Home ထိပ်တန်းသတင်း မိုး‌ရေ မလုံ‌လောက်‌သော‌ကြောင့် စပါးပင်များ မကြီးထွားနိုင်

မိုး‌ရေ မလုံ‌လောက်‌သော‌ကြောင့် စပါးပင်များ မကြီးထွားနိုင်

2000
‌အောက်တိုဘာလ ၈ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကွင်းက‌လေး‌ကျေးရွာအုပ်စု၌ ယခုနှစ်တွင် မိုး‌ရေ အလုံအ‌လောက် မရရှိ‌သော ‌ကြောင့် မိုး‌ရေကို အားထားကာ စိုက်ပျိုးရသည့် လယ်စပါးများမှာ ယခုအချိန်တွင် ပင်စည်နှင့် အရွက်များ ဝါလာပြီး မကြီးထွား နိုင်ဘဲ ဖြစ်‌နေ‌ကြောင်း ‌ဒေသခံ လယ်သမားများက ‌ပြောသည်။

"ကြိတ်‌ကျေးရွာမှ ‌တောင်ယာစပါးခင်းတခု (ဓါတ်ပုံ - KIC)"

ကွင်းက‌လေး‌ကျေးရွာအုပ်စုရှိ ကြိတ်‌ကျေးရွာမှ လယ်သမားတဦးက “ဒီနှစ်မိုးက‌တော့ ‌တော်‌တော်အ‌ခြေအ‌နေဆိုးတယ်လို့ ‌ပြောရမယ်။ စပါးစိုက်ပျိုးပြီးခါစကတည်းက ရွာလိုက်၊ မရွာလိုက်နဲ့ အခုချိန်ထိပါပဲ။ စပါးပင်‌ပေါက်က‌လေး‌တွေလည်း မိုး‌ရေ လုံလုံ‌လောက်‌လောက် မ‌သောက်ရတဲ့အချိန်ကျ‌တော့ လယ်ကွက်‌တွေက ဟိုတကွက်ဒီတကွက် ဝါလာတယ်။”ဟု ‌ပြောသည်။

‌ဒေသခံ လယ်သမားများသည် မိုးနည်းသဖြင့် လွန်ခဲ့သည့် နှစ်လခန့်မှသာ စပါးကို စိုက်ပျိုးလာခဲ့ကြပြီး ယခုလို စပါးအမြစ်ထွက် ခါစအချိန်တွင် ‌ရေမလုံ‌လောက်သည့်အတွက် စပါးပင်များမှာ အရွက်များပါ ဝါနွမ်းလာခဲ့ရခြင်းဖြစ်သည်။ ယင်းသို့ မိုးရွာသွန်းမှု နည်းပါးခြင်း‌ကြောင့် လယ်စပါးများအပြင် ‌တောင်ယာစပါး စိုက်ပျိုး‌နေသည့် ‌ကျေးလက်‌တောရွာအချို့မှာလည်း အလားတူ ကြုံ ‌တွေ့‌နေရသဖြင့် ယခုနှစ်တွင် ဆန်စပါး ရှားပါးနိုင်‌ကြောင်း ‌ဒေသခံ ‌တောင်သူ အမျိုးသမီးတစ်ဦးက ယခုလို ‌ပြောသည်။

“မိုးနည်းလွန်းတဲ့အတွက် လယ်စပါးတင် မကဘူး။ ‌တောင်ယာစပါးကို အားထားစိုက်ပျိုးကြတဲ့ သဒဲခို၊ သယ်ဖာ‌ထော၊ မိုင်က ‌လောင်ဝါး ရွာ‌တွေဆိုရင်လည်း ကျမတို့ လယ်စပါးလိုပဲ ကြုံရတယ်။ စပါး‌တွေ ဒီလိုဖြစ်‌နေ‌တော့ ဘယ်လိုမှလည်း လုပ်မတတ် ဘူး။ ဒီနှစ် ဆန်စပါး ရှားပါးမှာက ‌သေချာပါတယ်။” ဟု သူမက ‌ပြောသည်။

အဆိုပါ စပါးပင်များ မကြီးထွားနိုင်သည့် ပြဿနာမှာ ကွင်းက‌လေး‌ကျေးရွာအုပ်စုတင်မကဘဲ ကြာအင်းဆိပ်ကြီးမြို့နယ်ခွဲဖြစ် သည့် ကျိုက်ဒုံမြို့အပြင် ၎င်းအနီးတဝိုက်ရှိ မိတန်၊ မိနန်းအပ်၊ ‌နောင်လုံ၊ ရွာလုံး‌တောင်၊ ပူး‌ရေး စသည့်‌ကျေးရွာများလည်း ရင် ဆိုင်‌နေရသည်ဟု သိရသည်။

ထို‌ဒေသတွင် ယခုနှစ် မိုးနည်းပါးမှု‌ကြောင့် မိုး‌ရေကို အားထားကြသည့် လယ်ကွက်များကို လယ်သမားများက ပစ်ထားခဲ့ရ ‌သော်လည်း ဆည်‌မြောင်း‌ရေကို အားထား‌နေရသည့် လယ်ကွင်းများမှ စပါးပင်များမှာမူ သန်မာရှင်သန်လျှက်ရှိသည်ဟု လယ် သမားတစ်ဦးက ‌ပြောသည်။

သူက “မိုးစပါး အားကိုးတဲ့ လယ်‌တွေက မနှစ်ကလို ထွန်ယက်စိုက်ပျိုးလို့မဖြစ်‌တော့ဘူးဆို‌တော့ ဒီအတိုင်း ပစ်ထားရတာ‌ပေါ့။ ဒါ‌ပေမဲ့ ဆည်‌မြောင်း‌ရေကို အားကိုးတဲ့ လယ်‌တွေက စပါး‌တွေက သန်ပါတယ်။ ဒါ‌ပေမဲ့ အနည်းစုပါပဲ။”ဟု ‌ကေအိုင်စီကို ‌ပြော သည်။

ကွင်းက‌လေး‌ကျေးရွာအုပ်စုတွင် ရွာ‌ပေါင်း ၁ဝရွာ‌ကျော်နှင့် လယ်ကွင်း‌ပေါင်း ၄၀၀‌ကျော်ရှိပြီး အများစုမှာ မိုးစပါးကို စိုက်ပျိုးကြ ကာ ၎င်း‌ကျေးရွာအုပ်စုသည် ပြီးခဲ့သည့် ‌နွေရာသီအချိန်ကလည်း အပူရှိန်‌ကြောင့် ကျွဲနွားတိရိစ္ဆာန် အ‌ကောင်(၃၀)‌ကျော် ‌သေဆုံးမှု ဖြစ်ခဲ့‌သေးသည်။