Home ထိပ်တန်းသတင်း စစ်‌ရေးပဋိပက္ခ‌ကြောင့် နယ်စပ်‌ဒေသရှိ စာသင်‌ကျောင်းတချို့ ပိတ်ထားရ

စစ်‌ရေးပဋိပက္ခ‌ကြောင့် နယ်စပ်‌ဒေသရှိ စာသင်‌ကျောင်းတချို့ ပိတ်ထားရ

1411
နိုဝင်ဘာ ၂၇ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ် မြဝတီခရိုင် ‌ဝေါ်‌လေ‌ဒေသတွင် နအဖနှင့် ကရင်လက်နက်ကိုင်တပ်ဖွဲ့တို့ကြား စစ်‌ရေးပဋိပက္ခ အ‌ခြေအ‌နေ ပိုမို ဆိုးရွားလာ‌သော‌ကြောင့် ယခုရက်ပိုင်းအတွင်း ထို‌ဒေသရှိ စာသင်‌ကျောင်းတချို့ကို ပိတ်ပစ်လိုက်ရသည်ဟု သိရသည်။

နအဖစစ်တပ်များသည် ယခုအပတ်အတွင်း ‌ဝေါ်‌လေ‌ဒေသဘက်သို့ တဖြည်းဖြည်းချင်း အင်အားတိုးချဲ့လာသည့်အပြင် နယ် ‌မြေခံ ကရင်တပ်ဖွဲ့များနှင့် မကြာခဏ တိုက်ပွဲဖြစ်ပွား‌သော‌ကြောင့် ယခုလို စာသင်‌ကျောင်းများ ပိတ်ပစ်ရခြင်း ဖြစ်သည်ဟု အမည်မ‌ဖော်လိုသူ ‌ကျောင်းဆရာတစ်ဦးက ‌ပြောသည်။

သူက “ဗမာစစ်တပ်က ‌ပြောတယ်။ ပွါက‌ညော(ကရင်တပ်ဖွဲ့)ဘက်ကလည်း ‌ပြောတယ်။ ရွာထဲမှာ တိုက်ပွဲအချိန်မ‌ရွေး ဖြစ်ပွား နိုင်တယ်လို့ ‌ပြောတယ်။ အဲဒါ‌ကြောင့် အချိန်မီ ‌ကျောင်းပိတ်လိုက်ရတယ်။ တိုက်ပွဲ တကယ်ဖြစ်မယ်ဆိုရင် က‌လေး‌တွေအတွက် လည်း စိုးရိမ်ရတယ်။ ကျ‌နော်တို့လည်း ဘာမှ တတ်နိုင်မှာမဟုတ်ဘူး။”ဟု ‌ပြောသည်။

ယခုလို စာသင်‌ကျောင်းများ အကန့်အသတ်မရှိ ပိတ်ထားရ‌သော‌ကြောင့် ‌ကျောင်းသူ‌ကျောင်းသားများသည် ‌ကျောင်းမပြန်ဖွင့် မှာကို အလွန်စိုးရိမ်ကြသလို ‌ကျောင်းပြန်ဖွင့်သည့်အချိန်တွင် ‌ကျောင်းသူ‌ကျောင်းသားများ စာသင်ကြားလိုစိတ် နည်းပါးလာ မည်ကို စိုးရိမ်မိ‌ကြောင်း အဆိုပါ ‌ကျောင်းဆရာက ဆက်‌ပြောသည်။

ထိုသို့ ပိတ်ပစ်လိုက်ရ‌သော စာသင်‌ကျောင်းများမှာ ဖလူး၊ ‌မောကဲ၊ မယ်ဝါးခီး၊ ရ‌သေ့ဂူ၊ လယ်‌ဟော် စသည့်‌ကျေးရွာများမှ ဖြစ် ကြပြီး ‌ဝေါ်‌လေ၊ ‌မော်ကဲထာ့၊ ‌သေ့‌ဘောဘိုး၊ ‌မောခီး၊ ‌မော်ဖိုးကလိုး၊ က‌လော်‌ဝေါ် စသည့်‌ကျေးရွာများမှ စာသင်‌ကျောင်းများမှာ လက်ရှိအချိန်တွင် စစ်‌ရေးအ‌ခြေအ‌နေကိုကြည့်ကာ စာသင်ကြား‌နေရသည်ဟု သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလဆန်းပိုင်းက ‌ဝေါ်‌လေ‌ဒေသတွင် နအဖနှင့် တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် (DKBA)တို့အကြား အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်ကာလတွင် စာသင်‌ကျောင်းများအားလုံး ‌ခေတ္တပိတ်ထားခဲ့ရာမှ တစ် ပတ်အကြာတွင် တချို့စာသင်‌ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်။

‌ဝေါ်‌လေ‌ဒေသတွင် ပုံမှန်လှုပ်ရှား‌နေ‌သော ‌ကေအဲန်အယ်လ်‌အေ တပ်ရင်း(၂၀၁)မှ ဒုရင်းမှူး ဗိုလ်မှူး‌စောကြည်‌အောင်က “အခု ရှုတ်ရှုတ်ယှက်ယှက်အချိန်မှာ လုံခြုံ‌ရေးမ‌ကောင်းတဲ့အတွက် ‌ကျောင်း‌တွေက‌တော့ ပိတ်ထားလိုက်ရတာ‌ပေါ့။ အ‌ဝေးကလာတဲ့ ‌ကျောင်းဆရာ/ဆရာမတချို့လည်း သူတို့ရပ်ရွာကို ပြန်ကြတာလည်းရှိတယ်”ဟု ‌ပြောသည်။

‌သေ့‌ဘောဘိုးရွာ ‌ကျောင်းသားမိဘတစ်ဦးက “အ‌ဒေါ်တို့က‌တော့ ‌ကြောက်လည်း‌ကြောက်တယ်။ က‌လေး‌တွေအတွက်လည်း စိုးရိမ်ရတယ်။ ‌ကျောင်းပြန်ဖွင့်ရင်လည်း က‌လေး‌တွေကို ‌နေ့တိုင်း ‌ကျောင်း‌ပေးမသွားရဲဘူး။ တခုခုဖြစ်ရင် ဘာမှလုပ်‌ပေးလို့ရ မှာ မဟုတ်ဘူး။”ဟု ‌ပြောသည်။

‌ဝေါ်‌လေ‌ဒေသရှိ စာသင်‌ကျောင်း ၂ဝတွင် ‌ကျောင်းသူ‌ကျောင်းသားဦး‌ရေ ၃၀၀၀‌ကျော်ရှိပြီး အဆိုပါ‌ကျောင်းများမှာ အစိုးရမ ဟုတ်သည့် အဖွဲ့အစည်းများ အကူအညီဖြင့် ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားခြင်း ဖြစ်သည်။