Home ထိပ်တန်းသတင်း သံ‌တောင်ကြီးမြို့ရှိ ပြည်သူ ၅ဝဦးကို စစ်တပ်က ပြည်သူ့စစ်သင်တန်း တက်ခိုင်း

သံ‌တောင်ကြီးမြို့ရှိ ပြည်သူ ၅ဝဦးကို စစ်တပ်က ပြည်သူ့စစ်သင်တန်း တက်ခိုင်း

1851
‌အောက်တိုဘာလ ၂၂ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ် ‌တောင်ငူခရိုင်၊ သံ‌တောင်ကြီးမြို့(ဘုရင့်‌နောင်တပ်မြို့) အ‌ခြေစိုက် နအဖ စစ်တပ်က အဆိုပါမြို့ရှိ ရပ်ကွက်(၅)ခု မှ ပြည်သူ ၅ဝဦးကို ‌အောက်တိုဘာလ ၁၈ရက်‌နေ့က ပြည်သူ့စစ်သင်တန်း‌ပေး‌နေသည်ဟု ‌ကေအို်င်စီက စုံစမ်းသိရှိရသည်။

သံ‌တောင်ကြီးမြို့တွင် နအဖ စစ်တပ် ‌တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်‌အောက်ခံတပ်ရင်း ခလရ(၁၂၄)နှင့် ခလရ(၆၀၃)တို့က အ‌ခြေစိုက်လျှက်ရှိပြီး ပြည်သူ့စစ်သင်တန်း‌ပေးခြင်းနှင့် ပတ်သက်၍ အမည်မ‌ဖော်လိုသူ သံ‌တောင်မြို့နယ် ‌ဒေသခံတစ်ဦးက ‌ကေအိုင်စီကို ယခုလို ‌ပြောသည်။

သူက “သူတို့က‌တော့ မြို့ကို ကာကွယ်ဖို့အတွက်‌တော့ ‌ပြောတာပဲ။ သံ‌တောင်ကြီးမြို့က ရပ်ကွက် ၁က‌နေ ၅အထိ‌ပေါ့‌နော်။ တရပ်ကွက်ကို လူ ၁ဝ ‌ယောက်စီ။ မတက်ချင်လည်း တက်ရတယ်။ ဒါ‌ပေမဲ့ ‌ကြောက်တာကိုး။ အရင်ကလည်း ဒီလို ပြည်သူ့စစ် သင်တန်း‌တွေ‌ပေးတာ ရှိခဲ့ပါတယ်။ အခုသင်တန်းက ဘယ်နှစ်ပတ် တက်ရမလဲ‌တော့ ကျ‌နော်လည်း မသိ‌သေးဘူး။ အရင်သင် တန်းဆိုရင် တပတ်၊ နှစ်ပတ်၊ တလအထိ ရှိခဲ့ဖူးတယ်။”ဟု ‌ပြောသည်။

‌တောင်ငူခရိုင်ရှိ နအဖ လှုပ်ရှားတပ်ဖွဲ့များသည် သံ‌တောင်ကြီးမြို့၌ နှစ်စဉ် ပြည်သူ့စစ် ‌ကောက်ခံမှုများရှိသည်ဟု ‌တောင်ငူခရိုင် ကရင်အမျိုးသား လွတ်‌မြောက်‌ရေးတပ်မ‌တော် (‌ကေအဲန်အယ်လ်‌အေ) တာဝန်ရှိသူတဦးက ယခုလို ‌ပြောသည်။

သူက “ကျ‌နော်တို့ သိသ‌လောက်‌တော့ ပြည်သူ့စစ်‌ကောက်တာ နှစ်စဉ်ပါပဲ။ အနည်းဆုံး တ‌ယောက်ကို တနှစ် လုပ်ရတယ်။ အလှည့်ကျနဲ့သွားတယ်။ ဒီရွာမှာ သုံး‌ယောက်ဆိုရင် ‌နောက်နှစ်ဆိုရင် ‌နောက်ထပ်သုံး‌ယောက်‌ပေါ့။ ရွာကြီးရင်ကြီးသလို ငယ်ရင် ငယ်သလို‌ပေါ့။ ပြည်သူ့စစ် သင်တန်းမတက်ချင်ရင်‌တော့ ပိုက်ဆံနဲ့ငှား‌ပေါ့။ တတ်နိုင်တဲ့ ရွာ‌တွေက ပိုက်ဆံနဲ့ ‌ပေးတာရှိတယ်။ တ‌ယောက်ကို နှစ်သိန်းသတ်မှတ်‌တော့ တရွာမှာ ၅‌ယောက်ဆိုရင် ၁ဝသိန်း‌ပေါ့။”ဟု ရှင်းပြသည်။

