း၊ တိုင်း‌ဒေသကြီး လွှတ် ‌တော်ကိုယ်စားလှယ် ဦး‌ဌေးမြိုင်တို့က ထို‌ဒေသတွင် တစညပါတီနှင့်အပြိုင် ‌ရွေး‌ကောက်ပွဲ ယှဉ်ပြိုင်သွားမည်ဟု သိရသည်။

ပန်းတ‌နော်မြို့နယ်တွင် မဲဆန္ဒနယ်‌မြေ အမှတ်(၁)နှင့် အမှတ်(၂)ဟူ၍ရှိပြီး ‌ကျေးရွာအုပ်စု‌ပေါင်း ၅၄အုပ်စုရှိသည်ဟု သိရ သည်။