Home ထိပ်တန်းသတင်း တိုက်ပွဲဖြစ်ပွားနိုင်သည့်အတွက် ပြည်သူ ၁,၀၀ဝခန့် ထိုင်းဘက်ခြမ်းသို့ ထပ်မံ ထွက်‌ပြေး

တိုက်ပွဲဖြစ်ပွားနိုင်သည့်အတွက် ပြည်သူ ၁,၀၀ဝခန့် ထိုင်းဘက်ခြမ်းသို့ ထပ်မံ ထွက်‌ပြေး

2026
နိုဝင်ဘာလ ၂၆ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

မြဝတီခရိုင်၊ ‌ဝေါ်‌လေ‌ဒေသတွင် နအဖနှင့် နယ်ခြား‌စောင့်တပ်တို့ ပိုမို‌ရောက်ရှိလာသည့်အတွက် နယ်‌မြေခံ ကရင်တပ်ဖွဲ့များ နှင့် တိုက်ပွဲအကြီးအကျယ် ဖြစ်ပွားလာနိုင်သည့် အ‌ခြေအ‌နေ‌ကြောင့် ယ‌နေ့မွန်းလွဲပိုင်းတွင် ‌ဝေါ်‌လေ‌ဒေသရှိ ဖလူး‌ကျေးရွာမှ ပြည်သူ ၁,၀၀ဝခန့် ထိုင်းဘက်ခြမ်းသို့ ထပ်မံ ထွက်‌ပြေးတိမ်း‌ရှောင်ကြသည်ဟု သိရသည်။

နအဖစစ်တပ်မှ ခလရ(၆၂)နှင့် နယ်ခြား‌စောင့်တပ်(BGF)များ ပူး‌ပေါင်းသည့် တပ်အင်အား ၁၀၀‌ကျော်ရှိ တပ်ဖွဲ့သည် ကနဲ ‌လေး၊ ဘုရင့်‌နောင်ကုန်း စသည့်‌နေရာများသို့ တက်လာရန် စီစဉ်‌နေသည်ဟု ဖလူး‌ကျေးရွာတွင် တာဝန်ကျ‌နေ‌သော ‌ကေအဲန် အယ်လ်‌အေ ‌ဆေးမှူးတဦးက ‌ပြောသည်။

“တိုက်ပွဲဖြစ်နိုင်တဲ့ အ‌ခြေအ‌နေမှာဆို‌တော့ ‌လော‌လောဆယ် ရွာသား‌တွေကို ထိုင်းဘက်ခြမ်းကို ‌ရှောင်ခိုင်းထားတယ်။ အထူး သဖြင့် အမျိုးသမီးနဲ့ က‌လေး‌တွေ‌ပေါ့‌နော်။ ရွာမှာဆို အမျိုးသား‌တွေ တစ်‌ယောက်တစ်‌လေပဲ ကျန်‌တော့တယ်။”ဟု ‌ပြောသည်။

ယင်းသို့ ‌ဒေသခံပြည်သူများ ထွက်‌ပြေးရခြင်းမှာ နအဖတပ်နှင့် BGF တပ်ဖွဲ့များ တက်လာမည့် လမ်း‌ကြောင်းတ‌လျှောက်တွင် ဒီ‌ကေဘီ‌အေနှင့် ‌ကေအဲန်အယ်လ်တပ်ဖွဲ့ဝင်တို့ တပ်အင်အား အများအပြားဖြင့် ‌စောင့်ကြိုထား‌သော‌ကြောင့် အချိန်မ‌ရွေး တိုက်ပွဲဖြစ်ပွားနိုင်သည့် အ‌ခြေအ‌နေတွင်ရှိသည်ဟု ‌ကေအဲန်အယ်လ်‌အေဘက်က ‌ပြောသည်။

ယခုလို မိမိ‌ကျေးရွာမှ ထွက်‌ပြေးတိမ်း‌ရှောင်သွား‌သော ဖလူးရွာသားများသည် ထိုင်းနိုင်ငံ ဖို့ဖရမြို့နယ် ‌မော်လီချိုင်း‌ကျေးရွာနှင့် ကပ်လျှက် မယ့်ကူ‌ကေး‌ကျေးရွာတွင် ခိုလှုံ‌နေကြပြီး ‌လော‌လောဆယ်တွင် ထိုင်းဘက်ခြမ်းရှိ လူမှုကူညီ‌ရေးအဖွဲ့တို့မှ လိုအပ် သည်များကို စီစဉ်‌ဆောင်ရွက်‌ပေးသည်ဟု ‌မော်လီချိုင်းရွာသားများက ‌ပြောသည်။

ဒီ‌ကေဘီ‌အေ တပ်မဟာ(၅) တပ်ဖွဲ့ဝင်များ

ယမန်‌နေ့ညနှင့် ယ‌နေ့မနက်ပိုင်းတွင် မြဝတီ‌တောင်ဘက်ခြမ်း၊ မဲ့‌ထော်သ‌လေးရွာဘက်မှ လက်နက်ကြီးပစ်ခတ်သံများ အနည်း ငယ်ကြားခဲ့ရ‌သော်လည်း မည်သို့ဖြစ်ပွားသည်ကို မသိရှိရ‌ကြောင်း မြဝတီမြို့ခံအချို့က ‌ပြောဆို‌နေကြသည်။