Home ရင်ဖွင့်သံများ ဖားအံမြို့နယ် မဲဆန္ဒနယ်‌မြေ အမှတ်(၁) ပြည်သူ့လွှတ်‌တော် ကိုယ်စားလှယ်

ဖားအံမြို့နယ် မဲဆန္ဒနယ်‌မြေ အမှတ်(၁) ပြည်သူ့လွှတ်‌တော် ကိုယ်စားလှယ်

2669

အမည် နန်း‌စေအွာ
‌မွေးသက္ကရာဇ် ၁၉၅၉ခုနှစ်
ဇာတိ ဖားအံမြို့နယ်၊ သံလွင်အ‌နောက်ဘက်ခြမ်း ရ‌သေ့ပျံ‌ကျေးရွာ
ပညာအရည်အချင်း B.Sc (Zoology)

၁၉၇၇ခုနှစ်တွင် ဖားအံမြို့ အမှတ်(၂) အထက်တန်း‌ကျောင်းတွင် ဆယ်တန်း‌အောင်မြင်ခဲ့သည်။
၁၉၇၈-၇၉ စာသင်နှစ်တွင် ဖားအံ‌ဒေသ‌ကောလိပ်၌ ပညာသင်ကြားခဲ့ပြီး ၁၉၈၁ခုနှစ်တွင် ဇီဝ‌ဗေဒ အဓိကဘာသာရပ်ဖြင့် Bachelor of Science ဘွဲ့ကို ရရှိခဲ့သည်။
၎င်း‌နောက် ကရင်ပြည်နယ် ဖားအံမြို့နှင့် လှိုင်းဘွဲမြို့များတွင် မူလတန်းပြနှင့် အလယ်တန်းပြ ‌ကျောင်းဆရာမအဖြစ် ၁၄နှစ် ‌ကျော် တာဝန်ထမ်း‌ဆောင်ခဲ့ပြီး ၁၉၉၅ခုနှစ်တွင် အငြိမ်းစားယူခဲ့သည်။

၁၉၉၉ခုနှစ်မှ ၂၀၀၃ခုနှစ်အထိ Save the Children-UK အဲန်ဂျီအိုတွင် Project Assistant and Assistant Project Officer အဖြစ် လုပ်ကိုင်ခဲ့သည်။
၂၀၀၃ခုနှစ်မှ ၂၀၀၆ခုနှစ်အထိ ကရင်ပြည်နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု တိုးတက်ပြန့်ပွား‌ရေးအသင်းတွင် ဘဏ္ဍာ‌ရေးမှူးအ ဖြစ် ၂၀၀၆ခုနှစ်‌နောက်ပိုင်းမှစ၍ ယခုအချိန်ထိ ဒုဥက္ကဌအဖြစ် တာဝန်ယူခဲ့သည်။

လက်ရှိအချိန်တွင် ကရင်‌ကျောင်းသူ‌ကျောင်းသားများရိပ်သာ(Karen Student Center-KSC)၏ ဘဏ္ဍာ‌ရေးမှူးတာဝန်နှင့်အတူ PSDP ၏ အမျိုးသမီးဥက္ကဌအဖြစ် ပါဝင်ခဲ့သည်။