Home ထိပ်တန်းသတင်း ပစ်ခတ်မှု‌နောက်ပိုင်း မြဝတီတွင် စားသုံးကုန်‌ဈေးနှုန်းတက်လာ

ပစ်ခတ်မှု‌နောက်ပိုင်း မြဝတီတွင် စားသုံးကုန်‌ဈေးနှုန်းတက်လာ

1879
နိုဝင်ဘာလ ၂၅ရက်။ နန်း‌ဖော့‌ဂေ (‌ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် နိုဝင်ဘာလ ၇ရက် ‌ရွေး‌ကောက်ပွဲရက်‌နောက်ပိုင်း ဖြစ်ပွားခဲ့သည့် ဒီ‌ကေဘီ‌အေနှင့် နအဖ စစ်တပ် ပစ်ခတ်မှုအပြီး‌နောက်ပိုင်း စားသုံးကုန်ပစ္စည်းများ ‌ဈေးနှုန်းမြင့်တက်လာ‌ကြောင်း မြို့ခံလူထုက ‌ပြောဆို‌နေကြသည်။

မြဝတီမြို့‌နေလူထုသည် ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့မှ ဝင်‌ရောက်လာသည့် အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်များနှင့် ဖားအံ၊ ‌ကော့ကရိတ်မြို့များမှ တက်လာသည့် ဆန် အပါအဝင် အခြားစားသုံးကုန်များကိုလည်း ဝယ်ယူစားသုံး ‌နေကြသည်။ ယင်းစား ‌သောက်ကုန်များအနက် အချို့မှာ ‌ဈေးနှုန်းအနည်းငယ်သာ မြင့်တက်လာ‌သော်လည်း ကြက်သွန်၊ ဆီ၊ ပဲနှင့် အာလူး စသည့် ‌ဈေးနှုန်းမှာ သိသာစွာ တက်လာသည်ဟု သိရသည်။

အမှတ်(၄)ရက်ကွက်‌နေ အိမ်ရှင်မတစ်ဦးက တစ်ရက်တာ စားစရိတ်ကို ယခင်ကထက်ပို၍ ‌ချွေတာသုံးစွဲ‌နေရ‌ကြောင်း ယခုလို ‌ပြောသည်။ “စားစရိတ်က‌တော့ ဆန်ကလွဲရင် ဟင်းစား‌တွေက တစ်ရက်စာကို ၂၀၀၀‌လောက်ကုန်တယ်။ ဆန်က‌တော့ ‌အောက်က‌နေပဲ မှာစားတယ်။ မြဝတီမှာ ဆန်တအိတ်ကို ၃၆,၀၀ဝကျပ်ဆိုရင် ဖားအံမှာဆို ၃၃,၅၀ဝပဲ‌လေ။ အခုဆို စီးပွား‌ရေး လုပ်စားရတာကလည်း မ‌ကောင်း‌တော့ အရင်လို‌တောင် မဝယ်စားနိုင်‌တော့ဘူး။”ဟု ဆိုသည်။

မြဝတီမြို့၌ ‌ဈေးနှုန်းတက်လာသည့် ကုန်ပစ္စည်းအချို့မှာ ပိဿာချိန်ဖြင့် ကြက်သွန်နီ ၆၀ဝမှ ၁၀၀ဝကျပ်၊ ကြက်သွန်ဖြူ ၄၀၀ဝမှ ၅၀၀၀၊ စားဆီ ၂၀၀ဝမှ ၂၄၀၀၊ ငြုပ်သီး‌ခြောက် ၁၀၀ဝမှ ၁၂၀၀၊ ကုလားပဲဝါခြမ်း ၁၅၀ဝမှ ၂၀၀၀၊ အာလူး ၈၀ဝမှ ၁၂၀ဝဖြစ်ပြီး ဆန်တစ်ပြည်နှုန်းမှာ ပျှမ်းမျှအားဖြင့် စီယာဆန် ၉၀ဝမှ ၁၀၀ဝနှင့် ‌ပေါ်ဆန်း‌မွှေး ၁၂၀ဝမှ ၁၃၀ဝကျပ်နှုန်းဖြစ်သည်။

စားသုံးကုန်ပစ္စည်း‌ရောင်းသူ ‌ဈေးသည်တစ်ဦးက “မြဝတီက လူ‌တွေက မဲ‌ဆောက်ကလာတဲ့ ဆီ‌တွေကိုပဲ စားကြတာပဲ။ ဆီ‌တွေ ‌ဈေးတက်ရတာက အခုဆို ပစ္စည်း သယ်ယူရတာ အရင်ကထက် နည်းနည်းပိုခက်လာ‌တော့ ‌ဈေး‌တွေ တက်လာတာလည်း ပါ တယ်။ အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ‌တွေက‌တော့ မဲ‌ဆောက်ကပဲ လာတာဆို‌ပေမဲ့ ‌ဈေး‌တော့မတက်ဘူး။”ဟု ဆိုသည်။

