Home ထိပ်တန်းသတင်း ပဒိုမန်းရှာလူငယ်‌ခေါင်း‌ဆောင်ဆုရှင် အတွက် အဆိုတင်သွင်းနိုင်ပြီ

ပဒိုမန်းရှာလူငယ်‌ခေါင်း‌ဆောင်ဆုရှင် အတွက် အဆိုတင်သွင်းနိုင်ပြီ

1563
နိုဝင်ဘာလ ၃ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

နှစ်စဉ် ‌ပေးအပ်သည့် ပဒိုမန်းရှာလူငယ်‌ခေါင်း‌ဆောင်ဆုကို ၂၀၁ဝ အတွက် ဆုရှင်များကို စတင် အဆိုတင်သွင်းနိုင်ပြီဖြစ်‌ကြောင်း ဖန်း‌ဖောင်‌ဒေးရှင်း (Phan Foundation)မှ ယမန်‌နေ့က ‌ကြေညာချက် ထုတ်ပြန်လိုက်သည်။

အဆိုပါဆုအတွက် အသက် ၃၅နှစ်ထက် မ‌ကျော်လွန်‌သေးသည့် မည်သည့် ကရင်လူငယ်များကိုမဆို အဆိုတင်သွင်းနိုင်ပြီး ၎င်းတို့၏ အသက်၊ ‌နေထိုင်ရာ‌ဒေသ၊ သက်ဆိုင်ရာလုပ်ငန်းအပြင် မည်သည့်အ‌ကြောင်း‌ကြောင့် ၎င်းဆုကို ရရှိထိုက်သူဖြစ်‌ကြောင်း ‌ဖော်ပြပါရှိရ မည်ဖြစ်သည်။

ဖန်း‌ဖောင်‌ဒေးရှင်းကို ၂၀၀၈ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၁၄ရက်‌နေ့တွင် လုပ်ကြံခံခဲ့ရသည့် ‌ကေအဲန်ယူ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူးချုပ် ‌ဟောင်း ပဒိုမန်းရှာလားဖန်း၏ သားသမီး‌လေးဦးဖြစ်သည့် ‌စော‌စေး‌စေးဖန်း၊ နမ့်ဘွားဘွားဖန်း၊ နမ့်ဇိုယာဖန်းနှင့် စလုံ့ဖန်းတို့မှ မိခင် နမ့်ကျင်‌ရွှေနှင့် ဖခင် မန်းရှာလားဖန်းတို့အတွက် ရည်စူးကာ ထို‌နေ့တွင်ပင် စတင် တည်‌ထောင်ခဲ့ခြင်းဖြစ်သည်။

ပဒိုမန်းရှာလူငယ်‌ခေါင်း‌ဆောင်ဆုမှာ ကရင်လူမှုအဖွဲ့အစည်းအတွက် ကျန်းမာ‌ရေး၊ ပညာ‌ရေး၊ လူမှု‌ရေးနှင့် ယဉ်‌ကျေးမှုနယ်ပယ်၌ စွမ်းစွမ်းတမံ လုပ်ကိုင်‌ဆောင်ရွက်‌သော ပြည်တွင်းပြည်ပရှိ ကရင်လူငယ်များကို ဒီဇင်ဘာလ ၃၁ရက်‌နောက်ဆုံးထား၍ အဆိုတင် သွင်း စာရင်း‌ပေးသွင်းနိုင်‌ကြောင်းနှင့် ဆုရရှိသူကို ၂၀၁၁ခုနှစ်၊ ဇန်နဝါရီလတွင် ‌ကြေညာသွားမည်ဖြစ်‌ကြောင်း ဖန်း‌ဖောင်‌ဒေးရှင်း၏ ‌ကြေညာချက်တွင် ‌ဖော်ပြထားသည်။

ဖန်း‌ဖောင်‌ဒေးရှင်း တည်‌ထောင်သူတစ်ဦးဖြစ်သည့် နမ့်ဇိုယာဖန်းက “ကျမအ‌ဖေဟာ ကိုယ့်လူထုအတွက် တက်ကြွစွာ လုပ်ကိုင်‌နေတဲ့ လူငယ်‌တွေကို အမြဲ အား‌ပေးအား‌မြှောက်ပြုပါတယ်။ ဒီဆုဟာ သူ့အ‌ပေါ် ချီးကျူးဂုဏ်ပြုတာဖြစ်ပြီး တက်ကြွလှုပ်ရှားတဲ့ လာမဲ့ မျိုး ဆက်‌တွေကိုလည်း အား‌ပေးရာ‌ရောက်တယ်။”ဟု ဆိုသည်။

ဆု‌ကြေး‌ငွေ အ‌မေရိကန်‌ဒေါ်လာ ၂၀၀ဝ ရရှိသည့် ၎င်းဆုကို နှစ်စဉ် ကရင့်အမျိုးသား‌တော်လှန်‌ရေး‌နေ့တွင် ‌ပေးအပ်လာခဲ့ရာ ၂၀၀၈ ခုနှစ်အတွက် လူထုအကျိုးပြုလုပ်ငန်း လုပ်‌ဆောင်သူ ‌နော်‌ဖောကဗလာထူးနှင့် ၂၀၀၉ခုနှစ်အတွက် ကျန်းမာ‌ရေးလုပ်ငန်း လုပ်‌ဆောင် သူ ‌စောညွှန့်ဝင်းအား ချီးမြှင့်‌ပေးအပ်ခဲ့ပြီးဖြစ်သည်။

အဆိုတင်သွင်းရန်အတွက် Email: bwabwa.phan@phanfoundation.org, Phone: +447739872481, Website: www. phanfoundation.org သို့ ဆက်သွယ်နိုင်‌ကြောင်း ၎င်းတို့၏ ‌ကြေညာချက်တွင် ထည့်သွင်းပါရှိသည်။