Home ထိပ်တန်းသတင်း ဒီ‌ကေဘီ‌အေ ဗိုလ်မှူးချုပ် ‌စောလားပွယ်ကို ကရင်အမျိုးသား ဒီမိုက‌ရေစီသူရဲ‌ကောင်းဆုချီးမြှင့်

ဒီ‌ကေဘီ‌အေ ဗိုလ်မှူးချုပ် ‌စောလားပွယ်ကို ကရင်အမျိုးသား ဒီမိုက‌ရေစီသူရဲ‌ကောင်းဆုချီးမြှင့်

2124
နိုဝင်ဘာလ ၄ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

‌နော်‌ဝေနိုင်ငံ အ‌ခြေစိုက် ဘက်မလိုက် လွတ်လပ်‌သော ကရင်လူမှုအဖွဲ့အစည်းက နအဖ၏ နယ်ခြား‌စောင့်တပ်ကို လက်မခံ‌သော တိုးတက်‌သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော်(DKBA) တပ်မဟာ(၅)မှူး ဗိုလ်မှူးချုပ်‌စောလားပွယ်(ဗိုလ်နှုတ်ခမ်း‌မွှေး) အား ကရင်အမျိုးသား ဒီမိုက‌ရေစီသူရဲ‌ကောင်းဆုကို ချီးမြှင့်မည်ဖြစ်‌ကြောင်း ယမန်‌နေ့က ထုတ်ပြန်‌ကြေညာခဲ့သည်။

ဆု‌ရွေးချယ်‌ရေးအဖွဲ့၏ ဥက္ကဌဖြစ်သူ ‌စောဒယ်နီယယ်က “ကျ‌နော်တို့ သူ့ကို‌ပေးတာက အချက် ၇ချက်ကို ကြည့်ပြီး ‌ပေးခဲ့တာပါ။ ပြီး ခဲ့တဲ့ နယ်ခြား‌စောင့်တပ်ဖွဲ့ဖို့ နအဖက သူ့ကို စည်းရုံးတဲ့အခါမှာ သူ့အတွက် အကျိုးဖြစ်ထွန်း‌စေမယ့် စီးပွား‌ရေးလာဘ်လာဘ‌တွေ အများကြီး ဖွင့်‌ပေးခဲ့‌ပေမယ့် ဒါကို လက်မခံခဲ့ဘဲ ပြည်သူ့ဘက်က ရပ်တည်ပြီး အဲဒီကိစ္စကို ငြင်းပယ်ခဲ့တယ်။ အဓိက သူဟာ ကိုယ် ကျိုးမဖက်တဲ့အတွက် ဖြစ်တယ်။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ဗိုလ်မှူးချုပ်‌စောလားပွယ်သည် ကိုယ်ကျိုးမဖက်ဘဲ အမျိုးသား‌ရေးကို အဓိက ဦးထိပ်ထားသူ၊ ကိုယ်ကျိုးစွန့် အနစ်နာခံသူ၊ အမျိုး သားပြန်လည်ရင်ကြား‌စေ့‌ရေးကို လိုလားသူ၊ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားအားလုံးနှင့် တန်းတူရည်တူ ဆက်ဆံ‌နေထိုင်သူ၊ ဒီမိုက‌ရေစီစနစ်ကို ‌လေးစားမြတ်နိုးသူ၊ မတရားမှုကို ရဲဝံ့စွာ ‌တော်လှန်သူ၊ ကရင်အမျိုးသား‌ခေါင်း‌ဆောင်ကြီးများ ချမှတ်ထား‌သော မူဝါဒကို ‌လေးစားမြတ်နိုးသူ စသည့် ဂုဏ်အဂင်္ါရပ်နှင့် ကိုက်ညီသည့်လုပ်‌ဆောင်ချက်များ‌ကြောင့် ဆုနှင့် ထိုက်တန်‌ကြောင်း ဆု‌ပေး အပ်‌ရေးအဖွဲ့က ယုံကြည်ယူဆသည်ဟု ‌ကြေညာချက်၌ ပါရှိသည်။

၎င်းဆု‌ပေးအပ်ပွဲ အခမ်းအနားကို လာမည့် ဒီဇင်ဘာလ ၄ရက်‌နေ့တွင် ‌နော်‌ဝေနိုင်ငံ၊ ‌အော်စလိုမြို့၌ ကျင်းပမည်ဖြစ်‌ကြောင်း ဆု ‌ပေးအပ်သည့်အဖွဲ့၏ ‌ကြေညာချက်တွင် ‌ဖော်ပြထားသည်။

ဆုချီးမြှင့်ခံရသည့်အ‌ပေါ် ဒီ‌ကေဘီ‌အေ တပ်မဟာ(၅)မှူး ဗိုလ်မှူးချုပ်‌စောလားပွယ်က “ဒီဆုဟာ ကလို့ထူး‌ဘောက DKBA ရဲ‌ဘော် ရဲဘက်‌တွေအပြင် တိုင်းရင်းသားပြည်သူလူထု အားလုံးအတွက် ဖြစ်ပါတယ်။ ‌ရှေ့ဆက် မြန်မာနိုင်ငံ ဒီမိုက‌ရေစီနဲ့ ငြိမ်းချမ်း‌ရေး ရရှိ တဲ့အထိ ကျ‌နော်တို့ ကြိုးပမ်းသွားရမယ်။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

‌စောဒန်နရယ်က “ကျ‌နော်တို့‌ပေးမယ့် ဆုအမျိုးအစားက‌တော့ ကရင်လူမျိုးရဲ့ တန်ဖိုးထား အမြတ်တနိုးထားတဲ့ အမှတ်အသားတ ခုခုပဲ။ ‌နောက် ဒီဆုက ပထမဆုံးအကြိမ်‌ပေါ့‌နော်။ ကရင်အမျိုးသားအတွက် အကျိုးပြုတဲ့သူ‌တွေကို ‌နောက် နှစ်စဉ် ‌ရွေးချယ်ချီးမြှင့် သွားဖို့ ရှိတယ်။”ဟု ဆက်လက် ‌ပြောဆိုသည်။

နိုင်ငံ‌ရေးတွင် ဝင်‌ရောက်မစွက်ဖက်သည့် ဘက်မလိုက် လွတ်လပ်‌သော ကရင်လူမှုအဖွဲ့အစည်းကို ‌နော်‌ဝေနိုင်ငံ‌ရောက် ကရင်အ မျိုးသားများက ဘက်မလိုက်ဘဲ အမျိုးသား‌ရေးအတွက် ကိုယ်ကျိုးမဖက် ‌ဆောင်ရွက်သူများကို ဂုဏ်ပြုမှတ်တမ်းတင်သွားမည့် ရည်ရွယ်ချက်ဖြင့် ၂၀၁ဝခုနှစ်၊ ဩဂုတ်လတွင် စတင် တည်‌ထောင်ခဲ့သည်။