Home ထိပ်တန်းသတင်း စပါးနှံကို မဲ‌ပေး၍ ရထားလမ်းကို ဆက်လက်‌ဖောက်လုပ်ရန် မ‌သေချာ

စပါးနှံကို မဲ‌ပေး၍ ရထားလမ်းကို ဆက်လက်‌ဖောက်လုပ်ရန် မ‌သေချာ

1860
နိုဝင်ဘာလ ၂၄ရက်။ နန်း‌ဖော့‌ဂေ (‌ကေအိုင်စီ)

ဧရာဝတီတိုင်း၊ ပန်းတ‌နော်မြို့နယ်အတွင်းရှိ ‌ဖောက်လုပ်ဆဲ ရန်ကုန်-ပုသိမ် ရထားလမ်းသစ် စီမံကိန်းတစ်‌လျှောက်ရှိ ရွာများ သည် ‌ရွေး‌ကောက်ပွဲတွင် တိုင်းရင်းသားစည်းလုံးညမီညွှတ်‌ရေးပါတီ(တစည)၏ စပါးနှံတံဆိပ်ကို မဲ‌ပေးမှုများခဲ့သဖြင့် ၎င်းရထား လမ်းကို ဆက်လက် အ‌ကောင်အထည်‌ဖော်သွားမည် မဟုတ်ဟု အာဏာပိုင်အချို့က ‌ပြော‌ကြောင်း ‌ဒေသခံများက ဆိုသည်။

“ရန်ကုန်နဲ့ ပုသိမ်ကို ၃နှစ်စီမံကိန်းနဲ့ မနှစ်ကတည်းက စအ‌ကောင်အထည်‌ဖော်တယ်။ ဒီနှစ်မှာ ဆက်ပြီး အ‌ကောင်အထည်မ ‌ဖော်‌တော့ဘူးလို့ ‌ပြောသံကြားတယ်။ ပြီးခဲ့တဲ့ ‌ရွေး‌ကောက်ပွဲမှာ အဲဒီစီမံကိန်းရဲ့‌ဘေးမှာရှိတဲ့ ရွာ‌တွေအကုန်မှန်သမျှ စပါးနှံကိုပဲ မဲထည့်ကြတာကိုး။ ဒါ‌ကြောင့် စပါးနှံကို မဲထည့်ရ‌ကောင်းလားဆိုပြီး အာဏာပိုင်အချို့က အဲလို‌ပြော‌နေတာ။”ဟု ပန်းတ‌နော်မြို့ ခံတစ်ဦးက ‌ပြောသည်။

‌ညောင်တုန်း၊ ပန်းတ‌နော်နှင့် အိမ်မဲမြို့များကို ဖြတ်သန်းပြီး အရှည် မိုင် ၁၀၀‌ကျော်ရှိသည့် အဆိုပါရထားလမ်းမှာ ရန်ကုန်မှ ပုသိမ်အထိ ‌ဖောက်လုပ်ရန် လက်ရှိအချိန်တွင် ‌မြေလမ်း‌ကြောကို အကြမ်းဖျင်း လုပ်‌ဆောင်ထားခဲ့ပြီးဖြစ်သည်ဟု ကိုယ်တိုင် မြင်‌တွေ့ခဲ့သူတစ်ဦးက ဆိုသည်။

သူက “ရထားလမ်းအရှည်က‌တော့ ကားလမ်းနဲ့ သိပ်‌တော့မခြားဘူး။ ကားလမ်းနဲ့ယှဉ်သွားတဲ့‌နေရာရှိတယ်။ ကားလမ်းကို ဖြတ် သွားတာလည်း ရှိတယ်။ ဗိုလ်မြတ်ထွန်းတံတားက‌နေ‌တော့ လှမ်းမြင်‌နေရတယ်။ လမ်းက ‌မြေလမ်းအကြမ်းပဲ ရှိ‌သေးတာ‌ပေါ့။ ‌ကျောက်ခင်းတာ၊ သံလမ်းဆင်တာ‌တွေ‌တော့ မရှိ‌သေးဘူး‌လေ။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