ဆက်လက်၍ သူက “ပြည်သူ့စစ်သင်တန်းဆင်းတဲ့ ရွာသား‌တွေကို သူတို့(နအဖ)လှုပ်ရှားတပ်ဖွဲ့ရဲ့ ‌နောက်ကို လိုက်ရတယ်။ တပ်စိပ်တစိပ်အတွင်းမှာ နအဖ စစ်သား ၅‌ယောက်၊ ၆‌ယောက်ဆိုရင် ပြည်သူ့စစ်လည်း ၅‌ယောက်၊ ၆‌ယောက်ပဲ။ ရွာသား‌တွေ အသုံးချခံရတယ်။ ထန်းတပင်ဖက်က မြန်မာရွာသား‌တွေက‌တော့ ပြည်သူ့စစ်ထဲဝင်ရတာ၊ ၁ဝနှစ်‌လောက်ရှိပြီ။ ဒီသံ‌တောင်ကြီး မြို့မှာကျ‌တော့ ၉၇‌နောက်ပိုင်းက‌နေ ခုထိပဲ။”ဟု ရှင်းပြသည်။

အိမ်‌ခြေ ၃,၀၀ဝရှိသည့် သံ‌တောင်ကြီးမြို့ အနီးတဝိုက်တွင် ခဝယ်၊ ထီးတပူ၊ ခို‌သေဒဲ၊ သူရယ်ဒဲ၊ က‌သောပွယ်၊ လယ်ဂီခို့ (အ ထက်နှင့် ‌အောက်ရွာ)၊ စဘား‌လော်ထီး၊ ‌ခေါ‌လောကား၊ ခယ်ဒဲကား၊ တဘာဖယ်(ရွာသစ်နဲ့ ရွာ‌ဟောင်း)၊ ကသွီးဒီး(ရွာသစ်နှင့် ရွာ ‌ဟောင်း)၊ ကလယ်ပါခီး၊ ကရှီးခီး(အထက်နှင့်‌အောက်ရွာ)၊ ထီးပူခီး(အထက်နှင့်‌အောက်ရွာ)၊ အမီးလာခီးဆီး(မိုင်နှစ်ဆယ်)၊ အုတ်စစ်သုံးနှင့် ကလယ်မူဂါးရွာများ တည်ရှိသည်။

‌ဖော်ပြပါ ရွာများရှိရာ‌ဒေသ၌ လက်ရှိအချိန်တွင် နအဖ စစ်တပ်(စကခ) လက်‌အောက်ခံ တပ်ရင်းများ တပ်မဟာနှင့် ‌ကေအဲန် အယ်လ်‌အေ တပ်မဟာ(၂)၏ တပ်ရင်း(၄)၊ (၅)နှင့် အထူးတပ်ရင်းများ ပုံမှန် လှုပ်ရှားသွားလာလျှက်ရှိသည်။

သံ‌တောင်ကြီးမြို့သည် ‌မေမြို့(ပြင်ဦးလွင်)ကဲ့သို့ တပ်မြို့တမြို့ဖြစ်ပြီး သင်တန်း‌ကျောင်း လုံခြုံ‌ရေးနှင့် သံ‌တောင်ကြီးမြို့၏ ဌာန ဆိုင်ရာရုံးများအတွက် လုံခြုံ‌ရေးအတွက် သီးသန့်စစ်တပ်များ အမြဲထားရှိသည်ဟု မြို့ခံများက ဆိုသည်။

နအဖ စစ်တပ်က ၁၉၉၇ခုနှစ်မှစ၍ သံ‌တောင်ကြီးမြို့ကို ဘုရင့်‌နောင်တပ်မြို့အဖြစ် အမည်‌ပြောင်းလိုက်သည့်‌နောက် မြို့ကို စစ် သင်တန်းနယ်‌မြေတခုအဖြစ် အသုံးပြုလာကာ စစ်‌လေ့ကျင့်‌ရေးသင်တန်း၊ အကြပ်သင်တန်း၊ လက်နက်ကြီးသင်တန်း၊ အရာရှိ သင်တန်း(တပ်စုမှူး၊ တပ်ခွဲမှူး၊ တပ်ရင်းမှူးအဆင့် စသဖြင့်) ထားရှိသည့် ‌နေရာဖြစ်သည့်အပြင် ‌ရေဒါစခန်းလည်း ရှိသည်ဟု သိ ရသည်။