Home ထိပ်တန်းသတင်း မွန်ပြည်သူများ ‌ရွေး‌ကောက်ပွဲကို သပိတ်‌မှောက်ကြရန် မွန်အမျိုးသား ‌ရေးရာအဖွဲ့ချုပ် လှုံ့‌ဆော်မည်

မွန်ပြည်သူများ ‌ရွေး‌ကောက်ပွဲကို သပိတ်‌မှောက်ကြရန် မွန်အမျိုးသား ‌ရေးရာအဖွဲ့ချုပ် လှုံ့‌ဆော်မည်

1750
‌အောက်တိုဘာ ၁ရက်။ ‌စောသိန်းမြင့်(‌ကေအိုင်စီ)

နအဖစစ်အစိုးရ ကျင်းပမည့် ၂၀၁၀‌ရွေး‌ကောက်ပွဲသည် တရားမျှတမှုမရှိသည့် ‌ရွေး‌ကောက်ပွဲဖြစ်‌သော‌ကြောင့် မွန်ပြည်သူ များ အ‌နေဖြင့် သပိတ်‌မှောက်ကြရန် မွန်အမျိုးသား‌ရေးရာအဖွဲ့ချုပ် (MAU)က စည်းရုံး လှုံ့‌ဆော်မည်ဟု ယမန်‌နေ့က‌ကြေညာချက် တ‌စောင် ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၅ရက်‌နေ့မှ ၂၇ရက်‌နေ့အထိ ထိုင်း-မြန်မာနယ်စပ်တ‌နေရာတွင် ကျင်းပပြုလုပ်သည့် မွန်အမျိုး သား‌ရေးရာအဖွဲ့ချုပ်၏ ဗဟို‌ကော်မတီအစည်းအ‌ဝေး၌ ‌ဒေသကြီး (၄)ခုမှ ကိုယ်စားပြု ဗဟို‌ကော်မတီဝင်များစု‌ပေါင်း၍ ထိုကဲ့ သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု အ‌ထွေ‌ထွေအတွင်း‌ရေးမှူး နိုင်လရီ‌ရော့က ‌ပြောသည်။

၎င်းက “ စက်တင်ဘာ ၂၅ရက်က‌နေ ၂၇ရက်‌နေ့အထိ ၃ရက် တိုင်တိုင် ကျ‌နော်တို့ ဗဟို‌ကော်မတီဝင်‌တွေ အစည်းအ‌ဝေး လုပ် ကြတယ်။ အဲဒီအစည်းအ‌ဝေးမှာ စစ်အစိုးရ ရာသက်ပန် အာဏာတည်မြဲ‌ရေးအတွက် ကျင်းပမယ့် ဒီ၂၀၁၀‌ရွေး ‌ကောက်ပွဲမှာ မွန်ပြည်သူပြည်သား‌တွေအ‌နေနဲ့ မဲရုံကို မသွားဘဲ သပိတ်‌မှောက် ကြဖို့လှုံ့‌ဆော်သွားရန် ကျ‌နော်တို့ ဆုံးဖြတ်ချက်ချပြီး‌တော့ အခုလို ထုတ်ပြန်‌ကြေညာချက် ထုတ်ပြန်လိုက်တာဖြစ်တယ်”ဟု ‌ပြောသည်။

မကြာခင် ကျင်းပမည့် ‌ရွေး‌ကောက်ပွဲတွင် စစ်အစိုးရ မည်သည့်ပုံစံမျိုးဖြင့် လူလည်ကျထားသည်ကို ပြည်သူများ သိရှိရန် မွန်အ မျိုးသား‌ရေးရာအဖွဲ့ချုပ်ကြီးအ‌နေဖြင့် ပြည်တွင်းသို့ နည်းမျိုးစုံကွင်းဆင်းပြီး စည်းရုံးလှုံ့‌ဆော်သွားမည် ဖြစ်‌ကြောင်း ၎င်းက ဆက်‌ပြောသည်။

ထို့အပြင် ၂၀၁၀‌ရွေး‌ကောက်ပွဲသည် စစ်အာဏာရှင်အစိုးရ၏ သက်ဆိုးရှည်‌ရေးအတွက် လူထု‌ရွေး‌ကောက်ပွဲတင်‌မြှောက် ထား ‌သော အစိုးရသဖွယ်ဖြစ်လာ‌စေရန် လိမ်လည်ခြင်း၊ ‌ခြောက်လှန့်ခြင်းစသည့် မသမာ‌သောနည်းမျိုးစုံသုံးကာ အာဏာကိုလှည့် ပတ်ရယူသွားမည်ဟု ထုတ်ပြန်‌ကြေညာ ချက်တွင်ပါရှိသည်။

‌ရွေး‌ကောက်ပွဲ‌ကော်မရှင်၏ တရားဝင်ထုတ်ပြန်ချက်အရ မွန်ပြည်နယ်တွင် မဲဆန္ဒနယ်‌မြေ (၁၀) ခုရှိပြီး မွန်‌ဒေသလုံးဆိုင်ရာ ဒီမို က‌ရေစီပါတီ (AMRDP) ပါတီအပါအဝင် ပြည်‌ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုး‌ရေးပါတီ(USDP)၊ တိုင်းရင်းသား စည်းလုံးညီညွတ်‌ရေးပါ တီ(NUP)တို့ အဓိက ဝင်‌ရောက်ယှဉ်ပြိုင် အ‌ရွေးခံမည်ဖြစ်သည်။

မွန်အမျိုးသား‌ရေးရာအဖွဲ့ချုပ်သည် ကမ္ဘာတစ်ဝှမ်းလုံးရှိ မွန်ပြည်သူပြည်သားများ စည်းလုံးညီညွတ်ရန်အတွက်ရည်ရွယ်၍ ပြည်ပ‌ရောက်မွန်လူမျိုးများ၊ ထိုင်း-မြန်မာနယ်စပ်နှင့် ထိုင်းနိုင်ငံရှိ မွန်လူမျိုးများ၊ လွတ်လပ်‌နေ‌မြေ မွန်ပြည်သစ်ပါတီအုပ်ချုပ်ခံ ‌ဒေသနှင့် ပြည်တွင်းရှိ မွန်လူမျိုးများစသည့် ‌ဒေသကြီး (၄)ခုဖြင့် ၂၀၀၆ခုနှစ်တွင် ဖွဲ့စည်းတည်‌ထောင်ခဲ့သည်။