၎င်း‌ဒေသခံများသည် ‌ရွေး‌ကောက်ပွဲအတွက် ဝင်‌ရောက်ယှဉ်ပြိုင်မည့် ပါတီများအနက် ၁၉၉ဝတွင် အ‌ရွေးခံခဲ့သည့် တစညပါတီ ကိုသာ သိရှိကြသည့်အတွက် ၎င်းတို့နယ်တွင် အ‌ရွေးခံသည့် တစညပါတီ၏ ပြည်သူ့လွှတ်‌တော် ကိုယ်စားလှယ် မန်း‌မောင် ‌မောင်ဉာဏ်ကို မဲ‌ပေးခဲ့ကြသည်ဟု သိရသည်။

ထို့အတွက် ကြံ့ဖွံ့ပါတီနှင့် လက်ရှိ အာဏာပိုင်များက မ‌ကျေမနပ်ဖြစ်ကာ ‌ဖောက်လုပ်ဆဲ ရထားလမ်းကို ဆက်လက် မလုပ် ‌ဆောင်‌တော့မည့်သ‌ဘော ‌ဒေသခံများကို ‌ပြောဆို‌နေခြင်းဖြစ်သည်။

ရထားလမ်း‌ကြောတွင် ‌နေထိုင်‌နေကြသူများမှာ ရပ်‌ဝေးနယ်များသို့ ကူးသန်း‌ရောင်းဝယ်ကြသူ နည်းပါးပြီး များ‌သောအားဖြင့် အ‌ခြေခံလူတန်းစား၊ ‌နေ့စားအလုပ်သမားများ ဖြစ်ကြသဖြင့် ရထားလမ်းစီမံကိန်းမှာ ၎င်းတို့အတွက် သိသာထိ‌ရောက်သည့် အကျိုးအမြတ် တစုံတရာ မရှိ‌ကြောင်း နယ်ခံအချို့က ‌ပြောဆို‌နေကြသည်။

သို့‌သော် ဤရထားလမ်းကို ဆက်လက် ‌ဖောက်လုပ်ဖြစ်လျှင်လည်း ‌ဒေသခံများအတွက် ထူးခြားသည့် အကျိုးသက်‌ရောက်မှု ရရှိလာမည် မဟုတ်သလို ‌နောက်ဆက်တွဲ ဆိုးကျိုးများလည်း ရှိလာနိုင်‌ကြောင်းလည်း အမည်မ‌ဖော်လိုသူ ‌ဒေသခံ ရွာသားတစ် ဦးက ယခုလို ‌ပြောသည်။

“ရထားလမ်းမရှိလည်း ကားလမ်းနဲ့ သွားလာလို့ ရ‌နေတာပဲ‌လေ။ ဒါ‌ပေမဲ့ ကွာမှာတခုက ရထားနဲ့သွားလာရင် ကုန်ကျစရိတ် နည်းနည်းသက်သာတယ်။ ဒါပါပဲ။ ဒါ‌ပေမဲ့ ဒီစီမံကိန်းဖြစ်သွားပြီးရင် ‌နောက်ဆက်တွဲ‌တွေက လမ်း‌ကြော‌တွေပွင့်သွားပြီး ကုမ္ပဏီ ‌တွေက မျက်စိကျလာမယ်။ အစုရှယ်ယာဝင်‌တွေ၊ ‌ငွေ‌ကြေးတတ်နိုင်တဲ့ စီးပွား‌ရေးသမား‌တွေ ‌နေရာယူလာပြီး ဆင်းရဲနွမ်းပါး ‌နေ့လုပ်‌နေ့စား ‌ငွေ‌ကြေးမတတ်နိုင်သူ‌တွေက အကုန်လုံး တခြားကို ‌ရောက်ကုန်မှာ‌ပေါ့။ လမ်း‌ကြော‌ဘေးက ပတ်သက်ဆက် နွယ်သမျှကို အကုန်လုံးသိမ်းပြီး စီးပွား‌ရေးလုပ်‌တော့မယ်‌လေ။ အဲဒါမျိုး‌တွေက ဟိုး နဂိုကလည်း အမြဲတမ်း ဖြစ်‌နေကျပဲ‌လေ။” ဟု ဆိုသည်။

ဧရာဝတီတိုင်းတွင် လမ်းပန်းဆက်သွယ်‌ရေးအရ အဓိကလမ်းများဖြစ်သည့် ရန်ကုန်-ပုသိမ်၊ ရန်ကုန်-ဝါးခယ်မ၊ အိမ်မဲ-‌မြောင်းမြ-လပွတ္တာ ကားလမ်းများမှာ အဓိကလမ်းဆုံအဖြစ် ပန်းတ‌နော်မြို့ကို ဖြတ်သန်းသွားသည်။