Home ထိပ်တန်းသတင်း မဲ‌ပေးနိုင်ရန်အတွက် ယာယီ မှတ်ပုံတင်ထုတ်‌ပေးလျှက်ရှိ

မဲ‌ပေးနိုင်ရန်အတွက် ယာယီ မှတ်ပုံတင်ထုတ်‌ပေးလျှက်ရှိ

1722
‌အောက်တိုဘာ ၂၂ရက်၊ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

မွန်နှင့် ကရင်ပြည် နယ်စပ် ဘုရားသုံးဆူမြို့၌် လာမည့် ‌ရွေး‌ကောက်ပွဲတွင် မဲ‌ပေး‌ပေးနိုင်ရန်အတွက် မှတ်ပုံ တင် မရှိသူများကို လူဝင်မှုကြီးကြပ်‌ရေး(လဝက)ရုံးက ယခုရက်သတ္တပတ်မှစ၍ ‌ရွေး‌ကောက်ပွဲမတိုင်ခင် အထိ (ယာယီ)မှတ်ပုံတင်များ ထုတ်‌ပေးလျှက်ရှိသည်ဟု မြို့ခံများက ‌ပြောသည်။

ဘုရားသုံးဆူမြို့ရှိ ရပ်ကွက်လူကြီးတဦးက “မှတ်ပုံတင်မရှိတဲ့လူ‌တွေ မဲ‌ပေးနိုင်ဖို့အတွက် လဝကရုံးက ယာ ယီ ထုတ်‌ပေးတာဖြစ်တယ်။ ဒီအပတ်က‌နေ စပြီး‌တော့ ‌ရွေး‌ကောက်ပွဲမတိုင်ခင် တရက်အလိုအထိ ထုတ် ‌ပေးမယ်လို့ ‌ပြောတယ်။ ဒါကို ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်က တဆင့် စီစဉ်‌ဆောင်ရွက်‌ပေးရတယ်။ မှတ်ပုံ တင်ရှိပြီးသားလူ‌တွေကျ‌တော့ မလို‌တော့ဘူး။”ဟု ‌ပြောသည်။

ယ‌နေ့နံနက်တွင်လည်း လာမည့်‌ရွေး‌ကောက်ပွဲတွင် မဲ‌ပေးနိုင်ခြင်းရှိမရှိ သက်ဆိုင်ရာ ရပ်ကွက်ရုံး၌ ကပ် ထားသည့် အမည်စာရင်းကို ရပ်ကွက်တွင်း ‌နေထိုင်သူများက ကိုယ်တိုင်သွား‌ရောက်ကြည့်ရှုရပြီး အကယ် ၍ မိမိအမည် မပါရှိပါက ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်ထံသို့ အမည်တင်ပြရသည်ဟု အမည်စာရင်း သွား ‌ရောက်ကြည့်ရှုသူတဦးက ‌ပြောသည်။

“ကျ‌နော်က ရပ်ကွက်(၂)မှာဆို‌တော့ ရပ်ကွက် (၂)မှာပဲ သွားကြည့်ရတယ်။ ကျ‌နော်က နာမည်ပါပြီးသား ဆို‌တော့ မဲ‌ပေးမယ့်ရက်‌ရောက်ရင် မဲထည့်ရုံပါပဲ။ ဒါ‌ပေမယ့် ကပ်ထားတဲ့ စာရွက်‌ပေါ်မှာ နာမည်မပါတဲ့လူ ‌တွေ၊ မှတ်ပုံတင်မရှိတဲ့လူ‌တွေကျ‌တော့ ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်ထံကို နာမည်တင်ရတယ်။ ပြီးမှ မဲ‌ပေးနိုင် ဖို့အတွက် လဝကရုံးက ယာယီ မှတ်ပုံတင်ပြန်ထုတ်‌ပေးတယ်။”ဟု ၎င်းက ‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်ခွဲဖြစ်သည့် ဘုရားသုံးဆူမြို့တွင် ကြံ့ခိုင်ဖွံ့ဖြိုး‌ရေးပါတီမှ ပြည်သူ့လွှတ်‌တော်အ ဖြစ် ဦး‌စောထွဋ်‌ခေါင်လွင်နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်‌ရေးပါတီမှ အမျိုးသားလွှတ်‌တော်အဖြစ် ဦး ‌စောကြည်‌အေးတို့က ဝင်‌ရောက်ယှဉ်ပြိုင် အ‌ရွေးခံမည်ဖြစ်သည်ဟု သိရသည်။

ဘုရားသုံးဆူမြို့တွင် ဝင်‌ရောက်အ‌ရွေးခံမည့် ပါတီကိုယ်စားလှယ်‌လောင်းများ၏ ပုံပါပိုစတာများကို သက် ဆိုင်ရာ ပါတီဝင်များမှ ပြီးခဲ့သည့်ရက်ပိုင်းမှစ၍ ယ‌နေ့အချိန်ထိ မြို့အတွင်း လိုက်လံကပ်ထားလျှက်ရှိသည် ဟု မြို့ခံများက ‌ပြောသည်။

ရပ်ကွက်(၃)ရှိ မြို့ခံတဦးက “ပိုစတာ‌တွေလိုက်ကပ်တာက‌တော့ တရက်နှစ်ရက်‌လောက်ရှိပြီ။ ကျ‌နော် ‌တွေ့တာ တဖွဲ့ကို သုံး‌လေးခု‌လောက်ပဲ ‌တွေ့တယ်။ ပိုစတာအကျယ်က‌တော့ ၂‌ပေပတ်လည်‌လောက်ရှိ တယ်။ အဲဒီမှာ နာမည်‌ရေးထားတာ‌ပေါ့။ ဥက္ကဌဘယ်သူ၊ အတွင်း‌ရေးမှူးက ဘယ်သူဆိုပြီး‌တော့ အဲဒီကို မဲ ‌ပေးပါလို့ ‌ရေးထားတယ်။ ‌လော‌လောဆယ် ကျ‌နော်တို့ရပ်ကွက်မှာ ဘာစည်းရုံးမှုမှ လုပ်တာမ‌တွေ့‌သေးပါ ဘူး။”ဟု ‌ပြောသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ဘုရားသုံးဆူမြို့တွင် ရပ်ကွက်(၄)ရပ်ကွက်မှ မဲ‌ပေးနိုင်သူဦး‌ရေ (၅,၀၀၀)ဝန်းကျင် ခန့်ရှိပြီး လွန်ခဲ့သည့် ‌လေးရက်ခန့်က မဲပုံး(၁၀)ပုံး‌ကျော် ‌ရောက်ရှိ‌နေပြီးဖြစ်‌သော်လည်း မဲရုံ‌ဆောက်လုပ် မည့်‌နေရာကို ယခုအချိန်ထိ မသိရ‌သေး‌ကြောင်း အမည်မ‌ဖော်လိုသည့် ရပ်ကွက်လူကြီးတစ်ဦးက ‌ပြော သည်။

လွန်ခဲ့သည့် ၂၀၀၈ခုနှစ်တုန်းကလည်း ၂၀၀၈ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေ အတည်ပြု‌ရေးအတွက် ဆန္ဒခံယူပွဲ ကျင်းပပြုလုပ်ခဲ့စဉ်ကလည်း မှတ်ပုံတင်မရှိသူများ မဲ‌ပေးနိုင်ရန် သက်ဆိုင်ရာ လဝကရုံးများမှ အလားတူ ယာယီ မှတ်ပုံတင်များ ကြိုထုတ်‌ပေးခဲ့သည်။