Home ထိပ်တန်းသတင်း ‌ရွေး‌ကောက်ပွဲဆန့်ကျင်စာများလိုက် ကပ်မှု‌ကြောင့်ကြာအင်းဆိပ်ကြီး မြို့တွင် လုံခြုံ‌ရေး တင်းကြပ်

‌ရွေး‌ကောက်ပွဲဆန့်ကျင်စာများလိုက် ကပ်မှု‌ကြောင့်ကြာအင်းဆိပ်ကြီး မြို့တွင် လုံခြုံ‌ရေး တင်းကြပ်

1883
‌အောက်တိုဘာလ ၂၂ရက်၊ နန်းထူးစံ (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် မဲဆန္ဒနယ်အတွင်းရှိ လူထုအကြားတွင် ယမန်‌နေ့ည‌နေက ‌ရွေး‌ကောက်ပွဲဆန့် ကျင်သည့် စာရွက်စာတမ်းများ လိုက်ကပ်ဖြန့်‌ဝေမှု‌ကြောင့် လက်ရှိအချိန်တွင် မြို့တွင်း၌ လုံခြုံ‌ရေး တင်းကြပ်လျှက်ရှိ‌ကြောင်း ‌ဒေသခံများက ‌ပြောဆို‌နေကြသည်။

‌ဒေသခံတဦးက “မ‌နေ့ညက မြို့တွင်းမှာ သူများစာ‌တွေ လိုက်ဖြန့်တယ်။ လိုက်ကပ်တာကို အာဏာပိုင်‌တွေ သိသွားတယ် ‌လေ။ ညတုန်းက တညလုံး မြို့တွင်းမှာ လုံခြုံ‌ရေး‌တွေ ချထားတယ်။ သူများ လိုက်ကပ်ထားတဲ့ စာ‌တွေကို လိုက်သိမ်းတယ်။ လိုက်ခွာတယ်။ ဒီမနက်မှာလည်း နအဖ တပ်‌တွေ ‌တော်‌တော်ရှုပ်‌နေတယ်။ မြို့တွင်း ကားလမ်းထိပ်မှာတို့ လုံခြုံ‌ရေး ချထား တာ အများကြီးပဲ။ လူထု‌တွေရဲ့ သွားလာ‌ရေးကိုလည်း ‌စောင့်ကြည့်တယ်။ လမ်း‌တွေလည်း ပိတ်ထားတယ်၊”ဟု ‌ကေအိုင်စီ ကို ‌ပြောသည်။

ယမန့်ည‌နေ၌ ကြာအင်းဆိပ်ကြီးမြို့နှင့် ‌ကျေးရွာအချို့ရှိ အစိုးရဌာနဆိုင်ရာရုံးများ၊ ‌ဆေးရုံ၊ စာသင်‌ကျောင်းများ‌ရှေ့တွင် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲကို ဆန့်ကျင်သည့် စာရွက်စာတမ်းများ လိုက်ကပ်ဖြန့်‌ဝေမှု ဖြစ်‌ပေါ်‌နေသည့်အတွက် နအဖ စစ်အာ ဏာပိုင်များက ယခုလို လုံခြုံ‌ရေး ပိုမိုချထားလာခြင်းဖြစ်သည်။

“ဘယ်သူ‌တွေ လုပ်တယ်ဆိုတာ မသိပါဘူး။ မြို့တွင်းမှာရှိတဲ့ ရဲစခန်းတို့၊ ရယကရုံးတို့၊ ‌ဆေးရုံ‌ဆေးခန်း၊ စာသင်‌ကျောင်း၊ လူစုံတဲ့ ‌နေရာ‌တွေမှာ‌ပေါ့‌နော်၊ ဂိတ်မှာတို့၊ ‌ဈေးထဲမှာလည်း လိုက်ကပ်တယ်။ မြို့တွင်းအပြင် ကြာအင်းရွာကြီးမှာလည်း စာ ‌တွေ လိုက်ကပ်တာ ရှိတယ်။ အဲဒါ‌ကြောင့် အခု လုံခြုံ‌ရေး‌တွေ ပိုချထားတယ်။”ဟု ကိုယ်တိုင်မြင်‌တွေ့ရတဲ့ ‌ဒေသခံတစ်ဦးက ‌ပြောသည်။

ဆက်လက်၍ ၎င်းက “အဲဒီစာ‌တွေထဲမှာ ‌ရေးထားတာက ပြည်တွင်းစစ် သက်ဆိုးရှည်မယ့် ‌ရွေး‌ကောက်ပွဲကို ဆန့်ကျင် သပိတ်‌မှောက်ကြ။ ပြီး‌တော့ ရှိ‌သေးတယ်။ ‌ဒေါ်‌အောင်ဆန်းစုကြည်ရဲ့ သ‌ဘောထား‌တွေ ပါ‌သေးတယ်။ လိုက်ကပ်တဲ့စာ‌တွေ က‌တော့ ၂၀၁၀‌ရွေး‌ကောက်ပွဲ တရားမျှတမှုမရှိ၊ ငြိမ်းချမ်းမှုမရှိ၊ စစ်ကျွန် ၂၀၁၀‌ရွေး‌ကောက်ပွဲ၊ အဲဒါ‌တွေပါတယ်။”ဟု ဆို သည်။

စစ်အစို်းရ၏ ‌ရွေး‌ကောက်ပွဲရက် နီးလာသည်နှင့်အမျှ ‌ရွေး‌ကောက်ပွဲအတွက် ပြင်ဆင်မှုများ လုပ်‌ဆောင်‌နေစဉ်အတွင်း ယခု လို ‌ရွေး‌ကောက်ပွဲ ဆန့်ကျင်သည့်စာများ‌ကြောင့် ၎င်းတို့လုပ်ငန်းစဉ်အ‌ပေါ် သက်‌ရောက်မှု တစုံတရာ ဖြစ်လာနိုင်သည့်အ တွက် မြို့တွင်းမြို့ပြင် လုံခြုံ‌ရေးများ ပိုမိုချထားလာခြင်း ဖြစ်နိုင်သည်ဟု ‌ဒေသခံများက ‌ကောက်ချက်ချကြသည်။

ပြီးခဲ့‌သောလများက ပဲခူးတိုင်းတွင်လည်း ‌ရွေး‌ကောက်ပွဲဆန့်ကျင်စားများ လူထုအကြား ဖြန့်‌ဝေမှုများ အလားတူဖြစ်ပွားခဲ့ ‌သေးသည်။