စစ်အစိုးရအာဏာပိုင်များသည် နိုဝင်ဘာလ ၁ဝရက်‌နေ့ကတည်းက တရားမဝင်ဂိတ်များကို နယ်ခြား‌စောင့်တပ်များလက်ထဲသို့ အပ်နှံလိုက်ပြီး‌နောက် ယခုဆိုလျှင် ကုန်သည်များက ထိုင်းဘက်ခြမ်းမှ ကုန်ပစ္စည်းများကို ထိုဂိတ်များမှ ‌နေ့ခင်းဘက် ကူးယူ သယ်‌ဆောင်‌နေကြပြီဖြစ်သည်။

တရားမဝင်ဂိတ်မှ ကုန်သယ်ယူ‌နေသည့် ကုန်သည်အမျိုးသမီးက “ကျမတို့ ယူသွင်းတဲ့ပစ္စည်း‌တွေက အချိုရည်‌တွေ၊ အချိုမှုန့်၊ ငါး‌သေတ္တာ‌တွေအပြင် ဆီ‌တွေလည်းပါတယ်။ ဆီက အရင်ကဆို တစ်ပုံးကို ဘတ် ၅၃၀‌လောက်ပဲရှိတာ အခုဆိုရင် ဘတ် ၆၅ဝ ‌လောက်ရှိ‌နေပြီ‌လေ။ အချိုမှုန့်က‌တော့ ‌ဈေးမတက်ဘူးလို့‌ပြောလို့ရတယ်။ အခု‌တော့ ဂိတ်‌တွေလည်း ပုံမှန်ပြန်ဖြစ်‌နေပြီး ‌နေ့ခင်း မှာကူး‌နေပြီ‌လေ။”ဟု ‌ပြောသည်။

သို့‌သော် နယ်ခြား‌စောင့်တပ်အဖြစ် အသွင်မ‌ပြောင်းသည့် ဂိတ်များမှာ ယခင် ဒီ‌ကေဘီ‌အေ ဗိုလ်မှူးကြီး‌စောချစ်သူ၏ ကြီးကြပ် ထိန်းချုပ်မှုဖြင့် ၎င်းတို့လက်ခံသည့် အတိုင်းအတာခန့်သာ ကုန်သယ်ယူခွင့်ရရှိသည်ဟု သိရသည်။

“ပစ္စည်း‌တွေက‌တော့ သယ်လို့ရပါတယ်။ ဒါ‌ပေမဲ့ နယ်ခြား‌စောင့်တပ်‌တွေ လာ‌စောင့်‌နေကတည်းက သူတို့ ခွင့်ပြုသ‌လောက်ပဲ သယ်ရတာ‌ပေါ့။ အရင်လို သယ်ချင်တာကို စိတ်ကြိုက်သယ်ပို့ကူးယူ‌နေလို့ မရ‌တော့ဘူး‌လေ။”ဟု နယ်ခြား‌စောင့်မဟုတ်သည့် ဂိတ်မှူးတစ်ဦးက ဆိုသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်ပြီး‌နောက်တွင် ကုန်‌ဈေးနှုန်းတက်လာသလို မြဝတီမြို့တွင်လည်း ယခင်လို လူစည်ကားခြင်းမရှိ‌တော့ဘဲ ခရီးသည်မရှိသည့်အတွက် မြဝတီ-ဖားအံ ‌ပြေးဆွဲ‌နေသည့် ကားတန်းအတက်အဆင်း၌ ကားအစီး‌ရေ နည်းပါးလျှက်ရှိသည်။

ကားသမားတစ်ဦးက “ကား‌တွေက‌တော့ သွားဖို့အများကြီးရှိတယ်ခင်ဗျ။ ဒါ‌ပေမဲ့ ခရီးသည်က မရှိသ‌လောက်ဖြစ်‌နေ‌တော့ တစ် ရက်ခြား ကားတန်းအဆင်းအတက် ပုံမှန်မရ‌တော့ဘဲ အခုဆို မြဝတီမှာ ကျ‌နော် ခရီးသည်‌စောင့်‌နေတာ တစ်ပတ်‌လောက်ရှိ ပြီ။”ဟု ‌ပြောသည်။

အလားတူ မြဝတီမြို့နှင့် တချိန်တည်း ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင်မူ ကုန်‌ဈေးနှုန်း များ မြင့်တက်လာခြင်းမရှိဘဲ ကုန်သည်များသာ မိမိတို့၏ နယ်စပ်ကုန်သွယ်‌ရေးကို ယခင်လို ပြန်လည်လုပ်ကိုင်နိုင်ခြင်း မရှိ ‌သေးဘဲဖြစ်‌နေသည်ဟု ဘုရားသုံးဆူမြို့မှ ကုန်သည်တစ်ဦးက ‌ပြောသည်။