Home ထိပ်တန်းသတင်း နယ်စပ်ပဋိပက္ခ ‌နောက်ဆုံး အ‌ခြေအ‌နေ

နယ်စပ်ပဋိပက္ခ ‌နောက်ဆုံး အ‌ခြေအ‌နေ

1524
နိုဝင်ဘာလ ၇ရက်၊ ည ၁ဝး၂၅နာရီ။ ‌ကေအိုင်စီ

မြဝတီတွင် ဖြစ်ပွားခဲ့သည့် ဒီ‌ကေဘီ‌အေ ဝင်စီးထားသည့်သတင်း၏ ‌နောက်ဆက်တွဲမှာ မနက်ဖြန်တွင် နအဖနှင့် ဒီ‌ကေဘီ‌အေ ဆက်လက် ‌ဆွေး‌နွေးသွားမည်ဖြစ်ပြီး ၎င်းတို့တပ်ဖွဲ့ကို မြို့တွင်းမှ ယာယီ ဆုတ်ခွာထား‌ကြောင်း ‌နောက်ဆုံးသတင်းကို ဒီ‌ကေဘီ‌အေ အသိုင်းအဝိုင်းများ မှတဆင့် ကြားသိရသည်။

ယ‌နေ့ည ၁ဝနာရီနီးပါးအထိ မဲရုံမှူးများမှာ မဲရုံတွင် မဲ‌ရေတွက်လျှက်ရှိပြီး ယင်းအ‌ခြေအ‌နေအရ ပစ်ခတ်မှု တစုံတရာ ဖြစ်ပွားပါက လူထု ထိတ်လန့်မည်စိုး၍ ဒီ‌ကေဘီ‌အေဘက်မှ ဖယ်ခွာသွား‌ကြောင်း ၎င်းတို့နှင့် နီးစပ်သူတစ်ဦးက ‌ပြောသည်။

ယ‌နေ့မွန်းလွဲပိုင်း၌လည်း ‌ကော့ကရိ်တ်မြို့အနီးတွင် ပစ်ခတ်မှုတခု ဖြစ်ပွားခဲ့‌သော်လည်း မည်သည့်အဖွဲ့များဖြစ်သည်ကိုမူ အတိအကျ မသိရှိ ရ‌ပေ။

ထိုအ‌ခြေအ‌နေများအရ ‌ကော့ကရိတ်နှင့် မြဝတီမြို့များတွင် ညဦးပိုင်းကတည်းက လူအသွားအလာများ ကင်းမဲ့ကာ တိတ်ဆိတ်လျှက်ရှိ ‌ကြောင်း မြို့ခံများက ‌ပြောဆို‌နေကြသည်။