Home ထိပ်တန်းသတင်း ရွာသားများ သွားလာမှု ကန့်သတ်ခံရခြင်းနှင့် အဓမ္မ‌ကောက်ခံ‌ငွေ ‌ပေး‌ဆောင်‌နေရ

ရွာသားများ သွားလာမှု ကန့်သတ်ခံရခြင်းနှင့် အဓမ္မ‌ကောက်ခံ‌ငွေ ‌ပေး‌ဆောင်‌နေရ

2020
‌အောက်တိုဘာ ၁၁ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ် ‌မြောက်ပိုင်း ‌တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ တိပ်ပုဂွင်ရှိ ရွာသူရွာသားများသည် အလုပ်ခွင်သို့သွားပါက သက် ဆိုင်ရာ နအဖ စစ်တပ်အာဏာပိုင်များထံ လက်မှတ်‌ရေးပြီးမှ သွားခွင့်ရ‌ကြောင်း သိရသည်။

ပြီးခဲ့သည့် ‌အောက်တိုဘာလ ၆ရက်‌နေ့မှစ၍ ယ‌နေ့အချိန်ထိ တိပ်ပုဂွင်တွင် ‌ခြေချလှုပ်ရှားလျှက်ရှိ‌သော ခလရ (၁၀၂)တပ်ရင်းက ‌ဒေသခံရွာသူရွာသားများအ‌နေဖြင့် ကွမ်းသီးခြံ၊ ဖာလာခြံ၊ ‌တောင်ယာလုပ်ငန်းခွင်သို့ သွားပါက ပုံမှန် ‌ထောက်ခံစာ‌ရေးရမည်ဟု အမိန့်ထုတ်ထားသည်ဟု ‌ကေအဲန်ယူ တပ်မဟာ(၂)က သတင်းထုတ်ပြန်ခဲ့သည်။

ယခုလ ‌အောက်တိုဘာလ ၄ရက်‌နေ့ကလည်း တိပ်ပုရွာသားတဦးအား ‌ကျေးရွာအစွန်ဖျားတွင် အဆိုပါ ခလရ(၁၀၂)က ဖမ်းဆီးပြီး ကြိုးတုပ်ကာ ရိုက်နှက်၊ ကန်‌ကျောက်စစ်‌ဆေး‌မေးမြန်းပြီးမှ ‌အောက်တိုဘာလ ၅ရက်‌နေ့ ည‌နေ ၄နာရီမှသာ ပြန်လွှတ်‌ပေးခဲ့‌ကြောင်း သိရသည်။

ခလရ(၁၀၂)တပ်ရင်းသည် ရွာသားများ အမျိုးမျိုး ချုပ်ချယ်သည်သာမက ‌ဒေသခံ ရွာသူရွာသားများ အမြဲလိုလို လုပ်အား‌ပေး၊ ‌ပေါ် တာ‌ခေါ်မှုများ လုပ်‌ဆောင်လျှက်ရှိသည်ဟု ‌ဒေသခံများက ‌ပေးပို့လာသည့် သတင်းများအရ သိရသည်။

အလားတူ ‌အောက်တိုဘာလ ၉ရက်‌နေ့က နယ်ခြား‌စောင့်တပ်ရင်း(၁၀၁၅)မှ တပ်ခွဲမှူး ဗိုလ်ကြီးတီတူ‌ဘောသည် လှိုင်းဘွဲမြို့နယ်၊ ထီးဖားရယ်‌ကျေးရွာအုပ်စုရှိ ‌ဟောသူးခီး၊ ထီးမိုခီး၊ ဝါ့မီကလားနှင့် ထီးဖားရယ်ရွာများကို အ‌ကြောင်းပြချက် တစုံတရာ မရှိဘဲ တရွာ လျှင် ‌ငွေ ၂၂၅,၀၀ဝကျပ်စီ ဒဏ်‌ငွေ‌ပေး‌ဆောင်ခိုင်းခဲ့‌ကြောင်း ‌ဒေသခံတစ်ဦးက ‌ပြောသည်။

“၉ရက်‌နေ့က ဒီ‌ကေဘီ‌အေက‌နေ ဗမာစစ်တပ်ဖြစ်သွားတဲ့ တပ်ရင်း(၁၀၁၅)က တီတူ‌ဘောဟာ ထီးဖားရယ်‌ကျေးနယ်က ရွာ‌လေးရွာ ကို တရွာ ‌ငွေ ၂သိန်း၂‌သောင်း၅‌ထောင်‌ပေးခိုင်းတယ်‌လေ။ ‌ငွေ‌တောင်းတာလည်း ဒဏ်‌ငွေလို့‌ပြော‌ပေမဲ့ ဘာအတွက် ဒဏ်‌ငွေမှန်း လည်း ရွာသား‌တွေ မသိရဘူး။ အဲဒီ‌တောင်းတဲ့ရက်မှာပဲ ရွာသား‌တွေက ရှာ‌ပေးလိုက်ရတယ်‌လေ။”ဟု ဆိုသည်။